ပွင့်တဲ ့ပန်းတိုင်း.လန်းစေချင်(အမျိုးသားများမဖတ်ရ)

:


*** ပွင့် တဲ ့ပန်းတိုင်း လန်းစေချင်***

အခု ချမ်းချမ်းပြောမဲ ့အကြောင်းအရာလေးက အတင်းအဖျင်း အနေနဲ ့တစ်ဖက်မိန်းမသားကို…နှိမ်ချင်လို ့ အထင်သေးလို ့မဟုတ်ဘူးနော်..
ယောကျာ်းလေးတွေကို.အထင်သေးလို ့လဲမဟုတ်ဘူး..ဖြစ်တတ်တဲ ့သဘောတွေကို..မိန်းကလေးတိုင်း..သိသင့်တယ်ထင်လို ့..ဆင်ခြင်နိုင်အောင်လို ့..
မျှဝေတာပါ..ပတ်ဝန်းကျင်က ပေးတဲ ့သင်ခန်းစာပေါ့…
ဘဝပျက်တဲ ့မိန်းကလေးဆိုတာလမ်းဘေးရောက်သွားမှ
ဘဝပျက်တာမဟုတ်ပါဘူး။လူမသိဘဲသိမ်ငယ်သွားတာ၊အမြဲ
အားငယ်သွားတာ၊စိုးတထိတ်ထိတ်ဖြစ်နေရတာတွေ …ကိုယ့်ကိုယ် ကို်ယုံကြည်မှုတွေ..နည်းပြီး..နောင်တတရားနဲ ့ရင်မှာပူလောင်နေတာဘဝပျက်မတက်ပါဘဲ၊
ဒါက ဘဝကိုတန်ဖိုးထားခဲ့ရင်ပေါ့..
တန်ဖိုးမထားတဲ ့မိန်းကလေးအတွက်တော့..ဒီကိစ္စတွေက..ထူးဆန်းလိမ့်မယ်မထင်ဘူး…

အခုခေတ်မှာတော်တော်များများကြားနေရတာပါ ..ကိုယ်ဝန်ရှိလို လက်ထပ်လိုက်ရတာ..
အပျိုတွေကိုယ်ဝန်ဖျက်ချတာ.ချစ်သူက ပစ်သွားလို ့အဆိပ်သောက်သေတာ..စုံနေတာပဲ…ချစ်ကြပြီဆိုရင်….ယောကျင်္ားလေးတော်တော်များများ
ဘာလို့များ လိုအပ်တာထက် အခွင့်အရေးယူကြတာလဲ…မိန်းကလေးတော်တော်များများကရော..ဘာလို ့များ..မငြင်းဆန်ရတာလဲ.. နစ်နာစရာရှိရင်ဘယ်သူကပိုနစ်နာမလဲ..
အခွင့်အရေးပိုယူတဲ ့ချစ်သူအပေါ်..ကိုဘယ်လိုမြင်ကြလဲ..သူကငါ့ကိုသိပ်ချစ်လို ့.. အခွင့်အရေးတောင်းတာများးထင်နေလားတော့မသိဘူး… အချစ်နဲ ့ရမ္မက် ကတခြားဆီပါ..

အချစ်နဲ ့ဘဝ…ချစ်တဲ ့သူနဲ ့လက်ထပ်မဲ ့သူ..တစ်ထပ်တည်းကျချင်မှကျမှာနော်..

မနေ့က သူငယ်ချင်းတစ်ယောက် ရဲ ့ညီမလေးအကြောင်းကြားလိုက်ရတာ.တကယ်စိတ်မကောင်းဘူး..
တက္ကသိုလ်ကျောင်းသူလေးပါ.သူကောင်လေးနဲ့ တွဲတယ်တဲ့ နောက်တော့
တည်းခိုခန်းခေါ်တယ် သူလိုက်သွားတယ် .နောက်ကျတော့..ကောင်လေးက အတွေ ့မခံပဲ..ရှောင်နေတယ်..အခုပြတ်စာပေးတယ်တဲ့
ဘာကြောင့်လဲ..
ယောကျာ်းလေးတော်တော်များများက
ကိုယ်တာဝန်မယူနိုင်ရင်ဘာကြောင့်များအခွင့်အရေးပိုယူချင်ကြတာလဲ..
…***(Every Men Has His Price)***တဲ ့…သူငယ်ချင်းတစ်ယောက်ရဲ ့Profle ထဲမှာရေးထားတာတွေ ့မိတော့..ချမ်းချမ်းစဥင်္းစားမိသွားတာက..ယောကျာ်းလေးတိုင်းသူ ့တန်ဖိုးနဲသူရှိရင်. .စောင်းစည်းထိန်းသိမ်းခြင်းဆိုတာလဲ.ရှိနေရပါမယ်..
.ဘယ်အပျိုမိန်းကလေးမှ
ယောကျ်းတယောက်နဲ့ အိပ်ခြင်းအရသာဆိုတာသိဘူးတဲ့လူမရှိပါဘူး.ဂုဏ်ယူကြမှာလဲမဟုတ်ပါဘူး
ချစ်သူကိုသိပ်ချစ်လို ့
သူ ့ချစ်သူကိုယုံကြည်လို ့.ချစ်သူငြိုငြင်သွားမှာကြောက်လို ့..အလိုလိုက်မိတာပဲဖြစ်ပါလိမ့်မယ်…(ဒါက အညှာလွယ်ပြီး..အားနာတတ်တဲ ့မိန်းကလေးတွေ..ကိုပြောာတာနော်..)
နှစ်ယောက်ဆိုတဲ့ ဘဝကိုလိုချင်လို့ဘဲပေါ့၊နောက်တခု သူ့ဆီမှာဘဲအမြဲ
ရှိနေချင်တဲ့စိတ်နဲ့ပါဘဲ၊ဒါပေမယ့် တော်တော်များများထားသွားကြတယ်နော်
ကိုယ်ချင်းစာစိတ်လေးမွေးလို့ တွေးကြည့်ပါလား
ငါ့ အစ်မ ၊ ညီမ ၊ အဓိက အမေပေါ့ သူတို့သာ ဒီနေရာမှာဆိုရင်ကော အဓိကတော့
ကိုယ်တာဝန်မယူရင် ခြေကော လက်ကောမကျော်တာအကောင်းဆုံးပါဘဲ။
ဝါသနာပါရင်လဲ.လွယ်လွယ်နဲ ့ရမဲ ့နေရာကိုသွားလိုက်ပေါ့…
ကိုယ့်ကြောင် ့တစ်ဖက်မိန်းကလေးရဲ ့ဘဝ..နွမ်းရတာ..မိန်းကလေးရဲ ့မိဘတွေ..
လူကြားထဲမှာ..မျက်နှာငယ်ရတာ..အရှက်ရစေတာ..ဆိုးကျိုးတွေအများကြီးပါ..
ဝဋ်ဆိုတာ..လည်စမြဲပါ..တစ်နေ ့ကိုယ်တိုင်က ဖခင်ဘဝ..ရောက်လာရင်တော့..
ကိုယ့်သမီးပျိုကို..တစ်ယောက်ယောက်ကပန်းကောင်းအညွန် ့ချိုး.ခဲ့ရင်..ဘယ်လိုခံစားရမလဲ..
လောကမှာအရေးကြီးဆုံးက..ကိုယ်ချင်းစာစိတ်ပါ.ငါသာဆိုရင်…ဆိုတဲ ့ကိုယ်ချင်းစာစိတ်လေး.ကို..လက်ခံထားရင်တော့..အမှားနည်းမယ်လို ထင်တာပဲ..
ဒါ ကယောကျာင်္းလေးဘက်ကို.ချမ်းချမ်းကဝေဖန်တာနော်..
……………………….
မိန်းကလေးတွေအနေနဲ ့ကတော့..
ချစ်သာချစ်စေ..မနစ်စေနဲ ့
အချစ်တစ်ခုတည်းနဲ ့ကိုယ့်ဘဝ..မနစ်မွန်းပါစေနဲ ့ပေါ့..
ကိုယ့်အမှားကြောင့်မိဘတွေ..မောင်နှမတွေ..မျက်နှာငယ်ရပါတယ်..
ကိုယ်ဝန်ရှိလို ့..လက်ထပ်လိုက်ရရင်တောင်.သတို့သား..မိဘတွေရဲ ့အထင်သေးခြင်းခံရပါတယ်..သမီးအလိမ္မာမဖြစ်ခဲ့ရင်တောင်.
.သမီးမိုက်တော့..မဖြစ်သင့်ဘူး…ရှေးကစကားပုံ..တစ်ခုရှိတယ်
မြန်မာ မိန်းခလေးတွေက လက်မထပ်ဘဲနဲ့မအိုရဘူးတဲ့။
မြန်မာမိန်းခလေးတွေမှာ
မင်္ဂလာ (၁၂)ပါးရှိတယ် လက်ထပ်ထိမ်းမြားခြင်းလဲ မင်္ဂလာတပါးပါ ဒါကြောင့်
ဘာလို့များ ကိုယ့်ဘဝရဲ့ ကျက်သရေကို ဘာမဟုတ်တဲ့ တည်းခိုခန်းတခုမှာ
မိနစ်ပိုင်းလေးပျက်စီးဆုံးရှုံးစေတာလဲ ပြီးတော့ရောပျော်ရပါလား ။လူမသိအောင်
အိပ်ခဲ့မိတော့ လူမသိအောင်ဘဲ အရှက်တကွဲ..အကျိုးနည်းမှာပေါ့
ဘယ်လိုလုပ်ကြမလဲ၊ပြန်ပြင်လို ့ကောရပါ့မလား…
ဘယ်သူကိုမှ မမှားစေချင်ဘူး….

လွန်ခဲ့တဲ ့.၁၂ လောက်က ချမ်းချမ်းဖတ်ခဲ့ဖူးတဲ ့ဆောင်းပါးလေးအကြောင်း.အကျဉ်းချုပ်ပြောပြမယ်နော်..
ကောင်မလေးတစ်ယောက်က..ရိုးရိုးအေးအေးနဲ ့.ချစ်စရာကောင်းတယ်..ယဉ်ကျေးတယ်..
တစ်ရုံးလုံးက ချစ်ကြတယ်..တစ်နေ ့သူမတို ့ရုံးထဲကို.ခန် ့ခန် ့ချောချောဝန်ထမ်းအသစ်ငင်လာတော့အလုပ်အကြောင်းသင်ရင်းနဲ ့..ချစ်သူတွေဖြစ်သွားကြပါတယ်. .ကောင်လေးကသူမကိုအရမ်းလဲဂရုစိုက်တယ်..ဒါပေမယ့်.. သဝန်တော့.တိုတတ်တယ်..ရုံးထဲက တခြားယောကျာ်းလေးဝန်ထမ်းတွေနဲ ့စကားပြောတာ
မကြိုက်ဘူး.အမြဲဘဲ..သံသယမျက်လုံးနဲ ့ကြည် ့နေတော့တာပါဘဲ..
တစ်နေ ့သင်္ကြန်ကျတောကောင်လေးနဲ ့ကောင်မလေးလျှောက်လည်..ရင်း…ကောင်လေးရဲ ့သူငယ်ချင်းအိမ်မှာ..အချမ်းပြေ.. ဝင်နားတာ့ကောင်လေးကနည်းနည်းမူးနေပါတယ်..
ကောင်မလေးကိုလဲ.အတင်းပဲ.အခွင့်အရေးတွေတောင်းတော့.ကောင်မလေးက ရှိသမျှခွန်အားလေးနဲ ့ရုန်းကန်ပြီးငြင်းဆန်ခဲ့ပေမယ်..တစ်ဖက်ကလဲ.မူးပြီးလူစိတ်ပျောက်နေတော့. .ယောကျာင်္းလေးအားနဲ ့မိန်းကလေး..အားချင်းမမျှတော့..သူမရဲ ့အပျိုစင်ဘဝကို.. မူးရူးနေတဲ ့ချစ်သူလက်ထဲမှာ.ဆုံးရှုံးခဲ့ရပါတယ်..
နောက်တော့..ကောင်မလေးက ကြာရင်အရှက်တကွဲ.အကျိုးနည်းဖြစ်မှာကြောက်လို ့.ချစ်သူကောင်းလေးကို.မိဘတွေဆီမှာ..လာတောင်းခိုင်းပါတယ်.
.ကောင်လေးလဲစိတ်မပါ့တပါနဲ ့..လာတောင်းပြီးအကျဉ်းရုံးလက်ထပ်ခဲ့ပါတယ်..လက်ထပ်ပြီးတဲ ့နေ ့ကစပြီး.ကောင်လေးရဲ ့အချိုးတွေလုံးဝပြောင်းလဲသွားတော့တာပဲ.. သူမကိုအရေးတယူလဲမရှိဘူး.. အိမ်ပြန်လာချင်တဲ ့ကျမှပြန်လာတယ်.. တစ်ချိန်တုန်းက.သိပ်ချစ်ပါတယ်.. သိပ်ကိုကြင်နာပြီးယုယတတ်တဲ ့သူမရဲ ့ချစ်သူဆိုတာ.ယုံတောင်မယုံနိုင်ပါဘူး..
သူမ ဘာအပြစ်တွေများကျူးလွန်ခဲ ့လို ့.အခုလို စိမ်းကားသွားတာလဲ..လက်ထပ်ထားတဲ ့ဇနီး
အပေါ်..ဒီလောက်ထိဥပေက္ခာ.မပြုသင့်ဘူးလို ့ကောင်လေးကိုပြောတော့..
ကောင်လေးပြန်ပြောလိုက်တာက မင်းဟာ အညှာလွယ်တဲ ့မိန်းကလေး မို ့လို ့ပါ တဲ ့
အညှာလွယ်တဲ ့မိန်းကလေးဟာ..တစ်နေ ့အိမ်ထောင်ရေးမဖောက်ပြန်ပါဘူးလို ့.အာမမခံနိုင်လို ့ပါတဲ ့
သူမ အရမ်းဘဲဝမ်းနည်းသွားခဲ ့တယ်..
သူမတစ်သက်လုံးစောင့်ထိန်းခဲ့တဲ ့သိက္ခာတွေ.ကိုယ်ကျင့်တရားတွေရေထဲသွန်ချလိုက်သလိုပါဘဲ..သူမ သူ ့ကိုသိပ်ချစ်လွန်းလို ့
သူနာကျင်အောင်..တစ်ခုခုမတုန် ့ပြန်ဘဲ..သူ ့ဆန္ဒကို..မျက်ရည်များနဲ ့ဖြည့်ဆည်းခဲ့ရတာ..သူမဘဲသိတယ်…
နောင်တ ဆိုတာနောင်မှရလဲ..ပြန်ပြင်လို ့မှမရတော့တာ..
ဒါဆို သူမကို..ကွာရှင်းပေးဖို ့တောင်းဆိုတော့လဲ..ကောင်လေးက ကွာရှင်းခွင့်မပေးခဲ့ပါဘူး
အဲ့ဒီလိုနဲ ့..အထီးကျန်ဆန်တဲ ့အိမ်ထောင်ရေးနွံထဲမှာ…တစ်သက်လုံး…နောင်တတွေနဲ ့..
ရှင်သန်နေရတဲ ့သူမဘဝကို.ညီမလေးတို ့သင်ခန်းစာယူစေချင်ပါတယ်တဲ ့..

ဆောင်းပါးလေးသာတကယ်ဖတ်ရရင်..ညီမလေးတို ့အရမ်းသနားသွားလိမ့်မယ်..
အခုချမ်းချမ်းရေးတတ်သလိုရေးတာဆိုတော့..ဖတ်ရတာဖီလ်းသိပ်ရှိမှာမဟုတ်ဘူးနော်
………………..
ကဲ..ညီမလေးတို ့ရေ..
ဘဝသင်ခန်းစာကို..ကိုယ်တိုင်ကြုံမှယုံမှာလား……သူများကြုံခဲ့တာတွေကို. ကြည့်ပြီး.ရှောင်သင့်လားဆိုတာ.ကိုယ့်ဘာသာ..ကိုယ်ဆုံးဖြတ်နော်..
လူဆိုတာကိုယ်ရွေးချယ်တဲ ့လမ်း..ကိုယ်ဘဲလျှောက်ရတာပါ.
နောက်တစ်ချက်က…
မိန်းကလေးတစ်ယောက်ရဲ ့ဘဝ..ဟာ ပန်းလေးတစ်ပွင့်လိုပါဘဲ…
ကျေလွယ်နွမ်းလွယ်တယ်လေ..ပြီးတော့
မိန်းခလေးဆိုတာ မှန်တချပ်နဲ ့တူတယ်
ကွဲရှမခံနိုင်ပါဘူး ကွဲကျခဲ့လို့ ဆက်လို့ရရင်တောင်
အက်ကြောင်းနဲ့ပါ၊ဘယ်သူဘဲဖြစ်ဖြစ်ပါ တွေးကြည့်ပြီးမှ ကိုယ်လမ်းကိုယ်လျှေက်
ပါ၊..ချစ်သူ နဲ ့လက်ထပ်တဲ ့သူ…တစ်ထပ် ထဲကျချင်မှကျမှာပါ…အသိလေးနဲ ့ဆင်ခြင်နိုင်အောင်ကြိုးစားပါ..
ကိုယ် ့ဘဝ ကို.ကိုယ်တိုင် ကတန်ဖိုးထားမှ..သူများက ကိုယ့်ကိုတန်ဖိုးးထားမှာပါ…
(ဘယ်သူမှမရည်ရွယ်ပါဘူး ကိုယ်တိုင်မဟုတ်တောင်
ရင်ထဲမကောင်းတာတော့အမှန်ဘဲ ကိုယ့်ရဲ့ ညီ၊ညီမ၊တူ၊တူမများ ပြန်ပြော
လို့ရနိုင်အောင်ပါ။ဘယ်တော့မှ ရေမှာ အရုပ်မရေးမိပါစေနဲ့၊တနေ့ ဆိုတာ
နောက်မှရောက်လာမှာ တနေ့ ဆိုတာကိုမျှော်ပြီး
မယုံကြည်မိပါစေနဲ ့နော်..

လောကမှာ..လိမ်ခံထိတဲ ့သူ ၃ မျိုးရှိတယ်..
၁..လောဘကြီးတဲ ့သူ..
၂..အားနာတတ်တဲ ့သူ..
၃..အယုံလွယ်တဲ ့သူ..
မိန်းကလေးတစ်ယောက်ဟာ..မိမိရဲ ့ ဘဝ..သိက္ခာ..ကိုယ်ကျင့်တရားနဲ ့.ပက်သက်လာရင်..ဘယ်သူ ့ကိုမှ အယုံမလွယ်ပါနဲ ့.
အားလဲမနာပါနဲ ့..ကိုယ့်ကို ကိုယ်..တန်ဖိုးထားမှ..သူများလဲ.ကိုယ့်ကို..တန်ဖိုးထားမှာပါ..သူများကဲ ့ရဲ ့တာထက်ကိုယ့်ကိုယ်ကို..မကဲ ့ရဲ ့မိပါစေနဲ ့.. တစ်နေ ့မှာ.မြင့်မြတ်တဲ ့မိခင်ဘဝရောက်မယ့်..မိန်းကလေးတိုင်း.ဟာ.. အရွယ်ရောက်တဲ ့ကိုယ့်သမီးတွေကို.ဆိုဆုံးမနိုင်ဖို ့အတွက်
..ကိုယ်တိုင် က..သူတို ့လိုအရွယ်မှာ..အပြစ်ကင်းအောင်နေသင့်ပါတယ်..အမှားနည်းအောင်လဲ..အရာရာဆင်ခြင်ရပါမယ်.

(ပွင် ့တဲ ့..ပန်းတိုင်း..လန်းကြပါစေ…..).

(ယောကျာ်လေးများအားအထင်သေးစော်ကားခြင်းမဟုတ်ပါ)

ဆန္ဒများစွာ ဖြင့်


ချမ်းချမ်း

……………………………………………………………………………………………………………………………………………….

(ရှင်း.လင်းချက်..)

ချမ်းချမ်းဘာဖြစ်လို ့..(အမျိုးသားများမဖတ်ရ)..လို ့ရေးရတာလဲဆိုတော.့..
ချမ်းချမ်းက စာရေးဆရာမ မဟုတ်ပါဘူး..
ရေးမတတ်ရင်.တစ်ဖက်သားကို..စော်ကားရာကျနေမှာစိုးလို ့ပါ..
ယောကျာင်္းလေးတိုင်းကို..အထင်သေး.တာတော့မဟုတ်ပါဘူး..
ချမ်းချမ်းမှာလဲ..အဖေတွေ.မောင်တွေ.အကိုတွေရှိပါတယ်…
အခုရေးတဲ ့ပိုစ့်က..ဘဝကိုတန်ဖိုးထားတဲ ့အမျိုးကောင်းသမီးတွေ..ညီမလေးတွေ..ဆင်ခြင်နိုင်အောင်လို ့.မိန်းကလေးဘက်က
ခံစားပြီး ရေးထားတာပါ.
အရှေ ့ကလူတွေမှားခဲ့ဘူးတာတွေကို.သိထားရင်.အဲ့ဒီလို အဖြစ်မျိုး..တွေ..ကို..ရှောင်နိုင်ဖို ့အတွက်ပါ..
ချမ်းချမ်းရေးခဲ့ဖူးတဲ ့…
ချင့်ယုံပါ…ဆိုတဲ ့ပိုစ့်လေး..မှာ..
အဖြစ်အပျက်ကိုအခြေခံပြီး..
မိန်းကလေးတွေအနေနဲ ့.ယောကျာင်္းလေးတွေကို.လွယ်လွယ်နဲ ့မယုံသင့်တဲ့အကြောင်း..ရေးမိတာလေးနဲ ့တင်..
သဘောထားသေးသိမ်တဲ ့သူအဖြစ်..အထင်လွဲခံခဲ့ရလို ့ပါ..
တကယ်တော့မိန်းကလေးဆိုတာ..ယောကျင်္ား.လေးတွေနဲ ့..အရာရာယှဉ်လို ့မရပါဘူး..အစစအရာရာဆင်ခြင်နိုင်ပါမှ..တော်ရာကျမှာပါ..
အခုပိုစ့်လေးက.လဲ..အဖြစ်အပျက်ကိုအခြေခံပြီး
.ချမ်းချမ်းရင်ထဲမှာ.ရှိတာလေးသိတာလေးကို..အခြေခံပြီးဝေဖန်ဆန်းစစ်ထားတာမို သူငယ်ချင်းတွေ လက်ခံနိုင်တယ်..လက်မခံနိုင်ဘူးဆိုတာ..မသိပါဘူး
လူတစ်ကိုယ်စိတ်တစ်မျိုးမို ့..ခံယူချက်ခြင်းလဲ..အမျိုးမျိုးဖြစ်နေမှာပါ..
သူငယ်ချင်းတို ့ကိုယ်တိုင်လဲ..ကိုယ်နားလည်သလို..ဝေဖန်ဆန်းစစ်ကြည့်ပေါ့..
ရင်ထဲရှိတာ..သိတာ.လေးတွေ ကို…ဝေမျှပေးပါနော်…
ဖတ်လို ့ကောင်းပါတယ်ဆိုတဲ ့ Comment ပေးတာထက်..ကိုယ့်ရဲ ့အယူအဆ..သိမြင်သမျှတွေကို..ချရေးစေချင်ပါတယ်
အချင်းချင်းဗဟုသုတွေ မျှဝေခံစားတဲ ့..သဘောလေးပါ..
ချမ်းချမ်းရဲ ့
ပိုစ့်လေးကို..ဖတ်ရှုပြီး.ဝေဖန်သွားကြတဲ ့သူငယ်ချင်းတွေ.အားလုံးကို..ကျေးဇူးအကြီးကြီးတင်ပါတယ်ရှင့်…
ဝေဖန်မှုရှိမှ..တိုးတက်မယ်….ဆိုတဲ ့စကားပုံလေးအတိုင်း..အားလုံးပဲ…ဒီပိုစ့်လေးကို ဝေဖန်ဆန်းစစ်ပေးကြပါနော်..

ဝေဖန်တာ နဲ ့ကဲ့ရဲ ့တာမတူပါဘူးနော်..
ဝေဖန်တာက.အပြစ်ကို..ဆင်ခြင်တာ
ကဲ ့ရဲ ့တာက အပြစ်မြင်တာ.ပါ..

း အားလုံး….ချိုမြန်တဲ ့ဘဝ..ပိုင်ဆိုင်ကြပါစေလို ့
ဆုတောင်းလျှက်..
သက်တန် ့ချို..ရွာသူလေး
ချမ်းချမ်း..

25 comments

  • pan pan

    September 20, 2010 at 2:11 am

    အခုလို အသိပေးတာ အရမ်းကောင်းပါတယ်။ ခုခေတ်မှာ ဒါမျိုးတွေ အရမ်းများနေပါပြီ။ ယောက်ျားလေးတွေကလည်း မိန်းကလေးတွေကို လွယ်လွယ်မယုံကြည်နိုင်တော့ သစ္စာမထားနိုင်တာဖြစ်မယ်။ ဒါတွေဟာ အပြန်အလှန်ဖြစ်ရတာပါ။ နှစ်ဖက်လုံး အဆင်ပြေဖို့ အဓိကပါပဲ။

  • japanesegirl

    September 20, 2010 at 3:07 am

    ချမ်းချမ်းရေးထားတဲံအကြောင်းအရာလေးကအရမ်းကောင်းပါတယ်
    မှန်ပါတယ်……..လောကကြီးမှာ…….မိန်းကလေးဆိုတဲ့သူတွေက
    အမြဲတမ်းနစ်နာနေရတယ်………..ဘာပဲလုပ်လုပ်….ဘာတွေပဲဖြစ်ဖြစ်
    မိန်းကလေးတွေမှန်နေရင်လည်း……….မိန်းကလေးတွေနစ်မွန်းရစမြဲပါ
    ယောကျာ်းလေးတိုင်းစာနာစိတ်ရှိရင်……………..မိန်းကလေးတွေရဲ့ဘဝဟာ
    ပန်းလေးတွေနဲ့အမြဲတူနေမှာပါ။

  • kokogyi

    September 20, 2010 at 4:07 am

    လက်ခုပ်ဆိုတာ တဖက်တည်း တီးလို့ မမြည်ပါဘူး….. ဘယ်သူကြောင့် လို့ ပြောလို့ မရပါဘူး မိန်းကလေး ပဲ ဖြစ်ဖြစ် ယောင်္ကျားလေး ပဲ ဖြစ်ဖြစ် အဓိက ကတော့ စိတ်ထိန်းနိုင် ဖို့ပါပဲ….

  • Saw Yan Naing

    September 20, 2010 at 5:20 am

    လောကကြီးက အဲလိုလူတွေနဲ့ပဲပြည့်နှက်နေပြီ
    နောက်ပိုင်းကျတော့ လူငယ်တွေအနေနဲ့ သူတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာတောင်ဖက်ရှင်လိုဖြစ်နေသလားမပြောတက်ဘူး
    စိတ်ဓါတ်မြင့်မားကြပြီး အလွဲတွေမတွေးမိပဲ မှန်မှန်ကန်ကန် စဉ်းစားမိရင်ကောင်းမှာပဲ

  • nwl

    September 20, 2010 at 6:32 am

    ရေးထားတဲ့အကြောင်းအရာလေးကကောင်းပါတယ် … အခုခေတ်က လူငယ်တွေတော်တော်များများက

    ဒါကို ခေတ်ရေစီးကြောင်းတစ်ခုလိုမြင်လာကြတယ် .. ချမ်းချမ်းပြောသလို နောင်တရပြီးနေတဲ့ သူတွေရှိသလို

    တစ်ချို့ကတော့ တစ်ယောက်နဲ့ပြတ်လဲ အေးဆေးပဲ နောက်တစ်ယောက်ပြတ်လဲ ဂရုမစိုက်ပါဘူးဆိုတဲ့ အတွေးမျိုးရှိတက်ကြတယ် ..

    ဒါကလဲ ကိုယ်ကိုတိုင်က ကိုယ့်ဘဝကို တန်ဖိုထားဖို့ထိန်းသိမ်းဖို့တက်ဖို့ လိုအပ်မယ်ထင်ပါတယ် ..

  • nyimalay

    September 20, 2010 at 6:45 am

    good lesson for girl. Thanks for your post Chan Chan.Next time you Can write better than this post.

  • chitlay

    September 20, 2010 at 7:14 am

    ချမ်းချမ်းရေးထားတာလေးတွေကို သဘောကျပါတယ် မိန်းကလေးတွေ အားလုံး သိထားသင့်ရုံမက ရှောင်ပါရှောင်ရမယ့် အကြောင်းအရာတွေပါ
    ခုခေတ်မိန်းကလေးတော်တော်များများက(အားလုံးကိုမဆိုလိုပါ) ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့သူ နဲလာပြီလို့ထင်ပါတယ်

  • Nang Lay

    September 20, 2010 at 8:36 am

    Chan Chan wrote is good and give many knowledge for girl. This post should also read boy. So, can know about their wrong things. And can feel something thier mind.Thanks for apply this post.

  • PHYOGYI86

    September 21, 2010 at 12:54 pm

    ရေးသားထားတာ အရမ်းကောင်းပါတယ် … ယောက်ျားလေးတွေဖတ်မိခဲ့ရင်လည်း တကယ်ကို ကိုယ်ချင်းစာ နားလည် ပေးနိုင်တဲ့စိတ်သူ တွေက ဒါကို အပြစ်တင်ကြမှာ မဟုတ်ပါဘူး … ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ …. ယောက်ျားလေးတွေ အနေနဲ့ မှားခဲ့ပြီးပြီဆိုရင်လည်း …ကိုယ့်တာဝန်ကိုယ်ယူရဲတဲ့စိတ်ကလေးတော့ ရှိနေသင့်တယ် ပြန်ပြင်လို့မရတော့မယ့်အတူတူ တာဝန်ယူရဲတဲ့စိတ်ရှိမှ တာဝန်ယူရဲနိုင်မှ ယောက်ျားကောင်းပီသပါလိမ့်မယ် …… မိန်းကလေးတွေအနေနဲ့လည်း မဖြစ်ခင်ကတည်းက ကြိုတင်ရှောင်နိုင်ခဲ့ ရင်တော့ အကောင်းဆုံးပဲပေါ့ …..

  • unclegyi1974

    September 21, 2010 at 3:41 pm

    ရုပ်ဝတ္ထုတွေတိုတက်သလောက် ဆက်သွယ်ရေးကွန်ရက်တွေ ကောင်းသလောက် ကမ္ဘာ့ရွာကြီးဖြစ်လာနေပါပြီ
    ဒီခေတ် ၁၂ နှစ်ကလေးတယောက်ရဲ့ sex အသိက လွန်ခဲ့တဲ့အနှစ် ၃ဝ က အသက်၂ဝ ကျော်ထက်ကိုပိုပါတယ်
    မြန်မာမှာက အသိတွေသာတိုးလာတယ် မိဘနဲ့သားသမီး ဆရာနဲ့တပည့် ဒီsex ကိစ္စကို ပွင့်ပွင့်လင်းလင်း
    ပြောရမှာအခုထိရွံ့နေတုန်းပါဘဲ အထူးသဖြင့်မိဘနဲ့သမီး ဆရာနဲ့ကျောင်းသူ ပြောဖို့ ပိုပြီး ဝန်လေးပါတယ်

    ကမ္ဘာ့ခေါင်းဆောင်တယောက်ပြောသလို တံခါးဖွင့်လိုက်ရင်အလင်းရောင်ရမယ် လေကောင်းလေသန့်ရမယ်
    တပြိုင်နက်တည်း ခြင်လဲဝင်လာမယ် ယဉ်ကောင်လဲဝင်လာမယ်
    ခြင်တွေယဉ်တွေဝင်မှာ ဆိုးလို့ဆိုပြီး တံခါးမဖွင့်လို့လဲမဖြစ်ဘူး

    ဖွင့်ထားတဲ့တံခါးကနေ ကောင်းတဲ့အသိလေးတွေအမြင်လေးတွေယူနိုင်ဖို့ မိဘနဲ့ဆရာတွေကဝိုင်းဝန်းသွန်သင်ကြဖို့
    လမ်းညွှန်ပေးဖို့ လိုနေပါပြီ၊ လူငယ်တွေကလဲစဉ်းစားစဉ်ချင်ဖို့သင့်ပါပြီ။

  • myatminaung

    July 23, 2011 at 10:43 pm

    မိန်းကလေးတွေ “trust” ဆိုတဲ ့ movie ကြည့်ပါလား
    လိုအပ်မယ်ထင်ပါတယ်

  • nigimi77

    July 24, 2011 at 1:59 am

    သေချာတာ တခုကတော့ ချမ်းချမ်းဟာ သဘာဝကို လွန်ဆန်တဲ့ ယဉ်ကျေးမှုကို လက်ခံထားတဲ့ အမျိုးသမီး တစ်ယောက်လို ့

    ထင်ပါတယ်။ အကြောင်းအရာတော်တော်များများဟာ လက်တွေ ့မဆန်ပါဘူး။

    ဒီ့အပြင်ကို ဒီလိုစာမျိုးဟာ အသိဉာဏ် ဖွင့်ဖြိုးသင့်တဲ့ လူတွေကို ထိုင်းမှိုင်းသွားအောင် ကြောက်လန် ့စရာ အဖြစ်မျိုး

    အနေနဲ ့လက်ခံသွားအောင် ရေးသားထားတဲ့ အပျိုစင် ဂုဏ်ယူရေး လမ်းဟောင်းကို လိုက်နေပါတယ်။

    ကျေးဇူးပြုပြီး ကိုယ့်ကို မွေးဖွားပေးခဲ့တဲ့ အမေကို အားနာပါ။
    ======================================================================
    “…ယောကျင်္ားလေးတော်တော်များများ
    ဘာလို့များ လိုအပ်တာထက် အခွင့်အရေးယူကြတာလဲ…မိန်းကလေးတော်တော်များများကရော..ဘာလို ့များ..မငြင်းဆန်ရတာလဲ..နစ်နာစရာရှိရင်ဘယ်သူကပိုနစ်နာမလဲ..”

    လိုအပ်တာထက် အခွင့်အရေးယူတယ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။ သနားလို ့ နို ့ပေးကိုင်ရင် ငယ်ပါကို ရန်ရှာချင်တယ်ဆိုတဲ့

    စကားကိုကြားဖူးမှာပါ။ ခန္ဒာ ဗေဒ အရဆို လိင်စိတ်ရဲ ့ လှုံ ့ဆော်မှုကို လွန်ဆန်တာဟာ အလွန် ရူးမိုက်တဲ့ အပြုအမူပါ။

    လွန်ဆန်နိုင်တယ်လို ့ပြောသူတွေဟာ လိင်လှုံ ့ဆော်မှု အခွင့် အရေးကို မရရှိတဲ့သူတွေပါ။ ချစ်တယ်ကြိုက်တယ် ဘယ်လိုပြောပြော

    လိင်မဆက်ဆံတဲ့ လင်မယားဆိုတာ မရှိပါဘူး။ အိမ်ထောင်မကျခင် လိင်ဆက်ဆံဖို ့ကြိုးစားတဲ့ အပြုအမူဟာ အခုမှ မဟုတ်ပါဘူး

    ခင်ဗျားတို ့ ကျုပ်တို ့ အဘေးအဘိုးအဖေဦးလေးအကိုတွေ ငယ်ရွယ်စဉ်ကတဲကပါ။ ကျုပ်အဖေဟာ သေချာပေါက်ကို ကျုပ်အမေ

    နဲ ့ချစ်သူဖြစ်စဉ် အချိန်က လိင်ဆက်ဆံဖို ့ကြိုးစားခဲ့ဖူးမှာပါ။ ကျုပ် အမေကလဲ လိင်စိတ်ရဲ ့လှုံ ့ဆော်မူကို ပင်ပန်းကြီးစွာနဲ ့

    လွဲမှားယဉ်ကျေးမှုရဲ ့အရိပ်ကြောင့် ငြင်းပယ်ခဲ့ဖူးမှာပါ။

    ခင်ဗျားပြောသလို …နစ်နာစရာရှိရင် ဘယ်သူက နစ်နာမလဲဆိုတော့………ယောကျာင်္းလေးနဲ ့ အတူနေရင် ဗိုက်ကြီးတတ်တယ်

    လို ့ သွန်သင်ခဲ့တဲ့ အမေတွေက ပိုနစ်နာပါတယ်။ အမေတွေရဲ ့ ညံ့ဖျင်းလွဲမှားတဲ့ သွန်သင်ဆုံးမမှုတွေကြောင့် သမီးတွေ ဒုက္ခ

    ရောက်ရပါတယ်။ မိန်းကလေးတွေ ဒီထက်ပိုပြီး သိအောင်လုပ်ရပါမယ်။ လိင်ဆက်ဆံခြင်းကြောင့်ရတဲ့ သာယာမှုနဲ ့ လူအဖြစ်

    ရပ်တည်နိုင်မှုမှာ အထောက်အပံ့ဖြစ်စေတဲ့ ဆန် ့ကျင်ဖက် လိင်ကို ရွေးချယ်စေနိုင်မှုကို ပြတ်သားစွာ ခွဲခြားပေးနိုင်ရပါမယ်။

    ===========================
    ထပ်ရေးပါဦးမယ်။

    • ကြောင်ကြီး

      July 24, 2011 at 4:59 am

      ကိုယ်လိုရာ ဆွဲပြောကြေးဆို အဖေက အမေ့ကို လက်မထပ်ခင်မှာ လိင်ဆက်ဆံခွင့်ရခဲ့ရင် မယားမှတ်မှတ် သားမှတ်မှတ်ပေါင်းဖြစ်ချင်မှ ပေါင်းပါလိမ့်မယ်။ လိင်ဆက်ဆံမှုပညာပေးဆိုတာကို လိင်ဆက်ဆံမှုအပျော်ကျူးခြင်းနဲ့ မရောထွေးစေလိုပါ။ မျိုးရိုးဗီဇ ဒါမှမဟုတ် လွတ်လပ်ခွင့်ဆိုရင် ဂျူနီယာဆယ်ကျော်သက်တွေကို ဆက်ဆံလိုစိတ်ရှိတာ၊ လိင်တူခြင်း ဆက်ဆံတာ၊ တိရစာ္ဆန်နဲ့ဆက်ဆံတာ၊ လင်ရှိမယား၊ မယားရှိလင်နဲ့ ဆက်ဆံတော့လည်း ဘာဖြစ်သလဲ၊ ကိစ္စကိုယ်ပြီး ကိုယ်လမ်းကိုယ် သွားရုံပဲပေါ့။ ဒါဆို ဆွေမျိုးသားချင်းထဲကနဲ့ လိင်ဆက်ဆံတော့ကော ကိုယ့်ရွေးချယ်ပိုင်ခွင့်လို့ ပြောရင်ရမလား။ စည်းကမ်းဘောင်ဆိုတာ ဘာသာတရားလိုပဲ တလွဲသုံးကြရင်းနဲ့ အပျက်ဖက်ကိုရောက်သွားတာ။

  • ရွှေဘိုသား

    July 24, 2011 at 9:42 am

    ဒီပို.စ်ရဲ.ဆောင်းပါထဲကကောင်လေးအတိုင်း ယောကျင်္ားလေတစ်ချို.လက်ခံကြပါတယ်
    မိန်းကလေးများ အထူးသတိထားပါ
    ကျွန်တော်.သူငယ်ချင်းတစ်ယောက်ပြောတာပြောပြမယ်နော်
    ငါ.ရည်းစားထားရင် အတူတူနေလို.ရခဲ.မယ်ဆိုရင် နေလိုက်မယ် ပြီးရင်မယူဘူးတဲ. ဘာ.လို.လည်းဆိုတော.
    သူ.ဘဝသူတောင်တန်ဖိုးမထားတာ ငါလည်းတန်ဖိုးမထားနိုင်ပါဘူးတဲ.
    နောက်မီးလင်းမှာ ကြောက်တယ်တဲ.

    • ကြောင်ကြီး

      July 24, 2011 at 10:14 am

      မှန်တယ် ရွှေဘိုသားရေ။ ဝမရှိဘဲ ဝိမလုပ်တာကောင်းတယ်။ သူ့ယဉ်ကျေးမှုနဲ့သူ အထာကျနေတာကိုကြည့်ပြီး ငါလည်းဖြစ်မှာပဲမထင်နဲ့။ ဖြစ်တော့ဖြစ်မယ် xx 🙁
      မြန်မာမ တချို့တွေ့နေရတယ်၊ အမေရိကန်မှုပြုတယ်ဆိုပြီး စိတ်ဆန္ဒနောက်ကို လိုက်နေကြတာ။ သိပ်တော့ဝမ်းမနည်းပါဘူး၊ ဒီပုတ်ထဲက ဒီပဲတွေ? မြန်မာပြည်မှာကထဲက အလေ့အကျင့် ရခဲ့ကြသူတွေများတယ်။ ဒီရောက်တော့ ဆက်လှုပ်ရှားရတာပေါ့။ အပြောကတော့ လွတ်လပ်မှုတဲ့။ ယောက်ျားလေး အများစုကတော့ ရွှေဘိုသားပြောသလို ရတုံးတွယ်မဲ့သူချည်ပါပဲ။ ဦးကြောင်လည်းပါသပေါ့.. 😳 သူတို့တွေကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးနေကြတယ်၊ ငါတော့ အမေရိကန်ယဉ်ကျေးမှုနဲ့ ဟုတ်နေပြီလို့၊ ကကလို့ သဘောထားနေတာကိုတော့ မသိဘူး၊ မသိဆို ဘယ်သူမှလည်း အမုန်းခံ မပြောကြဘူးလေ။ ဦးကြောင်လည်း ဒါမျိုးတွေ့ရင် လုပ်သာလုပ် ကိုယ့်လုပ်မှကိုယ်စား ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး မြောက်ပေးလိုက်တာပဲ… 😆
      တခုတော့ရှိတယ် မြန်မာပြည်ကလာတဲ့ အရွယ်ရောက်ပြီးသား မျိုးဆက်တွေကို ပြောတာနော်။ ဒီမှာမွေး ဒါမှမဟုတ် ဒီမှာကြီးပြင်းသူ မျိုးဆက်တွေအတွက်ကတော့ သူ့ယဉ်ကျေးမှု၊ သူ့ပတ်ဝန်းကျင်နဲ့ အံကိုက်နေပါလိမ့်မယ်။ ကိုယ်က သူတို့နဲ့မရောနိုင်ရင်၊ သူတို့လို မနေနိုင်ရင်၊ ကိုယ်လိုသူလို ကြီးမှရောက်လာသူတွေနဲ့ ရောနှောနေမယ်ဆိုရင်တော့ ဖင်မနိုင်ဘဲ ပဲကြီးဟင်း မသောက်တာကောင်းတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် တခုတော့ ပြောလိုက်မယ်.. မိန်းမတို့ရဲ့တန်ဖိုးသည် အဆင်းတဲ့.. အဲဒီအဆင်းက အသက်အရွယ်နဲ့လည်းဆိုင်တယ်။ စောင့်စည်းနိုင်မှုနဲ့လည်းဆိုင်တယ်။ အဲဒါ မြန်မာပြည်လို တိုင်းပြည်မှမဟုတ် အနောက်နိုငံတွေမှာလဲ ဒီလိုပဲ၊ အနဲအများသာ ကွာမယ်။ နောင်ကြမှ ဟိုမရောက်ဒီမရောက်နဲ့…အင်း..ပြောတော့ပါဘူး (ပြောလဲပြောပြီးသွားပြီ :D) အကုသိုလ်များတယ်…

    • nigimi77

      July 24, 2011 at 10:14 am

      ခင်ဗျား သူငယ်ချင်းဟာ အတော်ကို အသိဉာဏ် နည်းပါးတဲ့ သတ္တဝါလို ့ထင်ပါတယ်။

      “…..ငါ.ရည်းစားထားရင် အတူတူနေလို.ရခဲ.မယ်ဆိုရင် နေလိုက်မယ် ပြီးရင်မယူဘူးတဲ. ဘာ.လို.လည်းဆိုတော.
      သူ.ဘဝသူတောင်တန်ဖိုးမထားတာ ငါလည်းတန်ဖိုးမထားနိုင်ပါဘူးတဲ.
      နောက်မီးလင်းမှာ ကြောက်တယ်တဲ….”

      ဘဝဆိုတာ အလွန် ခက်ခဲနက်နဲပါတယ်။ ဘာဖြစ်လို ့ အဲဒီပေါင်ကြားထဲက မျိုးပွား အင်္ဂ ါ တဖြစ်တလဲ ကျင်ငယ်

      စွန် ့ပစ်တဲ့ဟာ ကို ဘဝ လို ့သတ်မှတ်နေကြတာလဲ။

    • Foreign Resident

      July 25, 2011 at 6:01 am

      Dear ရွှေဘိုသား,

      “ငါ.ရည်းစားထားရင် အတူတူနေလို.ရခဲ.မယ်ဆိုရင် နေလိုက်မယ် ပြီးရင်မယူဘူးတဲ. ဘာ.လို.လည်းဆိုတော.သူ.ဘဝသူတောင်တန်ဖိုးမထားတာ ငါလည်းတန်ဖိုးမထားနိုင်ပါဘူးတဲ.”

      If your friend said ” နေလိုက်မယ် ပြီးရင်မယူဘူး ” to his ရည်းစား &
      if his ရည်းစား agree it & having sex.
      Then, this is their personal matters, I have to say nothing.

      But, he didn’t said in advance ” နေလိုက်မယ် ပြီးရင်မယူဘူး ” to his ရည်းစား &
      he pretended or promised her to marry her after having sex.
      Then, we may say, he is a liar ( low caste/class ).

  • moethidasoe

    July 24, 2011 at 11:44 am

    nigimi77 ရယ် ရှင့် အတွေးအခေါ်တွေက မဟာပုရိသ ဝါဒပါလား ..
    တခြားနိုင်ငံတွေရဲ့ ဓလေ့တွေတော့ မသိဘူးပေါ့ ..
    မြန်မာ့ ယဉ်ကျေးမှု မှာတော့ ဟိုတုန်းက ပဝါတကမ်း လက်တလှမ်း နေခဲ့တာတွေ .. သုံးနှစ်သုံးမိုး ဆိုတာတွေ ရှိခဲ့တယ် .. မရှောင်နိုင်တဲ့ အမှောင်ကြား ဆိုတဲ့ ကိစ္စတွေလဲ ရှိမှာပါ ရှိခဲ့လို့လဲ စာ အနေနဲ့ ထွက်ပေါ်လာတာပေါ့ .. ဒါပေမယ့် .. ငြင်းဆန်ခြင်း ဆိုတာဟာ မိန်းမတွေရဲ့ လက်နက်ပါ .. သူက အနစ်နာဆုံး ဖြစ်ရမယ့် ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် .. သူတို့ မဖြစ်စေချင်တာကို လက်မခံတာ .. သဘာဝကို လွန်ဆန်တဲ့ မိန်းမ မဟုတ်ဘူး .. ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ ဖြစ်တယ် ..
    ကိုယ့်သိက္ခာကို တန်ဖိုးထားတာဖြစ်တယ် .. လောကမှာ လူ ဆိုတာ အရှက်မရှိ အသက်ရှင်တာက ကောင်းသလား မကောင်းဖူးလား ဆိုတာ စဉ်းစားကြည့်ပေါ့ .. (ရန်တွေ့တာ မဟုတ်ပေမယ့်) nigimi77 ကိုယ်တိုင် ကိုယ်ရကိုယ်ယူကြေး ဆိုတာကို လက်ခံရင် လူမြင်ကွင်းမှာ လိင်ဆက်ဆံ ရဲလို့လား .. (ရိုင်းသွားရင် ခွင့်လွှတ်ပေးပါ)

    • Foreign Resident

      July 25, 2011 at 5:48 am

      Dear Moe Thida Soe,
      I think nigimi77 is quoting (the saying of the friend of ရွှေဘိုသား)
      So, nigimi77 အတွေးအခေါ်တွေ are not မဟာပုရိသ ဝါဒ.

      In my opinium,
      I agree this :
      “ဘဝဆိုတာ အလွန် ခက်ခဲနက်နဲပါတယ်။ ဘာဖြစ်လို ့ အဲဒီပေါင်ကြားထဲက မျိုးပွား အင်္ဂ ါ ကို ဘဝ လို ့သတ်မှတ်နေကြတာလဲ”

  • windtalker

    July 24, 2011 at 11:44 am

    ကျွန်တော် ဖတ်ဖူး တဲ့ ရွှေဥဒေါင်း ရဲ ့ ဝတ္ထုပါ အကြောင်း အရာ လေး တစ်ခု ကို ရှဲဦးမယ်နော် ။
    ဝတ္ထု နာမည် ကို တော့ မမှတ်မိတော့ တာ ခွင့်လွှတ်ပါ ။
    ဝတ္ထု ထဲ မှာ လူမျိုးခြား ၊ နိုင်ငံ ခြားသား နဲ ့လက်ထပ် တဲ့ မြန်မာ အမျိုးသမီး ကို ယောက်ျား တစ်ဦး က ကဲ့ရဲ ့တော့ နောက်တစ်ဦး က ဘာပြန်ပြောသလဲ ဆိုရင်… အဲဒါ မြန်မာမ အပြစ်မဟုတ်ဘူးဗျ… ။ သူ ့ခဗျာ သူ ့ကို ယူမယ့် မြန်မာ အမျိုးသား မှ မရှိတော့ တာ ၊ အဲဒီတော့ လက်ထပ်ယူမယ့်သူ ရှိတုန်း ရွေးချယ်ခွင့် မရှိပဲ လက်ခံ လိုက်ရတာပဲ ။ အေး..သူ ့ကို ယူမယ့် မြန်မာအမျိုးသား က ဘာလို ့မရှိသလဲ ဆိုရင်..အရင် သူ ့ရည်းစား က လက်ထပ်ပါမယ်လေး ဘာလေး ကတိတွေ ပေးပြီး ၊ လုပ်ချင်သလို လုပ် ပြီး မယူပဲ ပစ်သွားတဲ့ အခါ ၊ မြန်မာမ ခဗျာ သိက္ခာကျ ၊ နာမည် ပျက် ရတာမလား ။ ဒီတော့ သူ ့အနေ နဲ ့သူ ့ကို လက်ထပ်ပေါင်းသင်း ယူမယ့် လူမျိုးခြား ဖြစ်ဖြစ် နိုင်ငံခြားသား ဖြစ်ဖြစ် ယူတာ ဘာဆန်းသလဲ ။

  • manawphyulay

    July 25, 2011 at 11:09 am

    ခုခေတ်ကတော့ ကိုရီးယားကားတွေ အကြည့်များပြီး အတုမယူသင့်တာတွေလည်း အတော်များများက အတုယူလာကြတယ်။ နောက် သူတို့ကို သူတို့ ခေတ်မီတယ်လို့ အပြောခံတာကိုလည်း ခံယူချင်ကြပုံရတယ်။ နောက် ကိုယ်ပိုင်အသိဉာဏ် အားနည်းလာကြတာလားဆိုတာလည်း မဝေခွဲ မပိုင်းခြားနိုင်တော့ပါဘူး။ လက်ခုပ်ဆိုတာလည်း နှစ်ဖက်တီးမှ မြည်ကြရတာဆိုတော့… ယောက်ျားလေးဘက်က အပြစ်မဆိုသာသလို မိန်းကလေးဘက်က ခွင့်ပြု မပြုသင့်ဆိုတဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်တွေနဲ့ အသိအမြင်တွေရှိနေဖို့ အတော့်ကို လိုအပ်ပါတယ်။

  • mknboy

    July 25, 2011 at 4:08 pm

    မြစ်ကြီးနားသား နှာစေးနေပါတယ်…..တိန်…

  • လင်းဝေကျော်

    July 25, 2011 at 5:09 pm

    အဓိက ယောကျာ်းတွေကလည်း အတွေးအခေါ်မြင့်ဖို့လိုတယ်။ နဂျိမိ၇ရ ပြောသလို ဒီကိစ္စအတွက် အမြင်ကျဉ်းပြီး မိန်းမတွေအပေါ် နှိမ်ချင်တာမကောင်းပါဘူး။ ကိုယ်ကတော့ တွေ့ကရာနဲ့ အိပ်တတ်ပြီး ကိုယ့်ရည်းစားက ကိုယ့်ကို ယုံလို့ ပုံပေးတာကို အထင်သေးတဲ့ ယောကျာင်္းတွေ ရှိနေသမျှ မိန်းကလေးတွေကလည်း ဆင်ခြင်သင့်နေသေးတာပဲ။ ယောကျာင်္းတွေက ဒီကိစ္စမှာ မိန်းမတွေအပေါ် အမြင်ပြောင်းလာရင်တော့ ပိုပြီး အမြင်ကျယ်လို့ သဘောထားကြီးလာရင် မိန်းကလေးတွေလည်း သူတို့ရဲ့ စိတ်နဲ့ ခန္ဒာ လှုံ့ဆော်မှုနောက် လိုက်ရဲ ခံစားရဲမှာပေါ့။ အခုတော့ နာဖက်ကချည်း ဆိုတော့ သတိထားနိုင်မှ တန်ကာကျမယ်။

  • pay sote sote

    August 8, 2011 at 1:55 pm

    တော်သေးတာပေါ့ဗျာ .. ယောကျင်္ားလေးမဖတ်ရလို ့ပဲ.. ကိုယ့်ညီတော်နောင်တော်တွေ ဝင်မန်းမှတော့ ကျွန်တော်လဲမနေနိုင်တော့ဘူး နဲနဲတော့ အမြင်လေးဖွင့်သွားဦးမယ်..
    အရှိကိုအရှိအတိုင်းလက်ခံတာအကောင်းဆုံးပဲလို ့ထင်ပါတယ်… အရင်ခောတ်ကိုအခုခေတ်ယဉ်ကျေးမှုနဲ ့ယှဉ်ပြီး ကောင်းတယ်ပြောတတ်ကြသလိုပဲ… နောင်အနာဂတ်က လူတွေက လူတွေထက် ကျွန်တော်တို ့ဒီဘက်ခောတ်က ပိုစောင့်စည်းကောင်းစောင့်စည်းမှာပါ… ခေတ်တစ်ခုရဲ့သဘောတရားတွေလို ့ထင်ပါတယ်.. မှားတယ်မှန်းတယ်ပြောဖို ့မလွယ်ပါဘူး… ခောတ်စနစ်ရဲ့အပြောင်းအလဲနဲ ့လိုက်လျောညီထွေဖြစ်လာကြတဲ့ စိတ်ဓါတ်အပြောင်းအလဲကို ယောကျင်္ားမိန်းမ သုံးနှစ်သုံးမိုးလူပျိုလှည့်.. ကြမ်းတစ်ကျောထဲမထိုင်ရတဲ့ ခေတ်နဲ ့ယှဉ်ကြည့်ရင်တော့ လွန်သလိုဖြစ်နေပါမယ်… အဲဒီတော့ ယောကျင်္ားမိန်းမနေရာတကာမှာ ယှဉ်တွဲနေမှတော့ Hormone တွေရဲ့စေ့ဆော်ချက်နဲ ့ထိန်းသိမ်းမှုတွေ လျော့ရဲကုန်ပါတယ်.. အဲဒါကို မိန်းကလေးတွေရဲ့အားနည်းချက်လို ့မမြင်သင့်သလို… ယောကျင်္ားလေးတွေရဲ့အခွင့်အရေးယူတတ်မှု လို ့လဲမမြင်သင့်ဘူးထင်ပါတယ်…

  • zawthulay

    August 8, 2011 at 4:50 pm

    အင်း.. ဒီလိုတင်တာတော့ကောင်းပါတယ်.. ဒါပေမယ့် ယောက်ကျားလေးတိုင်းလဲ အဲလိုတော့ မဟုတ်ဘူးထင်တာပဲဗျ…. မိန်းကလေးတွေကလဲ သေချာပီဆိုမှ လိုက်လျောသင့်သလို ယောက်ကျားလေးတွေကလဲ စိတ်ထိန်းနိုင်ဖို့ လိုမယ်ထင်တာပဲနော်

Leave a Reply