ကျောင်းသားများ အား ၉၁ ရာခိုင်နှုန်း လျှော့ဈေးဖြင့်ရောင်းချမည့် အစီစဉ်

etoneSeptember 20, 20101min1824

မိုက်ခရို ဆောဖ် ကုမ္ပဏီမှ ထုတ်ဝေသည့် ဝင်းဒိုးဆောဖ် ဝဲ အပြင် မိုက်ခရို ဆောဖ် Office အုပ်စု မှPower Point ,Publisher ,Word, Excel အစရှိသည့်
ဆော်ဝဲ များ ကို အဆင့်မြင့် ပညာသင်ကြားနေ သောကျောင်းသားများ အား ၉၁ ရာခိုင်နှုန်း လျှော့ဈေးဖြင့်ရောင်းချမည့် အစီအစဉ် အား မိုက်ခရိုဆောဖ်ဝဘ်ဆိုတ်တွင် သတင်း ထုတ်ပြန် ထားသည်။အမေရိကန် သို ့မဟုတ် ကမာ္ဘ တဝှမ်း ရှိတက္ကသိုလ် ပညာ သင် ကြားနေ သည့် ကျောင်းသား များအတွက် Windows 7 Professional အား၆၄.၉၅ ဒေါ်လာ နှင့် ရောင်းချပေး မည် ဖြစ်ပြီး ၊Word ,Publisherအပါအဝင် Application ၉ မျိုး ပါဝင်မည့် Office Ultimate2007 အား ၅၉.၉၅ ဒေါ်လာ နှင့် ရောင်းချပေးမည်ဖြစ်သည်။မိုက်ခရို ဆောဖ် မှ ရောင်းချမည့် ကျောင်းသား များ အား ရောင်းချမည့် အစီအစဉ် တွင် ဝယ်ယူမည့်သူဉ် ပညာရပ်ဆိုင်ရာ အဖွဲ ့အစည်း ၏ အီးမေး ဖြစ်သည့် .edu ဖြင့် ဆုံးသည့် အီးမေး (ဥပမာ Berkeley.edu )ဖြင့် မှတ် ပုံတင်ရမည် ဖြစ်သည်။ ကျန် လုပ်ဆောင်ရမည့် အဆင့် များ တွင် ကျောင်းနာမည် ၊ကျောင်းသား ကဒ်နံပါတ် အား မိုက်ခရိုဆောဖ် ၏ သက် ဆိုင်ရာ နေရာ တွင် ဖြည့် စွက်ပြီး ပါက မိုက်ခရိုဆောဖ် မှ သက်ဆိုင်ရာဆောဖ် ဝဲ အား ဒေါင်းလုပ်လုပ် ယူ နိုင်သည့် လင့် နှင့် ကီးဝဒ် တို ့အား သင်မှတ်ပုံ တင် လိုက်သည့် အီးမေးလိပ်စာ ထဲ သို ့ မိနစ် အနည်းငယ် အတွင်း ပြန် ပို ့ပေးမည် ဖြစ်သည်။ဘလောက်ဂါ များ အတွက် အပိုဝင်ငွေ ရှာပေး နိုင်သောအစီအစဉ် တစ်ခု အား ကနေဒါ နိုင်ငံ အခြေစိုက် ALERT PAY ကုမ္ပဏီ က တီထွင် လိုက်သည်။ Alert Pay သည့် ထင်ရှားသည့် အွန် လိုင်း ငွေကြေး ပေးချေမှု
စနစ် တစ်ခု ဖြစ်သည့် Pay Pal ကဲ့သို ့ပင် အွန်လိုင်း ငွေကြေး ကောက်ခံမှု ၊ပေးချေမှု ၊လွှဲ ပြောင်းမှု တို ့ကို လုပ်
ပေး နိုင်သသည်။ Alert Pay တွင် မည်သူ မဆို အခမဲ အကောင့် တစ်ခု ဖွင့် နိုင်ပြီး ထိုကဲ့ သို ့ဖွင့် လှစ်လိုက်
သော Alert Pay အကောင့် ၏ Earn Money တွင် ရှိ သော လင့် ကို သင်၏ ဝဘ်ဆိုတ် ၊ဖိုရမ်၊ဘလောက်၊
E-portfolio တို ့တွင် ချိတ် ဆက် ထားပါက သင့် URL မှ တစ်ဆင့် ထပ်မံ ၍ Personel Pro (သို ့မဟုတ်) Business အကောင့် ဖွင့် လိုက်သည် နှင့် သင်သည်  တစ်ဒေါ်လာ ရရှိမည် ဖြစ်သည်။

4 comments

  • william hoe

    September 21, 2010 at 12:58 pm

    အဲ ့ဒီအ စီအစဉ်ထဲမှာ ကျွန်တော်တို ့မြန်မာနိုင်ငံ က ကျောင်းသားတွေက ဘယ်အဆင့် လောက်ရရင် ဝယ်ယူနိုင်လဲ ဆိုတာသိချင်ပါတယ်…

  • michaelaungpu

    September 25, 2010 at 4:30 pm

    သူငယ်တမ်းအောင်လျှင်ပါ

  • လင်းငယ်

    March 3, 2011 at 5:12 pm

    ဒီအစီအစဉ်က ကျွန်တော်တို့ နိုင်ငံအတွက် မပါဝင်နိုင်တာ ခက်တယ်။

  • naywoonni

    March 4, 2011 at 9:26 am

    သေချာတာပေါ့ဗျာ အကောင့်အသစ်လုပ်ပေးမဲ့ ပုံစံထဲက Choose country – မှာမြန်မာဆိုတဲ့နာမယ် မပါဝင်ပါဘူး။

Leave a Reply