ဒီ post လေးကတော့ကျွန်မရဲ့ ဒုတိယမြောက် post လေးပေါ့။ ဒီ post လေးမရေးခင်ကိုယ့်ကိုကိုယ် ခဏလေးမိတ်ဆက်ချင်တယ် အားလုံးကို။ အခုဒီ Post လေးကိုရေးတဲ့ laptop ကို အစ်ကို ကလက်ဆောင်ပေးတဲ့နေ့က “ညီမလေး ဘာလို့ အဲဒီမှာ အချိန်ဖြုန်းနေတာလဲတဲ့ အမြန်ဆုံးလာခဲ့ဖို့အကိုမျှော်လင့်တယ်” ဆိုပြီးအစ်ကိုဖြစ်သူက ညီမကို စိတ်ပျက်စွာနဲ့သူဆီကိုအမြန်လာစေချင်တယ်သဘောနဲ့ပေါ့။ ဒါပေမယ့် အဲဒီနေ့ကဘဲကျွန်မ အစ်ကို့ဆီကိုဖုန်းဆက်ခဲ့တယ်။ “အစ်ကိုကျွန်မဒီမှာနေအုံးမယ် ဖြစ်နိုင်ရင် နိုဝင်ဘာ ၇ ရက်နေ့ ပြီးမှ လာခဲ့မယ် ကျွန်မရဲ့ researchတွေအားလုံးပြီးတော့မယ်လို့” ။ ဘာတွေ research လုပ်နေတယ် ဆိုတာ ကျွန်မပြောပြပါ့မယ်။ ဘာလဲဆိုတော့ ဗမာပြည်ရဲ့အစိုးရရော အစိုးရရဲ့လက်အောက်ကဝန်ထမ်းတွေရော မတရားမှုတွေလုပ်နေတာတွေပါ။ ပြီးတော့ ကျွန်မတို့နိုင်ငံကလူတွေက မတရားအုပ်ချုပ်နေတဲ့ အစိုးရကို ထိုင်ဆဲတယ် ဒါကိုလက်ခံတယ် ဒါပေမယ့် ဆဲနေတဲ့လူတွေ ကိုယ်တိုင် မတရားတာလုပ်နေကျတယ်လို့ကျွန်မဆိုရင်လက်ခံကျမလား၊ ဥပမာဆိုပါတော့ ဟိုတစ်နေ့ကျွန်မမီတာသွားဆောင်တယ် မီတာ ကျတာ ၃၇၈၅ ကျပ် ကျွန်မပေးလိုက်တာ ၄၀၀၀ အဲဒီတော့ သူမက ၁၂၅ကျပ်ပြန်အမ်းရမယ် အဲဒါကိုစောင့်နေတဲ့ကျွန်မ ကိုသူ ကဘာပြောလဲဆိုတော့ “မီတာစာရွက် ဟိုဘက်ကနေပြန်စောင့်ယူရမှာ ” အဲဒီတော့ ကျွန်မက “မဟုတ်ဘူးအကြွေအမ်းတာကိုစောင့်နေတာလို့ ” ဒါနဲ့ သူမက”အော်အကြွေမရှိလို့ အဲဒီ့လောက်တိကျနေရင် အတိအကျယူခဲ့တဲ့”။ အဲဒါမျိုးဖြစ်နေတာကျွန်မတစ်ယောက်တည်းမဟုတ်ပါဘူး။ လူတိုင်း ဆီက အနဲဆုံး ၅၀   ၁၀၀ ရမယ်သူတို့။ ၅၀ဘဲထားပါအုံး ၁၀ယောက်ဆိုရင် ၅၀၀ တစ်နေ့ကို အယောက်တစ်ရာလာဆောင်ရင် ၅၀၀၀ ရမယ် ဒါသူတို့ ဝန်ထမ်းတွေ ရဲ့ outside ငွေလိုဖြစ်နေတယ်။ ဒါပေမယ့် ယူလဲယူသေးတယ် ပြီးရင် ပုံစံက လူတွေကို ပြန်ဆဲချင်တဲ့ရုပ်နဲ့။ ကိုယ့်ပိုက်ဆံပြန်တောင်းတဲ့လူကိုတောင် ၁၂၅ကျပ်နဲ့ကပ်နေတယ်ပုံစံမျိုးနဲ့ကြည့်တာ။ တစ်ကယ်က သုက ၁၂၅ကျပ် နဲ့ရပ်တည်နေတာ။ လူအများကြီးဆီကဆိုတော့ကိုက်တာပေါ့နော်။ နောက်ပြီး အားလုံးသိတဲ့အတိုင်း စပယ်ယာတွေမှာ အကြွေမရှိတဲ့ကိစ္စ အခု အထူးကား ၂၀၀ ကားတွေစီးရင်များသောအားဖြင့်တော့ အကြွေမ၇ှိတာနဲ့ ၅၀၀ ပေးလိုက်ရင် ၃၀၀ပါသွားတယ်။ ကြုံလို့ ဟိုတစ်နေ့ က passport သွားထုတ်တာ sing လဲထိုးပြီးရော ဝန်ထမ်းက ၁၀၀၀ တဲ့” ဘာလို့လဲဆိုတော့” “အားလုံးပေးရတယ်တဲ”့။ အဆန်းဘဲနော်။ ဒါမျိုးမတရားမှုတွေကို အစိုးရ ဆီမှာတင်မကဘူး ပြည်သူတွေဆီမှာလဲအများကြီးတွေ့၇တယ်။ သူတို့ ကိုယ်တိုင်မတရားတာလုပ်နေမှ တော့ မတရားတာတွေဘဲခံ၇မှာပေါ့။  ကိုယ်တိုင် စည်းကမ်းရှိလားဆိုတာစဉ်းစားကြည့်စမ်းပါ။ ကျွန်မအစ်ကို ကို ပြောနေတဲ့ researchဆိုတာ ကျွန်မ ဟိုရောက်ရင် ကြိုးစားပြီးထုတ်မယ့် ကျွန်မရဲ့စာအုပ်အတွက်ပါ။ ဗမာပြည်ရဲ့မတရားမှုတွေအကြောင်းပေါ့။

About ပူတူးတူးလေး

ပူတူးတူးလေး has written 6 post in this Website..