အစတိုင်းတွင် အဆုံးရှိ၍…မွေးဖွားခြင်း၏ ..ဇာတ်သိမ်းသည်လည်း သေးဆုံးခြင်းဖြစ်သည်

smytu1996September 21, 20101min530

၁၉၇ဝ ပြည့်လွန် နှောင်းပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ လူဦးရေ လေးပုံတစ်ပုံနီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ခမာရု ထိ်ပ်တန်းခေါင်းဆောင် လေးဦးကို ကုလသမ္မဂ စစ်ရာဇဝတ်ခုံရုံးမှ စွဲချက်တင်လိုက်ပြီ ဖြစ်သည်။ ခမာရု ခေါင်းဆောင်လေးဦးသည် ဂျီနို်ဆိုဒ် ခေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်သော ရာဇဝတ်မှု၊ ဘာသာရေးဆိုင်ရာ နှိပ်စက်သတ်ဖြတ်မှု စတဲ့ ပြစ်မှုများကို ရင်ဆိုင်ကြရတော့မည်။
စွတ်ဆွဲခံရသူ လေးဦးမှာ ခမာအစိုးရလက်ထက် အကိုကြီး နံပါတ် ၂ လို့ ကျော်ကြားခဲ့သူ ဝန်ကြီးချုပ် Nuon Chea ၊ ဒုတိယ ဝန်ကြီးချုပ် Ieng Sary ၊ လူမှုရေးရာ ဝန်ကြီး Ieng Thirith နှင့် နိုင်ငံအကြီးအကဲ လုပ်ခဲ့သူ Khieu Samphan တို့ ဖြစ်ကြသည်။
အစွန်းရောက် မော်ဝါဒီ ခမာအစိုးရသည် ၁၉၇၅မှ ၁၉၇၉ ခုနှစ် လေးနှစ်တာ အာဏာရချိန်အတွင်းကမ္ဘောဒီးယား လူဦးရေ ၁.ရ သန်း (လေးပုံတစ်ပုံ) ကို နှိပ်စက်မှု၊ ငတ်မွတ်ခေါင်းပါးစေမှု၊ အလုပ်အကိုင် ပင်ပန်းစေမှုများဖြင့် သတ်ဖြတ်ခဲ့သည်။ အကျဉ်းထောင် တစ်ခုထဲ၌ပင် လူ ၁၄၀၀ဝ ကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။
မည့်သည့်ရက်တွင် ရုံးတင် စစ်ဆေးမှု ပြုလုပ်မည်ကို မသိရသေးသော်လည်း အရပ်သားအဖွဲ့ ၂၀၀ဝကျော်အထိ ကြားနာမှုတွင် ပါဝင်ခွင့် ပေးသွားမည်ဟု ဆိုသည်။
သတင်း CNN