Adware ဆိုတာ ဘာလဲ

Adware ဆိုတာက အွန်လိုင်း ဝက်ဆိုက်ဒ်များနဲ့ ဒေါင်းလုပ် ဆိုက်ဒ်များကို သင် လည်ပတ်တဲ့ အခါ သင့် ကွန်ပျူတာပေါ်တွင် သင် မသိအောင် Installation လုပ်ထားတဲ့ Malwares ဒါမှမဟုတ် Malicious ဆော့ဖ်ဝဲ ပရိုဂရမ်များထဲက တစ်ခု ဖြစ်ပါတယ်။ မျှဝေ ဖိုင်များကို အသုံးပြုတဲ့ အခါ ဒါမှမဟုတ် နံရံကပ် စာစောင်၊ ဇာတ်လမ်းများ၊ ဂီတ ကို အခမဲ့ ဒေါင်းလုပ်ပေးတဲ့ ဆိုက်ဒ်များကို လည်ပတ်တဲ့အခါ အဲဒီဆိုက်ဒ်များရဲ့ တစ်ချို့က သင့် ဒေါင်းလုပ်ဖိုင်များ နဲ့ အတူ Adware ဆော့ဖ်ဝဲကို တစ်ခါတည်း ပေးပို့ပါလိမ့်မယ်။

အဲဒီ Malware များက ကွန်ပျူတာ စနစ်အားလုံးကို လျင်မြန် ကြီးထွားနေတဲ့ ခြိမ်းခြောက်မူ တစ်ခု ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ပထမ သုံးလပတ်တွင် ကွန်ပျူတာ အသုံးပြုသူ (၈၀) ရာခိုင်နူန်း ကျော်ကျော်ကို သူတို့ မသိရဘဲ သူတို့ ကွန်ပျူတာပေါ်တွင် Malware ဆော့ဖ်ဝဲ ပရိုဂရမ် တစ်ချို့ Installation လုပ်ခြင်းခံရတယ် လို့ ခန့်မှန်းခဲ့ပါတယ်။

Adware များက Spyware များထက် သင့် ကွန်ပျူတာ နဲ့ အချက်အလက်များကို ခြိမ်းခြောက်မူ နည်းပေမယ့် Adware များ လုပ်ဆောင်တာက သင့် ကွန်ပျူတာပေါ်တွင် ကြော်ငြာများနဲ့ အဆက်မပြတ် ပေါ်လာတဲ့ စာတန်းများ ကို ဖြစ်ပေါ်စေပါတယ်။ ဒီကြော်ငြာများကို သင် ဘယ် ပရိုဂရမ် ကို သုံးရမယ်ဆိုတာကို သင့် ကွန်ပျူတာပေါ်တွင် ဖော်ပြပါတယ်။ သင့် ကွန်ပျူတာပေါ်တွင် ဒီ စိတ်အနှောက်အယှက်ပေးတဲ့ ဆော့ဖ်ဝဲ အမျိုးအစားကို ထားတဲ့ လူတွေက Adware ကြော်ငြာခြင်းက ကုန်ကျစရိတ် သက်သာစေဖို့ ကူညီပြီး သင်လိုချင်တဲ့ အဲဒီ အခမဲ့များကို သင်ကို ပေးဖို့ ခွင့်ပြုပါတယ် လို့ ပြောပါတယ်။

သင့် ကွန်ပျူတာပေါ်တွင် ပေါ်လာတဲ့ Adware များကို တားဆီးဖို့ သင် လုပ်ဆောင်ရမှာက ပထမဦးဆုံး Anti-adware ပရိုဂရမ် တစ်ခုကို Installation လုပ်ထားရမှာ ဖြစ်ပါတယ်။ ဒီပရိုဂရမ်ကို ပုံမှန် တောင်းဆိုထားတဲ့ အတိုင်း Run ပေးပါ။ Anti-adware ဆော့ဖ်ဝဲ ပရိုဂရမ်နဲ့ တောင်းဆိုထားတဲ့ အတိုင်း သင့် ကွန်ပျူတာကို ပုံမှန် ဗိုင်းရပ်စ် Scan ကို Run ပေးပါ။

သင့် ကွန်ပျူတာပေါ်က လုံခြုံရေး အဆင့်ကို စစ်ဆေးပါ။ မလိုချင်တဲ့ ဒေါင်းလုပ်တွေကနေ သင်ကို ကာကွယ်ကူညီပေးဖို့ သင့် လုံခြုံရေး အဆင့် Setting က အနည်းဆုံး အလယ်အလတ် အဆင့် ဖြစ်သင့်ပါတယ်။

အဲဒီ အချိန်တွင် အင်တာနက်ကနေ အခမဲ့ ဖိုင်များကို ဒေါင်းလုပ် မလုပ်ပါနဲ့။ ဘယ်ဆော့ဖ်ဝဲ မဆို ဒေါင်းလုပ် လုပ်တဲ့ အခါ End-user လိုင်းစင် သဘောတူညီမူ ကို ဖတ်ပေးပါ။ ဒီ သဘောတူညီမူ တစ်ချို့က သူတို့ရဲ့ ဆော့ဖ်ဝဲကို သင် ဒေါင်းလုပ် လုပ်တဲ့ အခါ တစ်ချိန်တည်း သင့် ကွန်ပျူတာပေါ်တွင် ထားလိမ့်မယ့် ဒေါင်းလုပ် လုပ်ထားတဲ့ Spyware ကို လက်ခံဖို့ သင်က သဘောတူညီပြီး ဖြစ်ကြောင်း ဖော်ပြပါတယ်။

သင့် ကွန်ပျူတာ ခြိမ်းခြောက်မူများကို သတိထားပါ။ ပြီးတော့ သင် ကိုယ်ပိုင် အချက်အလက်များကိုလည်း ပေါ့။