Junction~8 (Maw Tin)

mGSeptember 21, 20101min1435

ကျွန်တော် အခုတင်ပြထားတဲ့ NEWS လေးကတော့စာဖတ်သူတွေဘယ်လောက်စိတ်ဝင်စားမလည်းဆိုတာလေးကိုသိချင်လို့ အကျဉ်းချုပ်လေးတင်ပေးလိုက်ပါ့မယ်….။အကယ်လို့များ စိတ်ပါဝင်စား သိချင်မယ်ဆိုရင်တော့ ဓာတ်ပုံလေးတွေနဲ့တင်ပြပေးပါမယ်။…….

Junction~8 (Maw Tin)  Shopping Center ကြီးကိုမော်တင်လမ်းမကြီးနှင့်အနော်ရထာလမ်းထောင့်၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့

တွင်တည်ရှိပါသည်။အဲ့ဒီ Shopping Center ကြီးကိုအပြင်ပိုင်းကကြည့်မယ်ဆိုရင်တော့ ခန့်ညားထည်ဝါတဲ့ အဆောက်အဦး အပြာရောင်ကိုတွေ့

ရမှာပါ။ဈေးဝယ် Shopping Mall အတွက်အထပ်ပေါင်း (၃ ထပ်)နဲ့ဖွဲ့စည်းထားတာကိုတွေ့ရှိရမှာပါ။လူနေအိမ်အထပ်အပိုအနေနဲ့ ၁၂ထပ်ပါရှိတယ်ဆိုသိရှိရပါတယ်။မြေအောက်ထပ်တွင် Junction~8 Shopping Mall သို့ဈေးဝယ်ရောက်လာသော ကားများရပ်နားနိုင်ရန်အတွက်နဲ့ ယခင်လမ်းဘေးဈေးသည်များအား Under Grown ထဲတွင်စနစ်တကျရောင်းချနိုင်ရန်အတွက်ဈေးရောင်းရန်

နေရာအဖြစ် သတ်မှတ်နေရာချပေးထားတာကိုလည်းတွေ့ရှိရမှာပါ။စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း ကြီးမားတဲ့အခွင့်အလမ်းများဖြစ်မြောက်လာအောင် Junction~8 Shopping Mall ရဲ့လမ်းဆုံပွိုင့်ထိပ်တွင် Digital  TV ဖြင့်ကြော်ငှာများအား

လက်ခံသောဝန်ဆောင်မှုများပေးနေတာကိုလည်းသွားရောက်လည်ပတ်သူများ အဖို့တွေ့ရှိရမှာပါ။အတွင်းပိုင်း မြေညီထပ်တွင် စီးပွားဖြစ်ဆိုင်ခန်းပေါင်း (၁၈ ခန်း) နှင့်အခြားသောအခပေး ယာယီဆိုင်ခန်းများကိုလည်း တွေ့ရှိရမှာပါ။City Mark ကိုထူးခြားစွာနဲ့မြေအောက်ထပ်မှာပါတွဲဖွင့်ထားကိုလည်း တွေ့ရှိရမည်ဖြစ်ပြီ Beauty & U ဟုအမည်ပေးထားတာသော City Mark ၏ အလှကုန်အရောင်းကောင်တာကိုလည်း တွေ့ရှိရပါမည်…….။ရန်ကုန်မှာတော့ City Mark ရဲ့ကြီးမားတဲ့ အလှကုန်ပြင်စဉ်ရောင်းချမှုကိုတော့

Junction~8 Shopping Mall မှာတင်တာတွေ့ရှိနိုင်ပါလိမ့်မည်…..။City Mark နှင့်အတူတူတွဲဖွင့်လေ့ရှိသော Season Coffee ဆိုင်ကိုအလှကုန်ပစ္စည်းများရောင်းချသောဘေးတွင် အမြင်စမ်းလေးများနှင့်ပြင်စဉ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

Center ရဲ့အလယ်(Main) မှာတော့ NEO Coffee Circles ကလည်း Shopping Mall ရဲ့အလှကိုဝင့်ကြွားလာအောင်ပြုလုပ်ထားပါတယ်။(ညအိပ်မီးအိမ်လေးများ၊မီးပုံးလေးများ၊ စတာလေးတွေနဲ့ Romance ဆန်ဆန်လေးပေါ့)

ပထမထပ် – ဒီအထပ်မှာတော့ ဆိုင်ခန်းပေါင်း(၃၂ ခန်း)ရှိပါတယ်။ကျွန်တော်ရဲ့အမြင်ကတော့ ဒီပထမအထပ်ကို လူ့အသုံးအဆောင်တွေထားတာကိုတွေ့ရတယ်။ထူးထူးခြားခြားပါပဲ။။GIORDANO & BSX ရဲ့ SAVE 3000 Ks အစီစဉ်ကို 30th , September ,2010. အထိ Promotion ပေးထားတာကိုလည်းတွေ့နိုင်ပါတယ်။

ဒုတိယထပ် – ဆိုင်ခန်းတွေကတော့ ပထမထပ်လောက်တော့ မများတော့ဘူးဗျ။အဲ့ဒီ ဒုတိယထပ်မှာကတော့ အခန်းကျယ်ကျယ်နဲ့နေရာမှာ အေးအေးဆေးဆေးရောင်းချင်သူတွေ အတွက်ပေါ့။ဆိုင်ခန်းအားလုံးနီးပါးကတော့ Mall အားလုံးထဲမှာ ဒုတိယထပ် မှာတည်ရှိနေသော ဆိုင်ခန်းတွေက ကျယ်တယ်လို့ (ဈေးလာဝယ်သူ – ဒေါ်တင်အေးလွင်) ရဲ့သုံးသပ်ချက်ကိုသိရှိခဲ့ရပါတယ်။ဒီအထပ်မှာလည်း အဓိကရောင်းချတာကတော့ လူ့ဇိမ်ခံပစ္စည်းတွေပါ။ (အဲယားကွန်း၊အဝတ်လျှော်စက်၊လျှပ်စစ်အနှိပ်ထိုင်ခုံ…)နာမည်ကြီး Company တွေရှိနေတာကို တွေ့ရပါတယ်။ LG , SAMSUNG , KO KO Beauty Saloon……etc,.အဲ့ဒီ ဒုတိယအထပ်မှာပဲ (ရွှေကောင်း ဟော့ပေါ့)ဆိုင်ကို လမ်းမတော်မြို့နယ်ရဲ့ အလှကို ကြည့်ရင်းနဲ့စားလို့ရအောင် Mall ရဲ့ဘယ်ဘက်ထောင့် Projector ရှိတဲ့ဘက်မှာဖွင့်ထားပါတယ်

ထူးခြားတဲ့ အထူးအစီစဉ်အနေနဲ့ LG နဲ့ SONY Electronic Center တို့ရဲ့ မဖြစ်နိုင်တောဈေးနှုန်းများ နှင့် ဈေးရောင်းပွဲတော်တွေကိုလည်း တွေ့ရှိရပါတယ်။

တတိယထပ် – လူတိုင်းအတွက် အရေးပါအရာရောက်တဲ့နေရာလေးလို့ပြောရမှာပါ။အဲ့နေရာလေးကတော့ ပြီးပြည့်စုံအောင်ပြုလုပ်ထားပါတယ်။အစားအသောက်တွေနဲ့ကလေးကစားကွင်းရယ်၊ရုပ်ရှင်ရုံရယ် ပါဝင်ပါတယ်။လူအများဆုံး အထပ်လို့လည်း ပြောလို့ရပါတယ်။စားသောက်ဆိုင်တွေကတော့ KeCo (B.B.Q) , ပန်းစွယ်တော် (Thai Express) , IcFc (Fast Food) , MOON BAKERY , Ice-Cream Bar , Happy (Cafe & Noodel) , Bitter Sweet (Coffee Shop) , i-Planet (Play Ground) , Cinemar .

တို့ကိုတွေရပါတယ်။ဆိုင်တိုင်းရဲ့ ကိုယ်ပိုင်လက်ရာများကတော့ အံ့မခန်းပါပဲ။တကယ့်ကို ဆွေမျိုးမေ့လောက်ပါတယ်။ Play Ground မှာလည်း ကလေးကစားကွင်းနှင့်Electronice ဂိမ်းများ၊လှောင်းကစားများ ပါဝင်ပါတယ်။Coin စေ့လေးတွေရဲ့ တန်ဖိုးကတော့ 100 ကျပ် လို့သိရှိရပါတယ်။

ကလေးမိဘတဦးပြောကြားချက်ကတော့ – ကစားတဲ့နေရာမှာတော့ လေရပြီး။အတွင်ပိုင်း လျှပ်စစ်ပစ္စည်များနဲ့ခေတ်မှီစက်တွေဘက်မှာတော့ လေအလုံမရလို့ လူချွေးနံ့ရတယ်လို့ပြောပါတယ်။အသက်ရှုရတာလည်း အခက်အခဲဖြစ်တယ်လို့ပြောပါတယ်။

ရုပ်ရှင်ရုံမှာတော့ စတင်ဖွင့်လှစ်သည့်ရက်မှစကာ လက်မှတ်များရောင်းမလောက်ဖြစ်နေရပါတယ်။ရုပ်ရှင်ရုံ၏ ထူးခြားချက်မှာ ကြိုတင်မှာယူခြင်း အားလုံးဝလက်မခံပါ။ကိုယ်တိုင် လာရောက်ဝယ်ယူမှတာ လက်မှတ်ရမှာဖြစ်ပါတယ်။မိမိကြည့်လိုသော ရုပ်ရှင်လက်မှတ်ကိုလည်း Finger Pointer System နဲ့ကိုယ်တိုင်ကွန်ပျူတာဖြင့် နေရာရွေးပြီး လက်ကလေးနဲ့ထိလိုက်ရင်ဝယ်လို့ရပါတယ်။လက်မှတ်ဈေးနှုန်းတွေကတော့ (1500 ကျပ် မှစကာ 6500 ကျပ် )ထိသတ်မှတ်ထားပါတယ်။ 6500 ကျပ်ကတော့ စုံတွဲခုံလေးပါ။ရုံက နှစ်ရုံရှိတယ်။တချိန်ထဲမှာပဲ။ရုံရှင် နှစ်မျိုးပြတာပါ။အခုလောလောဆယ်တော့ နှစ်ရုံလုံးမှာတကားပဲပြထားပါတယ်။

တတိယထပ်မှာကတော့ ပျော်ဖို့အလွန်ကောင်းပါတယ်။ဒါပေမဲ့ လုံခြုံရေးအော်ပရေတာမှာ သီချင်းများမဖွင့်နိုင်ပဲ အကြောင်းကြားချင်းများကို အဆက်မပျက်တင်ပြနေရပါတယ်။ကျွန်တော် Mall ထဲကိုရောက်ထဲက ထူးထူခြားခြားကြားနေရတာကတော့ ကလေးတွေလမ်းပျောက်သွားကျတာ၊ကလေးကိုဘယ်မှာထားခဲ့မိလည်းမသိတာ၊လုံခြုံရေးအလုံအလောက် မရှိလို့ဘယ်သူ့ကိုမေးလို့ မေးရမယ်မှန်းမသိဖြစ်နေတာတွေကတော့ Junction~8 Shopping Mall ကိုသရုပ်ပျက်စေပါတယ်။

Junction~8 Shopping Mall ရဲ့ လိုအပ်နေတဲ့အချက်တွေနဲ့အားနည်းချက်ကိုတော့ တဖြေးဖြေးနဲ့ထိန်းချုပ်လာနိုင်ပါ့မယ်လို့ (တာဝန်ရှိသူတဦးမှပြောကြားပါတယ်)

ယနေ့ကျွန်တော် စောင့်ကြည့်နေတဲ့အချိန်မှာတော့ တဖြည်းဖြည်းနဲ့ လုံခြုံးရေးတွေ များလာတယ်။စနစ်တွေသိသိတာတာပြောင်းလာတယ်။လူကျတ်တာတွေက အစထိန်းလာနိုင်တာကိုတွေ့ရပါတယ်။

စာဖတ်ပရိတ်သတ်များအသေးစိတ်ထပ်သိချင်တယ်ဆိုရင် ကျွန်တော်နောက်ပိုင်း ဆက်လက်တင်ပြပေးပါမယ်။……အားလုံးကိုခင်မင်လေးစားချက်ပါ……..။

5 comments

  • mG

    September 21, 2010 at 3:25 pm

    လက်မှတ်ဈေးနှုန်းတွေကတော့ (15000 ကျပ် မှစကာ 6500 ကျပ် )ထိသတ်မှတ်ထားပါတယ်။ မှားနေလို့ပါဗျာ………..။ လက်မှတ်ဈေးနှုန်းက 1500 ကနေစတာပါ။ 15000 မဟုတ်ပါဘူးဗျာ……။

  • william hoe

    September 21, 2010 at 3:56 pm

    လက်မှတ် ဈေ းနှုန်းကတော ့ကြောက်စရာပဲ နော်… သားတို ့တော ့မတတ်နိုင်ပါဝူး… 6500 တန်းကို ပြောပါတယ်… ဟီးဟီး…

  • KIMURA

    September 22, 2010 at 4:24 am

    ဟုတ်ပါတယ်ကျနော်တိုသွားကြည်ခဲ့ပါတယ်အသက်ရျှးရတာမွန်ကျပ်စွာနဲပဲပြန်လာလိုက်ရပါသည်။ပုံစံမကျဘူးလိုထင်ပါသည်။လေအေးပေးစက်တွေလဲမနိုင်ပါဘူး။

  • mG

    September 22, 2010 at 1:00 pm

    စာဖတ်ပရိတ်သတ်များခင်ဗျာ။ကျွန်ုပ်၏ သတင်းများရေးသားရာတွင် စာလုံးအမှားနှင့်လိုအပ်ချက်များအား နားလည်ပေးစေလိုပါသည်။အွန်နက်ရှင်၏ ဖြစ်စဉ်ကြောင့် အစဉ်မပြေမှုကို နားလည်ပေးစေချင်ပါသည်။ လေးစားစွားဖြင့် (mG)

  • Gong Zhu

    September 22, 2010 at 3:33 pm

    အဲကွန်း က မအေးဘူးလား . . . မကောင်းဘူးလားဟင် . . .

Leave a Reply