တရုတ်ပြည်၊ကူမင်းမြို ့၊ယူနန်တက္ကသိုလ်မှာ ဆွမ်းအလှူ။

VisesaSeptember 20, 20101min1092

တရုတ်ပြည်၊ ကူမင်းမြို ့၊ ယူနန်တက္ကသို်လ်မှာ ဆွမ်းအလှူ။

၁၃၇၂-ခု၊တော်သလင်းလဆန်း(၉)ရက်၊၁၇၊၉၊၂၀၁၀(သောံကြာနေ ့)၊CNT-၁ဝး၄၂ နာရီ။

ယနေ ့သောကြာနေ ့ပင်ဖြစ်သော်လည်း အတန်းတက် စာသင်စရာမရှိသောကြောင့် အခန်းထဲမှာပင် အေးအေးဆေးဆေးဖြစ်နေပါသည်။ကွန်ပျူတာကိုဖွင့်ထားကာ မနေ ့က

ကူးထားသော တရုတ်ဘာသာပြန် တရားစာများကိုပြန်ကြည့်နေမိသည်။အခန်းဖေါ်ဖြစ်သူ

နောနော်ကတော့ အိပ်စက်နေဆဲဖြစ်ပါသည်။မိမိသည် တရုတ်စာဖြင့် သင်ကြားသောဘာသာ

ဗေဒ(语言学)ကိုလေ့လာသင်ယူနေသော်လည်း ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်သော

ကြောင့် ၊ပြုစုတင်သွင်းရမည့် စာတမ်း( 论文 )မှာ ဗုဒ္ဓကျမ်းစာတစ်ခုထဲမှ ဝေါဟာရများကို

ခွဲခြမ်းစိပ်ဖြာ၍ တင်သွင်းရမည်ဖြစ်ပါသည်။ပထမနှစ်သင်တန်းများတွင် စာတမ်းပြုစုရန် အ

ထောက်အကူဖြစ်မည့် ဘာသာရပ်များနှင့် တရုတ်စာဖြင့်စာတမ်းပြုစုနိုင်ရန်အကြောင်းအချက်

များကို သင်ယူခဲ့ရပါသည်။ယခု ဒုတိယနှစ် စာသင်ချိန်များတွင်မူ စာသင်အတန်းတက်ချိန်

နည်းပါးလာ၍ ၊ စာတမ်းအတွက်အထောက်အပံ့ ဖြစ်မည့် စာအုပ်၊စာတမ်း၊အကြောင်းအရာ

များကို ဖတ်ရှုလေ့လာရန် အချိန်ပေးထားပါသည်။မိမိသည် မြန်မာပြည်မှယူလာခဲ့သော ဗုဒ္ဓ

ဘုရားရှင်ဦးစွာဟောကြားတော်မူခဲ့သည့် ဓမ္မစက္ကပဝတ္တနသုတ္တန်(ဓမ္မစကြာသုတ်)ကို လေ့လာ

၍ စာတမ်းပြုစုရန်ရည်ရွယ်လျက် လမ်းညွှန်ဆရာ( 指导老师 )ကိုပြရာ၊ဆရာကတရုတ်

ဘာသာပြန်ပြီးမှ ပြရန်ပြောလိုက်ပါသည်။ထို ့ကြောင့် ကွန်ယက်များမှ တစ်ဆင့် ရှာဖွေ

ကြည့်ရာ၊ မြန်မာပိဋကကျမ်းစာ အများစုကို တရုတ်ဘာသာပြန်ဖြင့်ရှိနေကြောင်းတွေ ့ရပါ

သည်။ထို ့ကြောင့် ကူးယူရသည်တို ့ကို ကူးယူကာ အကြမ်းဖတ်ရှုနေမိရပါသည်။ကြည့်နေဆဲ

မှာပင် ဖွင့်ထားသော G-talk(ဂူ ဂယ် စကားပြော)မှ `ကလုံ´-ဆိုသော အသံတစ်ချက်မြည်ကာ

စာတန်းကွက်တစ်ခုပေါ်လာပါသည်။

10:42 AM havenorama: 师傅,  您好。

(အနက်ပြန်)- ဦးဇင်း ၊ မင်္ဂလာပါ အရှင်ဘုရား။

me: 好。

(အနက်ပြန်)မင်္ဂလာပါ။

10:43 AM havenorama: 星期天May Khin Nwe Oo 供奉给您午饭。

(အနက်ပြန်) တနင်္ဂနွေ နေ ့ကျရင် မေခင်နွယ်ဦး က အရှင်ဘုရားကို နေ ့ဆွမ်းကပ်ချင်လို ့ပါ ။

me: 可以呀。

(အနက်ပြန်) ရပါတယ်လေ။

havenorama: 星期天师傅不需要准备午饭了,  她已经安排好了。

(အနက်ပြန်)တနင်္ဂနွေနေ ့ကျရင် ဦးဇင်းက နေ ့ဆွမ်း စီမံစရာမလိုတော့ဘူး၊ သူက စီစဉ်ပြီး

ဖြစ်နေပါပြီ။

me: 好的,好的。

(အနက်ပြန်) ကောင်းပြီ ၊ ကောင်းပြီ။

havenorama: 师傅不要忘记星期天。

(အနက်ပြန်) ဦးဇင်းက တနင်္ဂနွေနေ ့ကို မမေ့ဖို ့ပါပဲ။

10:44 AM me: 不会忘的。

(အနက်ပြန်) မမေ့တတ်ပါဘူး။

Havenorama( ဟက်ဗ်နိုရာမာ) ဆိုသည့် အမည်မှာ မြန်မာပြည်မှ မဟာဝိဇ္ဇာသင်တန်း

နောက်ဆုံးနှစ်ကျောင်းသူ-စီစီဟန်(林明珠 )၏ ဂျီ-တော့ သုံးအမည်ဖြစ်ပါသည်။ me (မီ)

ဆိုသည်က မိမိအားကိုယ်စားပြုသော ဂျီ-တော့စနစ်သုံး ဖြစ်ပါသည်။ဘေးမှာပြထားသော

တရုတ်စံတော်ချိန်(CNT)10:42 AM (မနက်- ၁ဝး၄၂ နာရီ)မှ 10:44 AM(၁ဝး၄၄ နာရီ)အတွင်း

နှစ်မိနစ်မျှအချိန်၌ ဆွမ်းပင့်လျှောက်ထားမှုကိစ္စ ပြီးစီးသွားပါသည်။မေခင်နွယ်ဦးသည် သူနှင့် တစ်ခန်းတည်းအတူနေသော နောက်ဆုံးနှစ်ကျောင်းသူပင်ဖြစ်ပါသည်။မိမိက ခဏအကြာမှာ

နိုးထလာသော အခန်းဖေါ် ကပ္ပိယအကျိုးဆောင် နောနော်ကိုပြောလိုက်ရပါသည်။သူက

တနင်္ဂနွေနေ ့တွင် မိမိအတွက် နေ ့ဆွမ်းကိစ္စ စီစဉ်ရန်မလိုတော့ပါပေ။

မိမိတို ့ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းတွင် ဆရာဘုန်းတော်ကြီးက နှုတ်တိုက် သင်

ကြားပေးသော ဆွမ်းပင့်လျှောက်ထားပုံကိုပြန်လည်အမှတ်ရမိသောကြောင့် ပြုံးမိရပါသေး

သည်။

`ဆရာတော်အရှင်မြတ်ဘုရား၊ ဘုရားတပည့်တော်(—–) ရိုသေစွာပင့်လျှောက်အပ်ပါ

သည်ဘုရား။ဘုရားတပည့်တော်(——- )တို ့၏ နေအိမ်တွင် (—————-)နေ ့၊( —-)

အချိန်မှာ ဘုရားအမှူးရှိသောသံဃာတော်အရှင်မြတ်(–)ပါးတို ့အား(—-)ဆွမ်းဆက်ကပ်လှူ

ဒါန်းလိုပါသောကြောင့်၊ ဆွမ်းဘုဉ်းပေး၊အလှူတော်ခံ၊(——)တရားတော်များ ခြီးမြှင့်တော်မူပါ

ရန် ကြွရောက်တော်မူပါမည့်အကြောင်း ရိုသေလေးမြတ်စွာ ပင့်လျှောက်ပါသည်ဘုရား။ ´-ဟူ

ပါလေ၏။ပင့်သံဃာအရေအတွက်၊ နေရာ၊ အချိန်၊ ဆွမ်းအမည်၊ ခြီးမြှင့်ရမည့် တရား တို ့ကိုရှင်း

လင်းစေရမည်-ဟူ၍လည်း မှာကြားသင်ထားပေးခဲ့ပါသည်။

ယခု မိမိကိုယ်တိုင် ရဟန်းတော်ဘဝဖြင့် တစ်ပြည်ရပ်ခြားမှာ ရောက်နေရသောအခါ ၊နေရာ၊

ဒေသ ၊ ကာလ၊အခြေအနေ တို ့ကိုငဲ ့ကာ သင့်လျော်လျောက်ပတ်အောင် သီတင်းသုံးနေထိုင်

ရပါသည်။ရောက်ရှိရခြင်းမှာလည်း ဘာသာရေး၊သာသနာရေးကိစ္စများအရင်းခံ မဟုတ်ပါပေ။

သို ့သော် အများစုမြန်မာနိုင်ငံသားများနှင့် ပုဂ္ဂိုလ်ရေးရာ ခင်မင်စေါင့်ရှောက်သူတို ့ကြောင့် ၊

ချမ်းမြေ ့ကြည်လင်စွာ ပညာသင်ကြားခွင့်ရရှိနေပါသည်။ဗုဒ္ဓဘာသာဝင် ဟူသောအသိအမြင်

ဖြင့် အလေးအမြတ်ပြုသူများ ရှိသကဲ့သို ့၊ ပုဂ္ဂိုလ်ရေးရာအသွင်အပြင် ခြားနားမှုကြောင့်လည်း

အလေးထား ခင်မင်ကြသူများကိုလည်း တွေ ့ရပါသည်။

ကျောင်းသူကျောင်းသားများထဲမှ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးကို ရှားရှားပါးပါးဖူးမြင်

လှူဒါန်းခွင့်ရသောကြောင့် ကိုယ်တိုင်၏အထူးပြုရက်ကာလများတွင် လာရောက်၍ ကောင်းမှု

ကုသိုလ်ယူလေ့ရှိကြပါသည်။နေ ့စဉ်အရုဏ်ဆွမ်းကပ်ရေးကို အတန်းဖေါ်ကျောင်းသူများ က

တစ်ဦးစီအလှည့်ကျတာဝန်ယူထားကြပါသည်။နေ ့ဆွမ်းအတွက်မူ အခန်းဖေါ်ကပင် ကူညီစီမံ

ဆောင်ရွက်ပေးပါသည်။ကောင်းမှုကုသိုလ်ပြုလိုသူတို ့က လာရောက်လှူဒါန်းဆက်ကပ်သော

ရက်တွင်မူ သူ၏တာဝန်အနားရပေသည်။ရက်ရှည်ကျောင်းပိတ်သောအခါများတွင်မူ နေရပ်

တိုင်းပြည်သို ့မပြန်သော ကျောင်းသူများကပင် အရုဏ်ဆွမ်းအတွက် အလှည့်ကျတာဝန်ယူ

ဆောင်ရွက်ပေးကြပါသည်။နေ ့ဆွမ်းအတွက်ကိုကား ဆိုင်မှ မှာယူပေးခဲ့သောကြောင့် အထူး

စီမံဘွယ်မလိုတော့ပါပေ။ မြန်မာအရသာ၊မြန်မာအစားအစာတို ့ကိုကား အကြုံရောက်လာကြ

သူတို ့မှတစ်ဆင့် မြန်မာပြည်မှမိမိ၏ ဒါယကာဒါယိကာမတို ့ကပေးပို ့လှူဒါန်းတတ်ကြပါသည်။

မြန်မာကျောင်းသူကျောင်းသားတို ့ကလည်း ကိုယ်တိုင်၏အစားအသောက်တို ့ထဲမှ ခွဲဝေလှူ

ဒါန်းတတ်ကြသောကြောင့် တစ်ပြည်တစ်ရွာမှာနေရသော်လည်း မြန်မာအစားအစာအာဟာရ

များနှင့် မပြတ်လှပါချေ။ဤသို ့ဖြင့် တစ်နှစ်ပတ်လည်လျက် မိမိ၏ ယူနန်တက္ကသိုလ်မှာ ဆွမ်း

အာဟာရကိစ္စများ ဖူလုံပြည့်စုံခဲ့ရပါကြောင်း မှတ်တမ်းပြုလိုက်ရပါသည်။   ။

ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာကြပါစေ။     ။အရှင်ရေဝတ၊ ယူနန်တက္ကသိုလ်၊ ကူမင်းမြို ့။

2 comments

Leave a Reply