စကားအင်္ဂါ အချက် (၁၀) ချက်

etoneSeptember 20, 20101min600

အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေ့ကျင့်
သင့်ပေသည်. . . .
၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။

၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။
၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
၄။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။

၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။