ဗမာ့ကြောက်သွေး (ပြင်ဆင်ချက်)

ပူတူးတူးေလးSeptember 20, 20101min29547

ကျွန်မအားလုံးကိုတောင်းပန်ပါတယ် ဒီ post ရေးမိတဲ့အတွက်။  အားလုံး ခွင့်လွှတ်ပေးပါလို့အနူးအညွှတ်တောင်းပန်ပါတယ်။

47 comments

  • juezinko

    September 20, 2010 at 8:42 am

    ကျွန်တော်မေးချင်တာတစ်ခုရှိတယ်။ ခင်ဗျားကဘယ်ဘက်ကလဲ ကြံ.ဖွတ်ကလား၊ ဒါမှမဟုတ် တခြားပါတီတစ်ခုခုကလား။ သေချာတာက ခင်ဗျားက ခရစ်ယာန်တစ်ယောက်လုံးဝမဖြစ်နိုင်ဘူး။ ခင်ဗျားရေးတာနဲနဲ ယုတ်တ္တိမရှိဘူး။ ဘာသာတွေကိုရန်တိုက်ပေးနေသလိုသက်ရောက်နေတယ်ဆိုတာခင်ဗျား ဦးနှောက်ကအစဉ်းစားမိဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ်အခုလိုဘာသာသွတ်သွင်းခဲ.တယ်ဆိုတာလဲ နအဖ စစ်ခေါင်းဆောင်တွေရဲ. အူကြောင်ကြားလက်ချက်ပဲလေ။ ဘာဘဲဖြစ်ဖြစ်ခင်ဗျားက အဖျက်သဘောဆောင်တဲ.လူတစ်ယောက်ဆိုတာသေချာပါတယ်……

  • eros

    September 20, 2010 at 8:57 am

    အဆိုပါပိုစ့်သည် လူမျိုးရေးပုတ်ခတ်စော်ကားခြင်း၊ သွေးကွဲစေခြင်းကြောင့် ဖျက်ပေးပါရန် Admin အားပန်ကြားအပ်ပါသည်။

  • kyansitthar101

    September 20, 2010 at 9:44 am

    ဒီ post ကို ကျနော်လုံးဝ မကြိုက်ဘူး။

  • juezinko

    September 20, 2010 at 9:46 am

    ဟုတ်ပါတယ် ဒီပို့စ်ကိုဖျက်သိမ်းပေးသင့်ပါတယ်…….
    လူမျိုးဘာသာသွေးခွဲပြီး ရန်တိုက်ပေးနေသလိုပါပဲ……..အဲ့ဒီသဘောကိုလဲအများကြီးသက်ရောက်နေပါတယ်..
    စာရေးသူကလည်း မရေးသင့်တာတွေ ဘာလို့ရေးရတာလဲ….မင်းဘာပဲဖြစ်ဖြစ် ဒီလိုပို့စ်ကိုမရေးတာအကောင်းဆုံးပဲ….

    အဆိုပါပိုစ့်သည် လူမျိုးရေးပုတ်ခတ်စော်ကားခြင်း၊ သွေးကွဲစေခြင်းကြောင့် ဖျက်ပေးပါရန် Admin အားထပ်မံပန်ကြားအပ်ပါသည်။

  • ဆူး

    September 20, 2010 at 10:24 am

    ဘာလဲကွာ.. စိတ်ပျက်ဖို့ကောင်းတယ်.. အရေမရ အဖတ်မရ ဘာမှ မသေချာ မရေရာဘဲ လာတင်နေတယ် ဖတ်ရတာတောင် အာရုံနောက်တယ် လုံးဝမ ဖြစ်သင့်တဲ့ ပို့စ်..

  • လင်းဝေကျော်

    September 20, 2010 at 11:08 am

    ကြံ့ဖွံ့ကသေချာပေါက်နိုင်မယ်ဆိုပြီး လူတွေကို သွေးပျက်အောင် ဝါဒဖြန့်နေတာလား။
    ကြိုတင်မဲပေးပြီးနိုင်ရအောင် အခုလုပ်မှာက ရွေးကောက်ပွဲ။
    အခြေခံဥပဒေ ဆန္ဒခံယူပွဲမဟုတ်ဘူး။ မဲဆန္ဒနယ်တွေအများကြီးအတွက် ကိုယ်စားလှယ်အများကြီးပြိုင်ရမှာ။
    တတ်ယောင်ကားတွေ ဖြီးဖြန်း ပြောနေတာနဲ့အဟုတ်မထင်နဲ့။

  • R Ga

    September 20, 2010 at 11:16 am

    ပူတူတူလေးအနေနဲ့ ဒီဆိုဒ်ရဲ့ စည်းမျဉ်းတွေကို သေချာ မဖတ်သားပဲ ရေးသားထားတာတွေ့ရပါတယ်။
    နောက် *ကျွန်မတို့ တိုင်းရင်းသား တိုင်းရင်သူတွေကို အတင်းအဓ္ဓမ ဗုဒ္ဓဘာသာထဲကိုဝင်ခို်င်းတဲ့ အဖြစ်အပျက်တွေက အားလုံးလဲသိကျပါတယ်။ ကျွန်မတို့မိရိုးဖလားကိုးကွယ်လာတဲ့ ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာထဲကို အတင်းသွတ်သွင်းမှုတွေပါ။ *

    စာသားက အမှားချည်းပါပဲ….. ။ စာရေးသူရဲ့ စာတွေက လေ့လာမှုအားနည်းသော ၊ ညဏ်တိမ်သော အတွေးခေါ်နဲ့ ပေါက်တတ်ကရတွေသာဖြစ်ကြောင်း

  • ပူတူးတူးလေး

    September 20, 2010 at 11:39 am

    ပထမဆုံးရေးတဲ့ post မှာ ဘဲအပြောခံနေလိုက်ရတာ။ အော် အော် အနာပေါ်ဒုတ်ကျတော့နာတယ်ဆိုတာဒါမျိုးလား မသိဘူးနော်။
    နောက်ပြီးမိန်းကလေးတစ်ယောက်ကို အများသုံးတဲ့ အွန်လိုင်းမှာ ဆဲဝံ့တာ ဒါဗမာလူမျိုးတွေရဲ့လုပ်ရပ်လား??
    ဟုတ်မှာပေါ့ ဘာမှလက်နက်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် အကြောင်းအမျိုးမျိုးနဲ့အကျဉ်းချထားတယ်ဆိုတော့ ဒါမျိုးကတော့မဆန်းဘူးထင်တယ်။
    ရှင်တို့အတွက်ကတော့ဒါမျိုး postကဆန်းတယ်ထင်မှာဘဲ။ ဒါပေမယ့် တကယ်ခံခဲ့ရတဲ့ ကျွန်မတို့ လူမျိုးတွေကတော့ ဆန်းမှာမဟုတ်တော့ဘူး။

  • ဆူး

    September 20, 2010 at 12:02 pm

    ပူတူးတူးလေး ဒီမှာ ပြောတဲ့ နစ်တိုင်းက ယောကျားတွေ မဟုတ်ပါဘူး။ မိန်းမ မှာလည်း မိန်းမလုပ်ပိုင်ခွင့် အခွင့်အရေးရှိပါတယ်။ ရပ်ကွက်ထဲမှာ ထမိန် စွန်တောင်စွဲပြီး ရန်ဖြစ်တဲ့ ပုံစံမျိုးနဲ့ အစမရှိ အဆုံး မရှိရေးရင်တော့ အများသူငှာ နှာခေါင်း ရှုံမှာဘဲ.. ကိုယ်ဖြစ်ချင်တာကို သူများ အတွေးထဲ ရောက်အောင် ပြောချင်ရင် အသုံးအနှုန်း ညင်သာဖို့ အတွေးအခေါ် အရမ်း အပေါစား မဆန်ဖို့ လိုပါတယ် အထောက်အထား ခိုင်ခိုင်လုံလုံ ဖြစ်အောင်လည်း ရေးသင့်တယ်။ စိတ်ထဲက ရှိတာ အစ အဆုံး အစပ်အစပ်မရှိတဲ့ စာတွေ တင်မှတော့ ဘယ်သူမှ မထောက်ခံဘူး။ အခုမှ အသစ်ဝင်လာလို့ ဝိုင်းကန်ထုတ်နေတာလည်း မဟုတ်ဘူး ဒီမှာ ဘယ်သူကို မဆို လွတ်လပ်စွာ ရေးသားတဲ့ အတွေးအခေါ်တွေကို ထောက်ခံပေးကြတယ် အားပေးကြတယ်။ နောက်ပြီး ဒီမှာ ဒီလို အဆင့်မရှိတဲ့ စာမျိုး ရေးသားခြင်းကို ပြောနေတဲ့ လူတွေ အားလုံးက ဒေါ်စု အကျဉ်းကျနေတာကို ကြည်ဖြူစာ ဝမ်းသာနေတဲ့ လူတွေ တယောက်မှ မပါဘူး အဲဒါလေးတော့ သိစေချင်တယ်။ စာများများတော့ ဖတ်ဖို့လိုမယ်ထင်တယ်။

    • R Ga

      September 20, 2010 at 12:12 pm

      ဟုတ်ပါတယ် ဆူးပြောတဲ့အတိုင်းပါပဲ……အသစ်ဆိုပြီးကန်ထုတ်တာမျိုး ဒီမှာ မရှိပါဘူး။ စေတနာနဲ့ ချင့်ချိန်ရေးသား
      စေချင်လို့ပါ။ နောက် ဒီကလူအများစု ကလည်း ကြံဖွတ်တွေမဟုတ်ပါဘူး။ အားလုံး ဒီမိုကရေစီ ဘက်တော်သားတွေချည်းပါ။ မဆီမဆိုင် အန်တီစုကို ဆွဲထည့်နေတာလည်း မကြိုက်ပါဘူး။ နောက် ဗမာ ဗမာ ကိုင်တုတ်နေတာက လူမျိုးရေး ခွဲခြားမှုပါ…။

  • mhaw.sayar85@gmail.com

    September 21, 2010 at 11:18 am

    ကျွန်တော်လဲ အခုမှ အသစ်ပါ။ပို့စ်တောင် မတင်ဘူးသေးပါဘူး။ပူတူတူးလေး ကို ကွန်မန့်ပေးချင်လို့ကို အကောင့် အသစ်ဖွင့် ဝင်လာတာပါ။ ထားလိုက်ကြပါ။ နာမည်ကိုက ပူတူးတူးလေး ဟာကို ။ ကလေးအတွေးနဲ့ ရေးချင်ရာတွေ လျှောက်ရေးနေတာပါ။ မြန်မာလူမျိုးကိုစော်ကားထားပါသည်။ ဗုဒ္ဓဘာသာကို စော်ကားထားပါသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်စီးအောင် လုပ်နေပါသည်။(အစိုးရ စကားလုံးကို ယူသုံးထားပေမယ့် စည်းလုံးညီညွတ်ရေးဆို တာ တကယ် အရေးကြီးပါသည်။
    ကလေး အတွေးနဲ့ ရေးချင်တာရေးပေမယ့် ဖြစ်လာမယ့် အကျိုးဆက်ကို သေချာစဉ်းစားဖို့လိုမယ်ထင်ပါတယ်….
    အတိုချုပ်ပြောရရင် ပူတူးတူးလေး ကို လုံးဝ ကန့်ကွက်ပါတယ်……

  • mhaw.sayar85@gmail.com

    September 21, 2010 at 11:34 am

    ကိုရေးထားတဲ့ ပို့စ်ကို အားလုံးက ဒီလောက်တောင် ဝိုင်းပြောနေတာတောင် မဖျက်သိမ်းသေးပဲ ကက်ကက်လန် ပြန်ရန်တွေ့နေတာ လုံးဝမဖြစ်သင့်ပါ။ မင်းရေးထားတဲ့ပို့စ်မှာ ကုသိုလ်၊ပညာ၊ဥစ္စာ ရစရာအတွေးအမြင် တစ်ခုမှ မပါပါ။ စကားလုံးကြီးကြီး သုံးရရင် အပြုသဘောဆောင်တဲ့ ပိုစ့်မဟုတ်ပါဘူး၊ မင်းကို မသိချင်ယောင်ဆောင်ပြီး ကျော်ဖတ်သွားရင် ရတယ် ၊ဘာလို့ပြောနေတာလဲဆိုတော့ မင်းလို အပြုသဘောမဆောင်တဲ့ သူတွေ အွန်လိုင်းမှာ တိုးလာမှာဆိုးလို့ပါ။ ငါတို့က အွန်လိုင်းကို သုံးနေတာ သတင်းတွေ သိချင်လို့၊ ဗဟုသုတ တစ်ခုခု ရချင်လို့။မင်းရေးထားတာလို အရည်မရ အဖတ်မရ အဖျက်သဘော ပို့စ်တွေကို ဖတ်ချင်တာမဟုတ်ဘူး။မင်းလိုလူတွေများလာရင် အွန်လိုင်းမှာ အရည်မရ အဖတ်မရတွေ များလာလိမ့်မယ်။။။
    ——-အက်ဒမင်ခင်ဗျား ဒီပိုစ်ကို မဖျက်ပဲထားရင်လဲ ထားလိုက်ပါ——–
    ဒါမှ ဒီလို အရည်မရ အဖတ်မရ အလကားနေ သူများကို ပုတ်ခတ်ချင်နေတဲ့သူတွေကို ပတ်ဝန်းကျင်က ဘယ်လိုတုန့်ပြန်သလဲ ဆိုတာ သိသွားပါလိမ့်မယ်။

  • mhaw.sayar85@gmail.com

    September 21, 2010 at 1:06 pm

    အေး ဘယ်လိုပဲ ဖြစ်ဖြစ်…မင်းတို့တွေ ဖိနှိပ်ခံရတယ် ထားပါဦး။(မင်းပြောသလိုဆိုရင်နော် တကယ်ရှိမရှိ ကျွန်တော်မသိဘူး)မင်းတို့ကို ဖိနှိပ်တယ်ဆိုတာ လူလက်တစ်ဆုတ်စာ ဖြစ်မှာပါ။
    အခုတော့ မင်းက တို့ဗမာတွေ ဒုက္ခရောက်တော့မယ်ဆိုပြီး အွန်လိုင်းမှာ ဝမ်းမြောက်ဝမ်းသာ လက်ခုတ်လက်ဝါးတီးပြီး ပြောဆိုနေတာ ကောင်းသလား။ သူများဒုက္ခရောက်တာကို ဝမ်းသာနေတာ လူကောင်းအလုပ်လား။ ပြီးတော့ ဒါလူတိုင်းလာဖတ်နေတဲ့နေရာလေ.။ လူမျိုးပေါင်းစုံ လာဖတ်နေတာလေ။
    ဒီအရေးအသားမျိုး ဘယ်သူလက်ခံနှိုင်မလဲ ။ မင်းတို့ကို ကိုယ်ချင်းစာစေချင်ရင် ကိုယ်ချင်းစာအောင်ရေးလေ…
    ဘာလို့ (ရှက်ဘို့လဲကောင်းတာက ဗမာ့ငကြောက်သွေးဆိုတာပါ။ နောက်ကွယ်ကျရင်အော်ကြီးဟစ်ကျယ် ရှေ့ကွယ်ရောက်ရင်ဖင်တုန်အောင်ကြောက်တဲ့ ဗမာ့သွေးလားလို့မေးချင်ပါတယ်ရှင်။) ဆိုပြီးရေးလဲ….
    သူများဒုက္ခရောက်တုန်း မင်းဝမ်းသာနေတာ လုံးဝ လူကြီးလူကောင်းမပီသဘူး။ ထပ်ပြောဦးမယ်
    မင်း ဒီလို ထပ်ပြီး အားလုံးကို မစော်ကားပါနဲ့…………………..

  • ပူတူးတူးလေး

    September 21, 2010 at 1:35 pm

    “အေး ဘယ်လိုပဲ ဖြစ်ဖြစ်…မင်းတို့တွေ ဖိနှိပ်ခံရတယ် ထားပါဦး။(မင်းပြောသလိုဆိုရင်နော် တကယ်ရှိမရှိ ကျွန်တော်မသိဘူး)” ဆိုတော့ သိတဲ့လူတွေနည်းနဲလို့ ကျွန်မက အခုလိုရေးရတာပေါ့ရှင်။ တစ်ခြားဘာသာတွေကိုစော်ကားပြီးရေးထားတွေကျတော့ဖတ်လို့ကောင်းတယ်ပေါ့။ အားလုံးကိုစော်ကားတာတော့မဟုတ်ဘူး အမှန်တရားကို ပြောနေတာပါ။ planet.com.mm မှာဆိုရင်တစ်ခြားဘာသာတွေကိုပြောတာရစရာမရှိဘူး။ အဲဒါတွေ ဗမာတွေမဟုတ်လို့ဘာတွေလဲ။

  • True Faith

    September 21, 2010 at 1:45 pm

    ခင်ဗျားက သူများ နားဝင်အောင် မပြောတတ်ပေမယ့် သူများ အမြင်ကတ်အောင်၊ ဒေါသထွက်အောင်တော့ ပြန်ရန်တွေ့တတ်တယ်နော်။ တိုင်းရင်းသူတွေထဲမှာ ဒီလောက် မြန်မာလို လည်လည်ပတ်ပတ် ရေးတတ် ပြောတတ်သူ ရှားလိမ့်မယ် ထင်တယ်ဗျ။

    ခင်ဗျား ရေးတဲ့စာမှာက ဗုဒ္ဓဘာသာကို သွတ်သွင်းတဲ့ စစ်အစိုးရကို ကျတော့ဖော့ရေးထားပြီး ဗမာဆိုတဲ့ စကားလုံးကိုကျတော့ ထပ်ခါထပ်ခါသုံးပြီး ဖိရေးထားတယ်။ ဖတ်ကြည့်ပြီးတော့ ကျနော့်စိတ်ထဲ တမျိုး ခံစားမိတယ်။ တနည်းအားဖြင့် ခင်ဗျားစာတွေနောက်ကွယ်မှာ မရိုးသားတဲ့ ရည်ရွယ်ချက်၊ လူမျိုးရေး လှုံ့ဆောင်လိုတဲ့ ရည်ရွယ်ချက်ပါနေတာကို ခံစားမိတယ်။

    ဒီလိုပြောလို့ ကျမရေးတဲ့စာက ရှင့်အတွက်”အနာပေါ် ဒုတ် ကျသွားသလား ရှင်”လို့ ကျနော့်ကို ခနဲ့ဖို့ မကြိုးစားနဲ့။ ကျနော်က ဗမာမဟုတ်ဘူး။ ဗမာပြည်မှာမွေးတဲ့ ချင်းတိုင်းရင်းသား။ ဒါပေမယ့် ခင်ဗျားလို ဗမာတွေ ဝဋ်လည်တယ်ဆိုပြီး တရားရသလိုလို၊ ဝမ်းသာသလိုလိုတော့ မခံစားမိဘူး။

    ဗမာတွေအရေးဟာ တိုင်းရင်းသားအားလုံးရဲ့ အရေးဖြစ်တယ်။ တိုင်းရင်းသားအားလုံးရဲ့ အရေးဟာလည်း ဗမာ့ အရေးပဲဖြစ်တယ်။ ဗမာစစ်ကျွန်ဖြစ်ရင် အားလုံးလည်း စစ်ကျွန်ပဲ။ မြန်မာပြည်ထဲကို ခင်ဗျား လက်ညှိုးညွှန်ပြစမ်း။ ဒီစစ်အစိုးရက ဘယ်လူမျိုးကိုများ ပစားပေးထားလို့လဲ။

    အာဏာကို ဓားပြတိုက်သလို ယူထားပြီး အုပ်ချုပ်နေတဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ ဗမာဖြစ်တာနဲ့ ကျန်တဲ့ ဗမာတွေကို ဝါးလုံးရှည်နဲ့ မရမ်းနဲ့ဗျ။ စစ်ခေါင်းဆောင် ဗမာနဲ့ ပြည်သူလူထုဗမာကို ရောမချနဲ့ ဟုတ်ပြီလား။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဗမာတွေ အများကြီး။ လူမျိုးတိုင်းမှာ သမ္မတ မရှိပေမယ့်၊ မုဒိန်းကောင် ရှိတယ်။ ရာဇဝတ်မှု ကျူးလွန်သူရှိတယ်။ ဘယ်လူမျိုးမှာမှ ခြောက်ပစ်ကင်း သဲလဲစင်တဲ့လူမျိုး မရှိခဲ့ဘူး။ အဲဒါ ခင်ဗျား နားလည်ထား။

    ခင်ဗျားက ကိုယ့်ကိုယ်ကိုတောင် ဘယ်တိုင်းရင်းသားပါလို့ ဝန်မခံရဲဘူး မို့လား။ ဝန်မခံရဲတဲ့ ခင်ဗျားရဲ့ လူမျိုးထဲမှာလည်း ခုနကပြောခဲ့တဲ့ လူစားမျိုးတွေ ရှိတယ်။

    ပြည်ထောင်စုဆိုတာ ပြည်နယ်တွေ၊ တိုင်းတွေနဲ့ လူမျိုးအစုံ စုထားလို့ ပြည်ထောင်စုလို့ ခေါ်တာ။ ဒီပြည်ထောင်စုထဲမှာ နေသူအားလုံးဟာ ပြည်ထောင်စုသားတွေချည်းပဲ။ ခွဲခြားလို့ မရဘူး။ ခန္ဓာကိုယ် တခုလိုပေါ့။ အစိတ်အပိုင်း တခုခုမှာ အနာတရ ဖြစ်နေရင် ခန္ဓာကိုယ်ကြီး နာကျင် ထိခိုက်တာပဲ။

    ဗုဒ္ဓဘာသာထဲကို အတင်းသွပ်သွင်းတယ်လို့ ခင်ဗျားက ပြောတယ်။ ဘယ်တုန်းက ဘယ်နယ်မှာ ဘယ်တိုင်းရင်းသားတွေကို သွတ်သွင်းတာလဲ။ ဘယ်လို ခြိမ်းခြောက်ပြီး အတင်းသွတ်သွင်းသလဲ။ ခင်ဗျားပြောပြတဲ့ အဖြစ်အပျက်ကို နားထောင်ချင်တယ်။ တကယ့်အစစ်အမှန်ဆိုရင် ခင်ဗျား ပြောပြနိုင်ရမယ်။

    ကျနော့်အနေနဲ့တော့ ခင်ဗျား တိုင်းရင်းသားလို့ ပြောတာကိုလည်း သံသယရှိသလို၊ ခင်ဗျား ပြောတဲ့ ဗုဒ္ဓဘာသာကို အတင်းသွတ်သွင်းတယ်ဆိုတာကိုလည်း သံသယရှိနေတယ်။ တကယ်လို့ ကျနော့် သံသယကို ခင်ဗျား ချေဖျက်နိုင်ခဲ့ရင် ခင်ဗျားအပေါ် အထင်လွဲမိတဲ့ကိစ္စကို ပြန်တောင်းပန်ပေးမယ်။

    ဒါပေမယ့် ကျနော့် အတွေ့အကြုံအရ ပြောရမယ်ဆိုရင် အစိုးရလက်ပါးစေတွေက ပွဲဆူအောင်၊ လူမခံချင်အောင် တမင်ရေး၊ အဲဒါကို လူတွေက မခံချိ မခံသာဖြစ်ပြီး တုန့်ပြန်၊ ဖွတဲ့လူက ဝမ်းသာပြီး တခါထပ်ဆွပေး၊ လူတွေကလည်း ပြန်ပြောကြ ဝေဖန်ကြနဲ့ စိတ်အနှောက်အယှက်ဖြစ်အောင် Mind Game လုပ်လေ့ရှိတယ်။

    နောက်ဆုံးတော့ ဘာအမြတ်ထွက်သတုန်း အချိန်ကုန် လူပန်းပြီး ဒေါသတွေ အမုန်းတွေ ပိုများလာတာပဲ အမြတ်ထွက်တော့တယ်။ အခုတောင် Reply လုပ်ရတာနဲ့ ကျနော့်အချိန်တွေ အခိုးခံလိုက်ရပြီ။ ဒါပေမယ့် ဘော်ဒါတွေ သိအောင် ပြောပြခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။

    (ပူတူတူးလေးကိုတော့ အစိုးရ လက်ပါးစေလို့ ကျနော် မပြောဘူးနော်။)

  • intro

    September 21, 2010 at 1:49 pm

    ဟုတ်ပါတယ်… မင်းမှာလဲ မင်းခံစားချက်နဲ့ မင်း ရှိမှာပါ… မင်းပြောသလို မင်းတို့ တိုင်းရင်းသူတွေအပေါ် အတင်းအကြပ် ဘာသာပြောင်းခိုင်းတဲ့ အဖြစ်တွေ ရှိကောင်း ရှိနိုင်ပါတယ်… မင်းမကျေနပ်ချက်တွေလဲ ရှိချင်ရှိနေမှာပါ… ဒါကတော့ မင်းရဲ့အပြစ်မဟုတ်ပါဘူး… မင်းမကျေနပ်တာကို လွတ်လပ်စွာ ပြောဆိုခွင့်တော့ ရှိပါတယ်… ဒါပေမယ့်ကွာ အကြောင်းအရာ တစ်ခုကို ပြောချင်တယ်ဆိုရင် အနည်းဆုံး တော့ ဒီထဲမှာ ရှိတဲ့ Member တွေ၊ Reader တွေ လက်ခံနိုင်လောက်အောင်တော့ ပြောတတ်ဖို့လိုသေးတယ်… မင်းက ဗမာတွေကို မုန်းတယ်ဆိုရင်လဲ မမုန်းပါနဲ့လို့တော့ မပြောလိုပါဘူး… မင်းစိတ်နဲ့ မင်းပဲ… ဒါပေမယ့် ငါတို့ကတော့အလကားနေရင်း အစော်ကားတော့ မခံချင်ဘူး… သိချင်တာတစ်ခုက မင်း ဒီ Post ကိုတင်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ?

  • onlinezz

    September 22, 2010 at 2:22 am

    ရည်ရွယ်ချက်မရှိ၊အနှစ်သာရ ဘာမှန်းမသိ၊နေတာက မြန်မာပြည်။ရေးထားတော့ ဗမာသွေးတဲ့။ကိုယ်စာကိုယ် ပြန်ဖတ်လိုက်ပါအုံး။

  • ဆူး

    September 22, 2010 at 3:26 am

    ပူတူးတူးလေး..မင်းတော်တော် သနားဖို့ကောင်းတာဘဲ.. တယောက်ပြီးတယောက် မင်းရဲ့ အတွေးအခေါ် တိမ်တိမ်နဲ့ ပြောနေတာတွေကို လက်မခံဘဲ အားလုံးက ဝိုင်းပြောကြတယ်။ မင်းကိုယ်တိုင်လည်း ဘာလူမျိုးလဲဆိုတာ ပြန်လိုက်တဲ့ ပြန်စာတိုင်း ထုတ်ဖော်မပြောဘူး။ မင်းမတရားခံရတာ မင်းတို့ကို ဘာသာရေး သွပ်သွင်းတာ ဒါဘဲပြောတယ်။ မင်းလိုဘဲ အားလုံးက ဘယ်သူမှ လက်နက်မရှိဘူး။ ထောင်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလည်း လက်နက်မရှိလို့ ထောင်ထဲရောက်နေတာ သို့မဟုတ် လက်နက်ကိုင် တောတွင်းပုန်း သူပုန်မဟုတ်လို့။ မင်ကိုယ်တိုင်ကော ရိုးသားရဲ့လား သူများတွေသံသရ ဖြစ်တဲ့ အတိုင်း မင်းက နိုင်ငံရေး လှုံဆော်သူလား။ တိုင်းရင်းသား ဆိုတဲ့ စကား တရပ်နဲ့ အားလုံးကို သွေးခွဲချင်လို့လား။ မင်းက ပြောချင်တဲ့ အချက်အလက်ကို သေချာ အစီအစဉ် တကျ မပြောတတ်ဘဲ အားလုံးကို ဝါးလုံးရှည်နဲ့ ရမ်းမှတော့ မင်းကို ဘယ်သူက လက်ခံမလဲ။ ဆူးလည်း ဗမာ မဟုတ်ဘူးနော်။ ဗမာမြေမှာနေပြီး ဗမာရေသောက်ပြီး ကြီးလာကြတာဘဲ။ တကယ်တမ်းပြောရရင် ဗမာဆိုတာ ဒီနိုင်ငံမှာ လူနည်းစုပါ။ အားလုံးက တိုင်းရင်းသားတွေကြီးဘဲ အမျိုးပေါင်းများစွာ ရှိနေကြတာ မင်းကလည်း တိုင်းရင်းသားဆိုတော့ မင်းနဲ့ ငါ ဟိုဘက်အိမ် ဒီဘက်အိမ်နေတဲ့ တိုင်းရင်းသားတောင် ဖြစ်ချင် ဖြစ်နေအုန်းမယ်။ ဒါနဲ့ planet.com.mm မှာ တခြားဘာသာတွေ မရေးရအောင် နေရာ မပေးတာ မဟုတ်ဘူး ပြသနာတွေ ကြီးထွားပြီး ဘာသာရေး အထိကရုန်းတွေ ဖြစ်ကုန်မှာ စိုးတဲ့ အတွက် တခြား ဘာသာတွေရဲ့ ပိုစ်တွေကို ဖျောက်လိုက်တာ.. web ထောင်တဲ့ ပိုင်ရှင်က ပြသနာ တစုံတရာ ဖြစ်လာရင် သူတာဝန်မယူနိုင်တဲ့ အတွက် ကျန်တဲ့ ဘာသာတွေ ကို တော့ပစ် အနေနဲ့ အရေးမခံတော့တာ။ ပူတူးတူးလေး ကိုယ်တိုင် တာဝန်ယူနိုင်ရင် web တခုထောင်ပြီး ဘာသာရေး ပို့စ်တွေ စိတ်ကြိုက်တင်ပေါ့။ လူတိုင်း လုပ်နိုင်ရင် လုပ်လို့ရတဲ့ ကိစ္စကြီးဘဲ။ အခု ရတနာပုံ သတင်းစာမှာလည်း ဘာသာရေးနဲ့ ပတ်သတ်ပြီး အငြင်းအခုန် ပြသနာဖြစ်မှာ ကို မလိုလားတဲ့ အတွက် ခွင့်မပြုတာ။ ဒါနဲ့ တခု မေးချင်လိုက်တာ `နောက်ကွယ်ကျရင်အော်ကြီးဟစ်ကျယ် ရှေ့ကွယ်ရောက်ရင်ဖင်တုန်အောင်ကြောက်တဲ့ ဗမာ့သွေးလားလို့မေးချင်ပါတယ်ရှင်။ ဗမာ့သွေးပိုင်ရှင်တွေပြောရင်းပြောရင်းနဲ့ သူတို့လက်အောက်ကိုရောက်တော့ပါမယ်ရှင်။´ အဲဒီ စကားကို ပြန်မေးချင်လို့ ပူတူးတူးလေး သတ္တိရှိရင် ကို်ယ်မှာ ဗုံးချိတ်ပြီး မဲသွားပေးလေ။ ဒါလည်း သတ္တိရှိကြောင်းပြနည်းဘဲ။ ဖင်တော့ မတုန်လောက်ပါဘူးနော်။

  • william hoe

    September 22, 2010 at 6:13 am

    အတင်းအဓ္ဓမ ဗုဒ္ဓဘာသာထဲကိုဝင်ခို်င်းတဲ့ အဖြစ်အပျက်တွေ ” ဆိုတာကတော ့မရိုက်စိုင်းလွန်းဘူးလားဗျ… အဲလို ဝင်ခိုင်းတိုင်း ဝင်ရအောင် ခင်ဗျားတို ့က သူငယ်နှပ်စားတွေ မို ့လို ့လား… ကျွန်တော်တို ့ဗုဒ္ဓဘာသာမှာ ကိုယ့် ဘာသာထဲ ဝင်အောင်လို ့အတင်း အဓ္ဓမပဲ ဖြစ်ဖြစ်၊ စည်းရုံးပြီးပဲ ဖြစ်ဖြစ် မရှိဖူးသလို မကြားဖူးဝူးဗျ… ရန်ကုန် မြို ့လယ်ခေါင်ထိ အိမ်တိုင် ရာရောက် ဝါဒ ဖြန် ့နေတဲ ့ ခရစ်ယာန် ဘာသာဝင်တွေ လာတာတော့တွေ ့မိတယ်ဗျ….ခင်ဗျားကိုမမြင်ချင်ဘူးဗျာ ဒီကနေ ဒိုးတော့။ ကျွန်တော်တို့ကရိုင်းရိုင်းဘဲဗျာ။ သိဘီလား။

  • ပူတူးတူးလေး

    September 23, 2010 at 12:49 pm

    ကျွန်မအားလုံးကိုတောင်းပန်ပါတယ် ဒီ post ရေးမိတဲ့အတွက်။ အားလုံး ခွင့်လွှတ်ပေးပါလို့အနူးအညွှတ်တောင်းပန်ပါတယ်။

  • khunmyat

    September 23, 2010 at 3:07 pm

    ကျွန်တော်လည်း တစ်ခုလောက်ပြောပါရစေ … ကျွန်တော်စဉ်းစားကြည့်တာ သူတို့က ဗုဒ္ဓဘာသာထဲ သွတ်သွင်းတယ်ဆိုတာ ဘယ်လိုလဲတော့ မသိဘူး …. ဒါပေမယ့် ကိုယ်ကိုးကွယ်တဲ့ဘာသာက အမြဲတန်းစိတ်ထဲမှာမရှိဘူးလား သူတို့အတင်း ကိုးကွယ်ခိုင်းတဲ့ အမြဲစိတ်ထဲမှတ်သွားမှာပါလား… ကိုယ်ကိုးကွယ်တဲ့ဘာသာက ကိုယ့်စိတ်ထဲမှာရှိနေရင် မပြီးဘူးလား… မြန်မာလူမျိုးအချင်းချင်း ဒီလိုတွေပြောနေကြတာ မကောင်းပါဘူး… ကျွန်တော်ပြောတာမှားရင်လည်း အားလုံးကိုတောင်းပန်ပါတယ်….. ကျွန်တော်ပြောချင်တာ ဟိုးအရင်ကတည်းက လူတွေက ဘာသာရေးခွဲခြားမှုတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲပြီး စစ်ဖြစ်တဲ့အထိပါ… ဒါရဲ့ နောက်ဆုံးအကျိုးရလဒ်ကမကောင်းပါဘူး … လူမျိုးဘာသာရေး ခွဲခြားတာတွေ မရှိစေချင်ဘူး .. မမုန်းစေချင်ဘူး … အားလုံးကလူတွေပဲဟာ… ကျွန်တော်ပြောတာ နိုင်ငံရေးအကြောင်းမပါပါဘူး

  • kyansitthar101

    September 23, 2010 at 3:18 pm

    ပူတူးတူးလေး …. ကျနော် ပေးထားတဲ့ comment က ပူတူးတူးလေးကို ရစရာမရှိအောင် ပြောမထားဘူးနော်။
    နောက်ပြီး ပူတူးတူးလေး ကို ကျနော် ထင်မြင်ချက်လေးပြောပြမယ်။ ဒီ post က အရမ်း အန္တရာယ်များတယ်လို့ ထင်ပါတယ်။
    တစ်နိုင်ငံလုံး မှာရှိတဲ့ ပြည်သူတွေ တိုင်းရင်းသားတွေ အားလုံးအတွက် အန္တရာယ်များတယ်လို့ ကျနော်ထင်တယ်။
    အဲဒါကြောင့် ကျနော် ဒီ post ကို လုံးဝ မကြိုက်ဘူးလို့ ပြောခဲ့ တာ။

  • Gong Zhu

    September 23, 2010 at 4:28 pm

    ဒီရက်ပိုင်း အတွင်း ဒီပို့စ်မှာ ကောမန့် အများဆုံးပဲနော် . . .

  • kopauk mandalay

    September 23, 2010 at 4:28 pm

    အရင်ကဘာဖြစ်ဖြစ် အခုအချိန်မှာအားလုံးစည်းလုံးနေဘို့လိုပါတယ်။
    မကျေနပ်လို့ပြောရင်တောင်မှ ကို်ယ်အဓိက မကျေနပ်သူကိုသာဦးတည်ပြောသင့်ပါတယ်။
    ဗမာရယ် ချင်းရယ် ကချင်ရယ်ကရင်ရယ် ကယားရယ်ဆိုတဲ့လူမျုးိစုကိုညွန်းတဲ့ ယျေဘုယျ စကားလုံးမသုံးသင့်ပါဘူး။
    တကယ်အဖြစ်မှန်သာဆိုရင် ဘယ်မြို့ ဘယ်ဒေသ ဘယ်အချိန်မှာ ဘယ်သူက ဆိုတာကိုနာမယ်တတ်လို့ တိတိကျကျပြောသင့်ပါတယ်။
    အားလုံးကိုသိမ်းကြုံးပြီး ဗမာကြောက်သွေးလို့ ပြောတာကတော့ တရားမျှတမူ့မရှိဘူးလို့ထင်ပါတယ်။
    တကယ်ပြောချင်ရင် လူနာမယ်ကိုတတ်ပြီးသာ တိတိကျကျပြောလိုက်ပါ။
    ဘယ်လူမျိုးစုမဆို အားလုံးပေါင်းလိုက်ရင် မြန်မာပြည်သားတွေ အတူတူပါဘဲလို့ ကျနော်ယူဆပါတယ်.။
    လူတစ်ယောက်ခြင်းရဲ့ မကျေနပ်မူ့ကို လူမျိုးစုနဲ့ရောထွေးပြီး ပြောရင် ဘယ်သူမှလက်ခံနိုင်မယ်မထင်ပါဘူး။
    တကယ်စိတ်ရင်းအမှန်နဲ့ ကောင်းစေချင်လို့ပြောတယ်ဆိုရင် လူအားလုံးက လက်ခံမှာပါ။
    ဘယ်လိုရည်ရွယ်ချက်နဲ့ပြောတယ်ဆိုတာကတော့ ကာယကံရှင် ကို်ယ်တိုင်က အသိဆုံးဖြစ်မှာပါ။
    တိတိကျကျပြောရရင် ကျနော်က 19ယောက်မြောက်လူသားမဟုတ်ပါ။
    ပြောသင့်တယ်ထင်တာကို ဝင်ပြောတာပါ။
    သူများကိုယ်ကြောက်သွေးပါတယ်လို့ ပြောမယ့်အစား ငါကိုယ်တိုင်ရော ကြောက်တတ်သလား မကြောက်တတ်ဘူးလားလို့ ပြန်လည်ဆန်းစစ်ကြည့်ပါ။
    ကျနော်ကတော့ကြောက်တတ်လို့ ကလောင်နာမယ် နစ်နိမ်းနဲ့ အကောင့်ဖွင့်ပြီးရေးပါတယ်။
    မကြောက်တတ်ဘူးဆိုရင်တော့အခုလို ကလောင်နာမယ်တွေနဲ့ရေးမနေပါနဲ့။
    နာမယ်အရင်း မှတ်ပုံတင် နေရပ်လိပ်စာအပြည့်အစုံနဲ့သာရေးတင်လိုက်ပါ။
    အားလုံးက ဂုဏ်ပြုပြီးလက်ခုပ်တွေဝိုင်းတီးပေးမှာပါ။
    ကျနော့်ကလည်း မတ်တပ်ရပ်ပြီးတောင် လက်ခုပ်တီးပေးအုံးမှာပါနော.။
    ဒါက ရန်တွေ့တဲ့စာမဟုတ်ဘူးနော်။
    ဖြစ်သင့်တာလေးကိုပြောပြတာ။

  • ပူတူးတူးလေး

    September 24, 2010 at 3:38 pm

    ဟုတ်တယ် ဒီရက်ပိုင်းအတွင်း မှာ COMMNETS အများဆုံးဘဲ။ ဝင်ဆဲတာလဲအများဆုံးပါဘဲ။ တော့ပစ်နဲ့လိုက်တာပေါ့ရှင် အများနဲ့ဝင်ဆဲရဲတဲ့သတ္တိ။

  • မှော်ဆရာ

    September 24, 2010 at 4:51 pm

    မင်းပြောသလိုဆိုရင် ဒီမှာ လာကြည့်တဲ့သူတွေက မင်းကို ဝိုင်းဆဲလို့ အားလုံးက ဗမာ ငကြောက်တွေပေါ့လေ….
    တခြားပို့စ်တွေ ၊ ကွန်မန်းတွေ လိုက်ကြည့်ပါဦးကွာ ….
    သူများတွေ ရေးတဲ့လူကရေး ၊ အားပေးတဲ့သူကပေးနဲ့ အဆင်ပြေနေလိုက်ကြတာ စိတ်ကြည်နူးစရာ
    မင်းလောက်အားပေးခံရတဲ့ပိုစ် ၊ မြို့မေတ္တာ ခံယူူတဲ့ပိုစ်ရှိလားလို့ ….
    သူတို့တွေလဲ တစ်ယောက်ကိုတစ်ယောက် မသိကြပါဘူး။ ဒါပေမယ့် ယဉ်ယဉ်ကျေးေးကျး အားပေးကြတယ်
    ဒါပေမယ့် မင်းကျမှ ဘာလို့ ဒီလိုတွေ ဖြစ်ကုန်သလဲ ဆိုတာ မင်းမသိပေမယ့် အားလုံးက ရှင်းရှင်းလင်းလင်းမြင်တယ်ကွ …..
    ကိုက အများနဲ့ အဆင်မပြေအောင်နေပြီးတော့ အားလုံးက ဝိုင်းဆဲမှ ကျွန်မ ကို ဝိုင်းဆဲပါတယ်ရှင်မလုပ်နဲ့
    သူများပြောရအောင် မင်းကြတော့ရော…….
    ခရစ်ယန်ပါဆိုပြီး ဘာသာရေးကို အကာအကွယ်ယူ….
    တိုင်းရင်းသူပါဆိုပြီး ……လူမျိုးရေးကို အကာအကွယ်ယူ… ပြီးမှ မင်းက ထိုင်စော်ကားတာ…..
    ကျန်တဲ့သူတွေ ဝိုင်းပြောတော့ ( ခရစ်ယန် ကိုးကွယ်သူကို ဆဲပါတယ်ရှင် ……
    တိုင်းရင်းသူလေးကို မညာမတာ ဝိုင်းဆဲ ပါတယ်ရှင် )ဆိုပြီး မင်းက သနားအောင်ငိုပြပြီး
    မင်းကိုဆဲတဲ့သူတွေကို ခရစ်ယန်တွေ ….တိုင်းရင်းသား/တိုင်းရင်းသူတွေနဲ့ ရန်တိုက်ပေးနေတာ
    မင်းလောက် မိုက်ရိုင်းတဲ့သူ ရှိသေးလား ။ မင်းလောက်ကြောက်တဲ့သူရှိသေးလား
    ငါပြောမယ် ….မင်းအွန်လိုင်းမှာ မို့လို့ပေါ့……
    အပြင်မှာဆို မင်းမလွယ်ဘူး။
    အားလုံးကို ကျွန်တော်ပြောပါမယ်။
    တိုင်းရင်းသားများ ၊ တိုင်းရင်းသူများကို မြန်မာလူမျိုးများနှင့် သွေးကွဲအောင် သွေးခွဲသောကြောင့် လည်းကောင်း
    ကမ္ဘာလောကကြီး အေးချမ်းသာယာအောင် သူ့နည်းသူ့ဟန်ဖြင့် ကြိုးပမ်းနေကြသော အဓိက ဘာသာကြီး နှစ်ခုဖြစ်သော ခရစ်ယန်ဘာသာနှင့် ဗုဒ္ဓဘာသာအား မညီမညွတ်ဖြစ်အောင် ဂုန်းတိုက် သွေးခွဲသောကြောင့် လည်းကောင်း ယခုပို့စ်အားရေးသားသူ ပူတူးတူးလေး အား ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။
    ယခုလို ရုှုံ့ချခြင်းသည် ခရစ်ယန်ဘာသာအားလည်းကောင်း ၊ တိုင်းရင်းသား/သူ ညီအကို မောင်နှစ်မများကိုလည်းကောင်း ထိခိုက်စေလိုခြင်း လုံးဝမရှိပဲ…….ပို့စ်ရေးသားသူ ပူတူးတူးလေးကိုသာလျှင် ဖြစ်ကြောင်း သိစေအပ်ပါသည်။

  • Gong Zhu

    September 24, 2010 at 6:34 pm

    ဘာ ဘာသာပဲ ကိုးကွယ် ကိုးကွယ် လူတိုင်းရဲ့ သွေးကတော့ ရဲနေတာပါပဲ . . . ဝါနေ ပြာနေ တဲ့ သွေးတွေ မရှိပါဘူး . . . ဒါဆိုရင် တစ်ခုမေးပါရစေနော် . . . ပူတူတူးလေးကရော ဘယ်လောက် သတ္တိ ရှိလဲ သိပါရစေ . . .
    ပူတူတူးလေးက ရော ဘာဆိုဘာမှ မကြောက်တတ်တော့ဘူးလား . . . ဗမာတွေမှ မဟုတ်ပါဘူး . . . လူမျိုးတိုင်း လူတိုင်းဆဲတတ်ပါတယ် planet.com.mm မှာ ဗမာတွေပဲသုံးနေတာ မဟုတ်ပါဘူး . . . ဘာသာ မတူ ၊ လူမျိုး မတူတဲ့ လူတွေအများကြီးပါ . . . တိုင်းရင်းသူ တိုင်းရင်းသားတွေလည်း ပါတာပါပဲ . . . ဗမာ မဟုတ်လို့ ဘာတွေလဲ ဆိုတော့ ဒီ တိုင်းရင်းသူ တိုင်းရင်းသားတွေလည်းဖြစ်နိုင် သလို ၊ တရုတ် ၊ ကုလား တွေလည်း ဖြစ်နိုင်တာပါပဲ . . .

  • thuyamon

    September 24, 2010 at 7:29 pm

    ကြည့်ရတာတော့ ပူတူးတူးလေး ဆိုတဲ့ကလောင်ရှင်က စာလုံးတွေကို မသဲမကွဲနဲ့ရှုပ်အောင်ရေးထားတာကိုတွေ့ရတယ်….
    ၁) အချက်က ဗမာဆိုပြီးသုံးထားတဲ့ ဝေါဟာရဟာ ယခုအုပ်ချုပ်နေတဲ့ စစ်အစိုးရယောင်ယောင် ၊ ဗမာလူမျိုးယောင်ယောင် အထင်မှားအောင်ရေးတာတွေ့ရတယ်….အချင်းချင်းပြန်အုပ်ချုပ်တာခံရတော့မယ် ဆိုတဲ့စကားကလည်း စစ်တပ်ကို ကြံ့ဖွံ့ အဖွဲ့က ပြန်လည်အုပ်ချုပ်တော့မယ်ဆိုတဲ့အဓိပ္ပါယ်လား ဆိုတာကို မတင်တကျနဲ့ဖုံးကွယ်ထားသလိုဖြစ်နေတယ်…
    ၂) အချက်က ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့ ဘယ်လူမျိုးမဆို သိကြတာကတော့ ဗုဒ္ဓဘာသာဆိုတာ အတ္တဝါဒီမဟုတ်ဘူး ၊ မဇျိမ ပဋိပဒါ လမ်းစဉ်လိုက်ပါတယ် အစွန်းမရောက်ပါဘူး…ခရာစ်ယာန်ဘာသာကနေ ဗုဒ္ဓဘာသာကို မတရားပြောင်းခိုင်းတယ်ဆိုတဲ့အဖြစ်အပျက် ကလည်းရှိခဲ့မယ်ဆိုရင်….အစွန်းရောက်သမားတွေရဲ့လက်ချက်ပဲဖြစ်နိုင်ပါတယ်…အဲဒီလိုလူမျိုးကို ဘယ်ဗုဒ္ဓဘာသာဝင်တွေကမှ မကျင့်သုံး ဘူးလို့ထင်ပါတယ်..
    ပူတူးတူးလေး တင်ပြတဲ့အချက်တွေအားလုံးအာ တိကျသေချာမှုလုံးဝမရှိတဲ့ သတင်းအချက်တွေဖြစ်နေပါတယ် သတင်းအခြေအမြစ် လုံးဝမရှိ ၊ သတင်းအဆင့်အတန်းက (အ)အဆင့်မှာရှိနေတာကိုတွေ့ရပါတယ်(ထိပ်တန်းသတင်း လုံးဝတိကျမှန်ကန်တဲ့သတင်းကိုတော့(က)နဲ့သတ်မှတ်ကြပါတယ်)….အားလုံးကို(……..) ဘဲလို့ သိမ်းကြုံးပြီး ဆဲနေတာနဲ့ တူနေပါတယ် …သူတပါးရဲ့မေတ္တာ၊ ဂရုဏာ ခံယူလိုရင်တော့ သူများသနားအောင်ပြောတတ်ရမယ်…အခုတော့ အားလုံးကို စော်ကားသလို ဖြစ်နေတယ်..
    အကယ်လို့ အဲဒီလိုအဖြစ်အပျက်တွေကို တိတိကျကျပြောပြနိုင်မယ်ဆိုရင်တော့ အင်မတန်ကိုတန်ဘိုးရှိတဲ့သတင်းတစ်ခု ဖြစ်လာနိုင်ပါတယ်….အခုတော့ တိုင်းရင်းသားလူမျိုးအချင်းချင်းမသင့်မမြတ်ဖြစ်အောင် ၊ ဘာသာရေးအရှုပ်အထွေးဖြစ်အောင် လှုံ့ဆော်နေသလိုဖြစ်နေတယ်.
    ကဲ့ ပူတူတူးလေးရေ ….အခုတောသူများတွေဝိုင်းပြောနေတာခံနေရပြီမဟုတ်လား…ဒါပေမဲ့ပူတူတူးလေးက လုံးဝ ခဝါမချ ဘူးနော် ဧကန္တဒီဖြစ်စဉ်တွေဟာ တကယ်ဖြစ်ပျက်ခံစားရတာနဲ့ကြုံတွေ့ခဲ့ရတာနဲ့တူတယ်(ကျွန်တော့အထင်ပြောတာပါ)…အဲဒီလိုသာ မှန်ကန်တယ်ဆိုရင် တစ်လုံးမကျန်ဖွင့်ပြောလိုက်ပါတော့ဗျာ ကျွန်တော်တို့နားစွင့်ပြီး ဝမ်းနည်းပက်လက်နဲ့စုတ်သပ်ပြီး အဲဒီလို အဖြစ်အပျက်ရဲ့တရားခံကို ဝိုင်းဝန်းအမဲဖျက်ပေးမယ်လေ…..ဘယ်လိုလည်း ပြောတော့မှာလား….
    ကျွန်တော်ကတော့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မွန်တိုင်းရင်းသားတစ်ယောက်ပါ….ကျေးဇူးတင်ပါတယ်

  • ပူတူးတူးလေး

    September 26, 2010 at 7:51 am

    ကျွန်မဒီလိုမျိုး post ရေးခဲ့မိတဲ့အတွက်အားလုံးကိုအနူးအညွှတ်တောင်းပန်ပါတယ်။အားလုံးလဲကျွန်မကိုခွင့်လွှတ်ပေးပါလို့ တောင်းဆိုမိပါတယ်။

  • intro

    September 26, 2010 at 11:21 am

    ပူတူတူးလေး၊ မင်း အခုလိုအမြင်မှန်ရလာတာ ဝမ်းသာစရာပါ… Member တစ်ယောက်တိုးလာတဲ့အတွက် Welcome ပါ… အရင်က မင်းတင်တဲ့ Post မှာ ပြောမိဆိုမိတာကိုလဲ စိတ်မရှိပါနဲ့… မင်း လူတိုင်းနဲ့ အဆင်ပြေသွားရင် ပျော်စရာဖြစ်လာမှာပါ…

  • bigcat

    September 26, 2010 at 4:27 pm

    မပူတူတူလေးရဲ့ တောင်းပန်စာပြင်ဆင်ချက်ဆိုတာကို ၂၃ရက်နေ့မှာတကြိမ်၊ ၂၆ရက်နေ့မှာတကြိမ်စီတွေ့တယ်။ ၂၄ရက်နေ့မှာပဲ မတူတဲ့ပြန်ကြားချက် တွေ့ပြန်တယ်။ တကယ်ပဲ ကာယကံရှင်ရေးသူလား၊ တယောက်ယောက်က ကြားကနေနှောက်နေတာလား မသိဘူး။ ဘာပဲပြောပြော ဒီပို့စ်ကတော့ ကွန်မန့်အများဆုံးဆုရမှာ သေချာပါတယ်။ ကျွန်နော့်အမြင်ကတော့ ပြီးခဲ့တာတွေ ပြီးပါပြီ(ဒီပို့စ်ကိုဆိုလိုတာပါ၊ တိုင်းရင်းသားတွေ ခံစားနေရ၊ခဲ့ရတဲ့ခါးသီးမှု အနိဌာရုံတွေကိုမဆိုလိုပါ)။ လက်ဘိုင်ဂွန်းဘီဘိုင်ဂွန်း ဖြစ်သင့်ပါတယ်။ ဘာမှကြီးကျယ်တဲ့ ပြသနာလည်း မဟုတ်ပါ။ သူလွန်ခဲ့တယ် ဆိုလည်း အခုတောင်းပန်တာနဲ့ တိုင်းရင်းသားဆွေမျိုးတွေ နယ်စပ်တွေမှာ ခံစားနေရတဲ့ တဖက်သက် ဖြစ်ရပ်တွေကို နားလည်ပေးလိုက် ကြရအောင်ပါ။ နောင်လည်းဆန်းသစ်တဲ့ တိုင်ရင်းသားလူမျိုး ရှုထောင့်အမြင်တွေကို ဆက်ဖတ်ရဖို့မျှော်လင့်ပါတယ်။

  • မှော်ဆရာ

    September 27, 2010 at 1:59 pm

    အမှန်တရားတစ်ခုအတွက် ဝေဖန် တိုက်ခိုက်ခဲ့ရပေမယ့် ခုလို တောင်းပန်စာ ဖတ်ရတော့လဲ ကျွန်တော် စိတ်မကောင်းပါဘူး။ အိမ်ကြက်ခြင်း မခွတ်ချင်ပါဘူးဗျာ။
    ကောင်းရာမွန်ရာရောက်အောင် တိုင်းရင်းသားခြင်း ချစ်ချစ်ကြည်ကြည်နေနှိုင်ကြအောင်၊ ဗုဒ္ဓဘာသာအကျိုးအတွက်၊ ခရစ်ယန်ဘာသာ အကျိုးအတွက် တိုက်ခိုက်ခဲ့ရတယ်လို့ပဲ မှတ်ပေးပါ ပူတူတူးလေး။အကွဲအပြဲဆိုတာ ဘယ်နေရာမှ မကောင်းပါဘူး။လူမျိုးစွဲ ဘာသာစွဲတွေကြောင့် ဖြစ်ပွားခဲ့ရတဲ့ မြန်မာပြည် ပြည်တွင်းစစ်မှာ စတေးခဲ့ရတဲ့ နှစ်ဖက်သော တိုင်းရင်းသား သူရဲကောင်းတွေ အသက်ပေးပြီးယူခဲ့ရတဲ့ သင်္ခန်းစာကို မမေ့စေချင်ပါ။ကျွန်တော်တို့ရဲ့ သားမြေးတွေလက်ထက်မှာ သူတို့အချင်းချင်း လက်နက်စွဲကိုင် မတိုက်ခိုက်စေလိုတော့ပါ။ အမုန်းတရားတွေ ဒီမှာ ရပ်စေချင်ပါတယ်။အတွေးအခေါ် အယူအဆ မတူညီကြပေမယ့် တိုင်းရင်းသားတွေဆိုတာ ကျွန်တော်တို့ညီအကို မောင်နှစ်မတွေပဲ မဟုတ်ပါလား။
    ပူတူးတူးလေးကို ကြိုဆိုပါတယ်ခင်ဗျာ
    mhaw.sayar85

  • kopauk mandalay

    September 27, 2010 at 3:22 pm

    ဒီပိုစ်ထဲမှာကျနော်ပေးထားတဲ့ကော်မင်းလေး ဘယ်ရောက်သွားလဲမသိဘူးနော်။

    • thethtet87

      September 28, 2010 at 10:47 am

      အကိုကလည်းအရေးထဲကော်မင့်လိုက်ရှာနေသေးတယ်
      အားပေးလိုက်ပါအကိုရအကိုအတွေးအခေါ်တွေကို
      ကျွန်တော်သဘောကျတယ်။အောက်မှာကျွန်တော့
      ကော်မင့်ရေးထားတယ်။အကိုလည်းကျွန်တော်နဲ့သဘော
      ထားချင်းတူမယ်လို့ထင်ပါတယ်။

  • kai

    September 27, 2010 at 7:19 pm

    အယ်ဒီတာတယောက်က ရီဗျူးလုပ်ရမယ်ဆိုပြီး ဖယ်ထားတာ စာမူရှင်က သူ့ဖာသူပြန်ပြင်သွားတာထင်ပါတယ်။
    အဲဒီမှာ ဘယ်ကဘယ်လို ကိုပေါက်ကောမန့်ကျန်ခဲ့မှန်းမသိလို့..ပြန်ရှာတင်ပေးလိုက်ပါတယ်။
    ဒီပိုစ့်တင်တဲ့ ပူတူးတူးလေး ကို အခုလိုဝန်ခံပြောတာဟာ (ကိုယ်တိုင်ပြင်တာဆိုရင်) လေးစားမိပါကြောင်းပြောလိုပါတယ်ခင်ဗျား။

  • eros

    September 28, 2010 at 2:32 am

    နင်အမြင်မှန်ရလာတာ ဝမ်းသာတယ်။ ငါတခုပြောမယ် ငါတို့ အားလုံးဟာ မြန်မာတွေပါ။ စည်းလုံးပါ။ မြန်မာ= မြန်မာ နိုင်ငံတွင်နေထိုင်သူ မြန်မာနိုင်ငံသားအားလုံး။

    ဗမာ= ဗမာလူမျိုးနွယ်စု

  • ပူတူးတူးလေး

    September 28, 2010 at 6:42 am

    ကျွန်မ အားလုံးကို ကျွန်မကာယံကံရှင် ကိုယ်တိုင် တောင်းပန်မှုပါ။ နောက်တစ်ခု ကျွန်မဟာအစိုးရဲ့လက်ပါးစေလုံးဝမဟုတ်ဘူးဆိုတာတော့အားလုံးသိစေချင်ပါတယ်ရှင်။ နောင်ကိုလဲ Post တွေထပ်တင်သွားပါ့မယ် အကောင်းဆုံး ကိုယ့်ရဲ့ကိုယ်ပို်င်အမြင်လေးတွေနဲ့ပါ၊ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

    • ဆူး

      September 28, 2010 at 8:09 am

      အရှေ့မှာ အချင်းချင်း အပြိုင်အဆိုင်ပြောနေခဲ့ကြပေမဲ့ တောင်းပန်တဲ့ လုပ်ရပ်အတွက် လေးစားမိပါတယ်။ နောက်တင်တဲ့ ပိုစ်တွေကိုလည်း အားပေးသွားပါမည်။
      ခင်မင်လျက်
      ဆူး

  • MandalayThar

    September 28, 2010 at 10:13 am

    ဒီပို့စ် စတင်ကတည်းက ဖတ်မိတယ်။ ဒီလောက်ရေးမှတော့ ဘယ်သူတွေ ဘာတွေကွန့်မန့်ပေးကြမလဲလို့ ကြည့်ပြီး ဖတ်မိတယ်။ အစက ဒီလို ခက်ဟော့ ဟေ့ာ ပို့စ်တွေမှာ ဝင်မရေးဘူးလုပ်နေတာ။ အခုတော့ မနေနိုင်လို့ရေးလိုက်မယ် နော်…

    ဒီပို့စ်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ဗမာကို တသီးတခြားမြင်တယ်။ ဆိုတာမယ်ရလိမ့်မယ်။ ဒီကလေး လက်ဆော့လိုက်လို့ ပေါ်လာတာဘဲ။
    ပြောချင်တာက သူတို့မှာ ခံစားချက်ရှိတယ်။ ခံစားချက်တွေကိန်းအောင်းနေတယ် ဆိုတာ ပြောလို့ရတယ်။

    ဟိုးငယ်ငယ်တုန်းက မှတ်မိတယ်။ ကွတ်ခိုင်က ရှမ်းကလေးတယောက်နဲ့ သိဘူးတယ်။ အဲဒီတုန်းက ဘာနိုင်ငံရေးမှ လည်း မသိဘူး လုံးဝ ကလေးဘဲ တီဗီက လာတာတွေက စစ်သားက ပြည်သူ့စစ်သား သူပုန်က ရန်သူဆို ပြီး ဒါမျိုးဘဲသိတဲ့ အချိန်ပေါ့။ တနေ့ ဒီရှမ်းကလေးနဲ့ စကားပြောရင်း မင်းကြီးလာရင် ဘာလုပ်မှာ လည်းမေးတော့ သူကရှမ်းစစ်သားလုပ်မှာ တဲ့ သေချာမေးတော့ ရှမ်းစစ်သားက ဗမာစစ်သားမဟုတ်ဘူးတဲ့။ သူကရှမ်းစစ်သားလို့ခေါ်တာ (ကိုယ်သိတာ သောင်းကျမ်းသူဆိုပြီး သိတာ)။ ဘာလို့ မင်းက ရှမ်းစစ်သားဖြစ်ချင်ရတာလဲ ဆိုတော့ ဗမာစစ်သားတွေက ငါ့အဖေကို သတ်သွားလို့တဲ့။
    အဲဒီတော့မှ သိတာ သူတို့မှာ လည်း သူတို့ ခံစားချက်နဲ့ သူတို့ကိုးလို့ ………

  • thethtet87

    September 28, 2010 at 10:44 am

    ပူးတူးတူးလေးရေးထားတာကကျွန်တော်လည်းမကြိုက်
    ပါဘူး။ဒါပေမဲ့သူလည်းသူ့အမြင်ကိုတင်ပြထားတာ။လွတ်
    လပ်ခွင့်ပါဘဲ။ကော်မင့် တွေလည်းကျွန်တော်သေသေ
    ချာချာဖတ်ကြည့်တယ်။ကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်
    သပ်တော့သဘောမကျဘူး။သူ့အမြင်ကိုတင်ပြတာတင်ပြ
    ခွင့်ရှိရမှာပေါ့။ကိုယ်မကြိုက်ရင်မကြိုက်တဲ့အကြောင်းကို
    ပြန်ဆွေးနွေးပေါ့။သူ့ရဲ့တင်ပြခွင့်ကိုတော့မပိတ်ပင်သင့်ဘူး
    ကျွန်တော်လည်းဗုဒ္ဓဘာသာ၊မြန်မာစစ်စစ်ဘဲသူတင်ပြ
    တာလက်မခံပါဘူး။ဒါပေမဲ့သူ့အခွင့်အရေးလေ။သူတင်ပြတာမှန်တာမှားတာပူတူးတူးလေးဆုံးဖြတ်ပါလိမ့်မယ်။
    ကျွန်တော်တို့ကဆွေးနွေးယုံပေါ့။ကျွန်တော်လည်းဒီ
    ကော်မင့်ရေးဖို့အကြိမ်ကြိမ်စဉ်းစားတယ်။သေသေချာ
    ချာပြန်ဖတ်တယ်။ဒါကြောင့်ထင်တယ်ကျွန်တော်
    ကော်မင့်ကနောက်ကျနေတာလေ။ပူးပူးတူးတူးလေး
    ရေညီမလေးမှားနေတယ်ထင်တယ်။ဒါပေမဲ့ညီမလေး
    စိတ်မလျော့နဲ့လူတိုင်းကသူ့ယုံကြည်ချက်နဲ့ကိုပေါ့
    ယုံကြည်ချက်အတိုင်းလုပ်ရတာဘဝရဲ့အဓိပ္ပါယ်လေ
    ဒါပေမဲ့ကိုယ်ကတော့ညီမလေးရဲ့ယုံကြည့်ချက်ကိုသိပ်
    ပြီးလက်မခံနိုင်ဘူး။တင်ပြဖို့ကညီမလေးရဲ့အခွင့်အရေး
    လေ။နောက်လည်းညီမလေးစာတွေစောင့်ဖတ်နေမှာပါ
    ဟုတ်လား။

  • MandalayThar

    September 28, 2010 at 11:05 am

    ဟုတ်တယ်ဗျာ။ ကျွန်တော်ပြောချင်တာက ဒါပဲ သူ့ ဘဝ သူ့ခံစားချက်နဲ့ သူဗျာ။ ပြောလို့ ရေးလို့ သာ ဝိုင်းပြောကြတာ။ မပြောဘဲ မရေးဘဲ ကျိတ်ပြီး ခံစားချက်တွေ ကြီးမားနေတဲ့ဟာတွေလဲ အများကြီးဘဲ။

    ကျွန်တော်ပြောချင်တာက လွတ်လပ်ခွင့်ရှိတယ်။ ပြောသာ ပြော။ ဒါမှ ဘာတွေခံစားနေရတာလဲ။ တကယ့်အစစ်အမှန် အဖြစ်အပြတ်ကို သိမြင်ခွင့်ရမှာ။ ကျွန်တော်တို့တွေက လွတ်လပ်မှု့ကို တောင်းတနေတာ။ ကိုယ် အမြင် ကိုယ့်အထင်ကို တင်ပြခွင့် ရှိတဲ့နေရာကို လိုချင်တယ်။ လက်ခံတာ လက်မခံတာ တပိုင်း၊ အဲလိုဘဲ လက်မခံနိုင်တာကို လက်မခံနိုင်ဘူး ဘာကြောင့်မို့ ဆိုတာရှိသလို။ ဖြတ်ပြတ်နေတာတွေ ခံစားရနေတာတွေကို ထုတ်ဖော်ခွင့်လည်း ရှိကိုရှိရမယ်။ ဒီလို ကိုယ်လက်မခံနိုင်လို့ ဟိုဟာ ဖျက်ပေးပါ ဒါဖျက်ပေးပါဆိုတာ လုံးဝ ဒီမိုကရေစီ မဆန်ဘူး။ ကိုယ်မကြိုက် လက်မခံရင် မလက်ခံနိုင်တဲ့ အကြောင်း ဘာဖြစ်လို့ ပြောဗျာ။

    တခုချီးကျူးတာ mandalay gazette က လွတ်လပ်ခွင့်ရှိတယ်။ ကြိုက်သလို သဘောထား ကွဲခွင့်ရှိတယ်။ ကြိုက်တဲ့ အမြင်က တင်ပြလို့ရတယ်။

Leave a Reply