Football news update in brief

smytu1996September 21, 20101min870

 “မက်ဒရစ်မှာ အလုပ်လုပ်ဖို့ မလိုတဲ့ အချိန်မှာ ပေါ်တူဂီအတွက် နည်းပြဖို့ ရီးယဲက ဘာကြောင့် ခွင့်မပြု သလဲဆိုတာ ကျွန်တော် နားမလည်ဘူး”ဟု စနေနေ့က ရီးယဲဆိုဆီဒတ်အာ (၂-၁)ဖြင့် အနိုင်ရသည့် ပွဲအပြီးတွင် မော်ရင်ဟိုက ပြောကြားလိုက်သည်။
 ကာလို အန်ဆယ်လော့တီက ယခုရာသီ ချယ်လ်ဆီးအတွက် အမှန်အကန်စမ်းသပ်မှုတစ်ခုက ရှေ့မှာဆီးကြိုနေကြောင်း ဘလက်ပူးလ်အား ၄-ဝဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲအပြီးတွင် ပြောကြားသွားခဲ့သည်။
 ရီးရဲလ်မက်ဒရစ်နည်းပြ ဂျိုးစ်မော်ရင်ဟိုက မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆာအဲလက်စ် ဖာဂူဆန်၏ အသက်အရွယ် အိုမင်းသည်အထိ နှစ်ပေါင်းများစွာ အောင်မြင်သောနည်းပြ တစ်ဦးအဖြစ် ရပ်တည်နေမှုကို အားကျမိကြောင်း ဝန်ခံပြောကြားလိုက်သည်။
 မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ဝိန်းရွန်နေသည် မန်ယူအသင်းက ကမ်းလှမ်းသည့် ပေါင် ရ သန်းတန် သက်တမ်းတိုး စာချုပ်ကို ငြင်းပယ်လိုက်ကြောင်း သိရသည်။
 ချယ်လ်ဆီးအသင်းက ဘိုင်ယန်မြူးနစ်မှ ကွင်းလယ်ကစားသမား တိုနီ ခရူးစ်ကို စိတ်ဝင်တစ်စား စောင့်ကြည့်လျှက်ရှိပြီး ဇန္နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
 တနင်္ဂနွေနေ့က အသလက်တီကို မက်ဒရစ်အသင်းကို ၁-၂ ဖြင့် အနိုင် ကစားခဲ့သောပွဲတွင် ဘာစီလိုနာ အသင်း၏ ပါရမီရှင် ကစားသမား လိုင်နယ် မက်ဆီသည် ကံကောင်းထောက်မစွာဖြင့် ပွဲချိန်အတွင်း ထမ်စင်ဖြင့် သယ်ထုတ်ခဲ့ရသည် အထိ စိုးရိမ်ရဖွယ် ရရှိခဲ့သော ခြေကျင်းဝတ် ဒဏ်ရာမှာ ထင်သလောက် မပြင်းထန်ခဲ့ကြောင်း သိရသော်လည်း တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုရ ကစားသမားမှာ အနည်းဆုံး သီတင်း ၂ ပတ်ကြာ နားရမည်ဟူသည့် သတင်းမှာ ဘာစီလိုနာ အသင်းနှင့် ပရိသတ်တို့ အတွက် သတင်းကောင်း တစ်ခုတော့ မဟုတ်ခဲ့ပေ။