ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ရာတွင် တိပ်ဖြင့် အလုံးစုံရိုက်ကူးပြီးမှ ဖလင်ပေါ် ပြန်တင်စနစ်ဖြင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုကို လတ်တလောတွင် ရိုက်ကူးခွင့်ပိတ်ထားကြောင်း ရုပ်ရှင်လောကသား များထံမှ သတင်းရရှိပါသည်။
“တိပ်နဲ့ရိုက်ကူးပြီး ဖလင်ပေါ် ပြန်တင်တဲ့စနစ်ကို ထုတ်လုပ်ရေးအများစုက စိတ်ဝင်စားကြပေမယ့် အဲဒီ စနစ်မှာအကောင်း၊ အဆိုးနှစ်မျိုးလုံး ရှိနေတယ်။ လက်ရှိအချိန်ထိကတော့ မြန်မာနိုင်ငံမှာ စမ်းသပ်လုပ်ဆောင် နေပေမယ့် အောင်မြင်မှုရပြီ လို့တော့ပြောလို့မရပါဘူး။ လက်ရှိမှာတော့ အဲဒီစနစ်နဲ့ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ဖို့စီစဉ်ထားတဲ့ ထုတ်လုပ်သူတွေကို ရိုက်ကူးခွင့်နားထား တယ်လို့သိရပါတယ်”ဟု ၀ါရင့်ရုပ်ရှင် ထုတ်လုပ်သူတစ်ဦးက ပြောပြခဲ့ သည်။
ယင်းစနစ်အား လေ့လာဆောင်ရွက်နေသူ ဒါရိုက်တာတစ်ဦးက “တိပ်ကနေဖလင်ပေါ် ပြန်တင်တဲ့စနစ် က ဒါရိုက်တာစိတ်တိုင်းကျဖန်တီး ရိုက်ကူးနိုင်ပေမယ့် ရုပ်ရှင်လိုအရည် အသွေးရဖို့ကတော့ ခက်ပါတယ်။ နိုင်ငံတကာနည်းတူ ခေတ်မီစက်တွေ၊ နည်းပညာတွေကို သုံးနိုင်ရင်တော့ တစ်မျိုးပေါ့။ အဲဒီစနစ်နဲ့ထုတ်လုပ်ဖို့ သက်ဆိုင်ရာဌာနမှာ ခွင့်ပြုချက် တင်ထားတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ရိုက်ခွင့်ပိတ်ထား တယ်လို့သိရပါတယ်”ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင် တိပ်ဖြင့်ရိုက်ကူးပြီး ဖလင်ပေါ်သို့ ပြန်တင်သည့် စနစ်ကို ကျန်စစ်မင်းဇာတ်ကားက ပြည်ပတွင်ဦးစွာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
တိပ်ဖြင့်ရိုက်ကူးပြီး ဖလင်ပေါ်သို့ ပြန်တင်သည့်လုပ်ငန်းများ လုပ်ဆောင်ရာတွင် စင်ကာပူနိုင်ငံ၌ သွားရောက်လုပ်ဆောင်မှုများပြီး မြန်မာနိုင်ငံတွင်လည်း စမ်းသပ်လုပ်ဆောင်မှုများ ရှိကြောင်း သိရသည်။

တိပ်ဖြင့်ရိုက်ကူးပြီး ဖလင်ပေါ်သို့ ပြန်တင်ခဲ့သည့် ဇာတ်ကားများ
ကျန်စစ်မင်း
အတိတ်၏အရိပ်
သူငယ်ချင်းယောက္ခမ
နတ်ဖက်တဲ့စုံတွဲများ

တိပ်ဖြင့် ရိုက်ကူးပြီး ဖလင်ပေါ်သို့ ပြန်တင်ပြီး နောက် ပြသရန်စီစဉ်နေသည့် ဇာတ်ကားများ
ကယန်းအလှ
န၀ရတ်ကိုးသွယ်
သမုဒယ
တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ
ထာဝရအလင်းတန်းများ
လက်ပံ(နီသောပန်း)
အမုန်း၏အတ္ထုပ္ပတ္တိဇာတ်ကား
သူရာဘီလူး

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!