ပွင့်သောပန်းများမနွမ်းစေချင် … (အမျိုးသမီးများဖတ်နိုင်သည် )

fattySeptember 21, 20101min913

……. အိမ်ထောင်တခုမှာ အိမ်ထောင်ရေးသုခ အပြည့်အဝရရှိကြဖို့ ဆိုတာသိပ်ကိုအရေးပါကြောင်း သာမာန်အခြေအနေမှာတော့ သတိပြုမိချင်မှသတိပြုမိကြမှာပါ။
ဒါပေမဲ့ ယောကျာင်္းလေးဖက်ကဖြစ်စေ မိန်းကလေးဘက်ကဖြစ်စေ တဦးဦးဘက်က ချို့ယွင်းလာလို့ အိမ်ထောင်ရေးသုခ မရနိုင်ကြတော့ဘူးဆိုရင်ဖြင့် ……….
ပြဿနာတွေက တန်းစီနေပါပြီ …။ အထူးသဖြင့် ဘယ်ဘက်က အပြစ်ကြောင့်ဖြစ်ဖြစ် ငယ်ရွယ်စဉ်အချိန် (သို့) အိမ်ထောင်ရးသုခ ခံစားလို့အကောင်းဆုံးအချိန်မှာသာ
ချို့ယွင်းမှုဖြစ်ခဲ့ရင်ဖြင့် ပြန်လည်ကုသမှုခံယူဖို့အတော်လေးခက်ခဲသွားပါလိမ့်မယ် ……။

ဒါကြောင်. မဖြစ်ခင်က ကြိုတင်သတိရှိပြီးမိမိကိုယ်ကို ဂရုစိုက်ဖို့လိုအပ်လှပါတယ် ။ အဖြစ်အများဆုံးကတော့ ယောကျာင်္းသား ခင်ပွန်းသည်များဘက်ကပါ ..။
အဓိကတရားခံကတော့ ဆီးချိုရောဂါဝင်လာခြင်းဘဲဖြစ်ပါတယ် …။ ဆီးချိုရောဂါဆိုတာ မိမိစားသမျှအစာအဟာရဖြစ်တဲ့ကယ်လိုရီများ သကြားဓါတ်များကို
ခန္ဓာကိုယ်ကစုတ်မယူနိုင်တော့ဘဲ သကြားဓါတ် (အချိုဓါတ်) များ ခန္ဓာကိုယ်ထဲမှာပိုလျှံကုန်တာပါ။

ဆီးချိုရောဂါသည်တဦးဖြစ်ပြီဆိုရင်ဖြင့် ….. အာရုံကြောများအားနည်းလာရခြင်း နဲ့ ကြွက်သားများပျက်စီးလာရခြင်း များဖြစ်လာတော့တာပါဘဲ။
အဲဒီအခါ ယောကျာင်္းအဂါင်္တောင့်တင်းနိုင်မှု မရှိတော့ပါဘူး …။မိမိရဲ့စိတ်ကတော့လိင်ဆက်ဆံလိုစိတ်အပြည့်ရှိပါတယ်။

ဆိုလိုတာကတော့ပန်းသေပန်းညှိုး ရောဂါစတင်ဝင်ရောက်လာတာပါဘဲ ။ ….. အဲဒိရောဂါဟာ ရုတ်တရက်ကြီးဖြစ်တာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်မှာရှိတဲ့
ကြွက်သားများအားလုံးလိုလို အားနည်းလာပြီး လိင်တံပါ တောင့်တင်းမှုမရှိတော့တာပါ။ ပြဿနာက လိင်ဆက်ဆံလိုစိတ်ရှိတယ် ဒါပေမဲ့ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့တာပါ။
အဲဒီအခါ ကိုယ်ဇနီးသည်က ဘယ်လိုသဘောထားလာမလဲ …။

ခါတိုင်းလိုဘဲ ကိုယ်က ဇနီးသည်ကို ပွတ်သီးပွတ်သပ်လုပ်မယ် ဇနီးမောင်နှံထုံးစံအတိုင်း ကလူ၏သို့မြူ၏သို့ဖြစ်ကြမယ် ဇနီးသည်ကလည်း ဆက်ဆံဖို့လိုလားလာမယ်
ဆိုမှဖြင့်ကိုယ်က အလိုဆန္ဒ မပေးနိုင်တော့ပါဘူး … ကိုယ့်အတွက်လဲဒုက္ခ သူ့အတွက်လဲဒုက္ခပါဘဲ နှစ်ဦးစလုံး စိတ်ဒုက္ခရောက်ကြရတော့မှာပါ။ ပိုပြီးဆိုးတာက
ခင်ပွန်းသည်ဘက်က ငါသူ့အလိုဆန္ဒမဖြည့်နိုင်တော့ဘူး သူဘယ်သူနဲ့မျာ ဖေါက်ပြန်မလဲဆိုတဲ့အတွေးမျိုးဝင်လာတတ်ပါတယ်။

ဒီပြဿနာက တနေ့နဲ့ပြီးမှာမှုတ်ဘူးနော် … တသက်လုံးသွားတော့မှာ …ကိုယ့်ဇနီးသည်က သီးခံနိုင်ရင်တော့ဟုတ်ပါရဲ့ .. သူလဲကိုယ်သွေးနဲ့ကိုမဟုတ်လား
ဒီထက်ပိုတဲ့ အခက်အခဲတွေကိုကိုယ့်ဖာသာစဉ်းစားကြပါ …။ အများကြီးပါ ။ ဒါကြောင့် ဆီးချိုရောဂါ ဝင်မလာဖို့အရေးကြီးပါတယ်။ …………….

ဆီးချိုဖြစ်လာလို့ ဒီလိုပန်းညှိုးလာပြီဆိုရင်တော့လဲ … စောစောစီးစီးမှန်ကန်သောကုသမှုခံယူပါ။ စိတ်ပိုင်းဆိုင်ရာကုသမှုအပြင် ရုပ်ပိုင်းဆိုင်ရာကုသမှုပါလိုလိုလာပါပြိ။
ကုသပုံကုသနည်းတွေတော့ မဖေါ်ပြတော့ပါ ။ ဆီးချိုမဝင်အောင်သာ ဂရုစိုက်ကြပါ။ မျိုးရိုးကြောင့်လဲ ဝင်လာနိုင်သလို ကိုယ်ကိုယ်တိုင်က အနေအထိုင် အစားအသောက်
မှားယွင်းမှုကြောင့်လဲဖြစ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲလို့နဲ့ အစားကြူးမှုကြောင့် အဖြစ်နိုင်ဆုံးပါ။ ကျောင်းသားငယ်များကို ကစားချိန်မရဘဲ စာဘဲလုပ်စေချင်တဲ့
မိဘများ သတိပြုဖို့လိုပါတယ်။ လူငယ်များ game အကြာကြီး ကစားတာကလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်လာပြီဆိုရင်တော့လဲ ဇနီးသည်က နားလည်မှုပေးပြီး ကုသမှုကို ဂရုစိုက်လုပ်ပေးဖို့ လိုပါတယ်။ နားလည်မှုပေးပါဆိုတာက တော်ရုံနဲ့မဟုတ်ပါ ပွင့်ပွင့်လင်းလင်း
ပြောရရင်ဖြင့် မိမိခင်ပွန်းသည်ကို စိတ်ပိုင်းဆိုင်ရာကုသနိင်ဖို့ အခြားအမျိုးသမီး တဦးလိုအပ်ပါတယ်။ ဒါလောက်ဘဲ တင်ပြပါရစေ။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။

3 comments

  • kyansitthar101

    September 22, 2010 at 12:22 am

    ဆီးချိုရောဂါမဖြစ်အော် ဂရုစိုက် ရမယ်

  • search123

    September 23, 2010 at 11:41 am

    မိမိခင်ပွန်းသည်ကို စိတ်ပိုင်းဆိုင်ရာကုသနိင်ဖို့ အခြားအမျိုးသမီး တဦးလိုအပ်ပါတယ် ….ဆိုတဲ့ အချက်ကို သိပ်နားမလည်ဘူး။
    ဇနီးသည် ကိုယ်တိုင်က…နားလည်မှုအပြည့် နဲ့ ဂရုစိုက်လည်းရမယ် ထင်ပါတယ်။ အခြားအမျိုးသမီး က ဘာအတွက်လဲ။

  • fatty

    September 23, 2010 at 1:59 pm

    စာဖတ်သူဟာ အိမ်ထောင်သက်အနဲဆုံး ၁ဝ နှစ် အနှစ် ၂ဝ ရှိပြီးသား ဆိုရင်ပိုနားလည်နိုင်ပါလိမ့်မယ်။ တော်တော်သိမ်မွေ့တာမို့ ကြိုးစားပြီးတင်ပြရမှာပါ။
    အနောက်နိုင်ငံသူအချို့ကိုမေးဘူးပါတယ် ..မင်းတို့ဆီမှာ လင်မယားကွာရှင်းတာလွယ်လှချည်းလားလို့ တယောက်ပြီးတယောက်ဘဲလို့ ..ဆိုတော့ ..စဉ်းစားကြည့်ပါတဲ့
    ယောကျာင်္းတယောက်ကို မနှစ်သက်တော့ဘဲနဲ့ အနှစ်၂ဝ ၃ဝ ၄ဝ လုံးလုံး စိတ်ဆင်းရဲခံပြီး ပေါင်းသင်းနေ ရမှာလားတဲ့ … ငါတို့ဆီမှာတော့ တလင်တမယားစနစ်ဘဲဆိုတော့ ..
    ဒါက .. လွှမ်းမိုးထားတဲ့ရိုးရာလိုဖြစ်နေတဲ့ ယဉ်ကျေူမှုအရပါတဲ့ … မြန်မာတွေဟာသူတို့မနှစ်သက်တော့ပေမဲ့ ..မကြိုက်တော့ပေမဲ့ .. အောင့်အီးသီးခံပြီး နေနိုင်လွန်းအားကြီးတယ်တဲ့ … သီးခံနိုင်မှုစွမ်းရည်မြင့်တယ်ပေါ့ .. ။
    တတ်နိုင်သလောက်တော့ သွယ်ဝိုက်ပြီးရေးနေတာဘဲနော် .. ဆီးချိုရောဂါသည်တဦးဟာ ဇနီးသည်နဲ့ အကြင်လင်မယားလိုဆက်ဆံနိုင်ဖို့ ..မဆက်ဆံခင်မှာ လိင်ဆက်ဆံတဲ့
    ကားတွေကို ဇနီးသည်နဲ့အတူ ကြည့်ရတာကို တွေ့ဘူးပါတယ်။ ဒါက ပန်းညှိးရောဂါ အစမို့ပါ။ တကယ်ဖြစ်လာပြီဆိုရင် အဲဒီလို မရတော့ပါဘူး ။
    နောက်ဥပမာတခုကတော့ … ရှေ့တန်းမှာ အသေခံ ကွန်မင်ဒို အဖွဲ့ထဲမှာ အမျိုးသမိးစစ်သည် ထဲ့ပေးလေ့ရှီပါတယ် အသေခံဖို့လိုအပ်ပြီဆိုရင် အဲဒီအမျိုးသမီးရဲ့ အားပေးမှုက
    သိပ်ကိုအရေးပါ ပါ တယ်။ မိန်းကလေးတွေရှေ့မှာ စွန့်စားပြချင်တဲ့ စိတ်ပညာဆိုင်ရာပေါ့ ။ ပန်းသေပန်းညှိးရောဂါ ဟာ စိတ်ဖိစီးမှု မသိဘဲနဲ့ဖြစ်နေတာလဲပါ ပါတယ်။
    တခါက တရားရိပ်သာ သွားသွားနေတဲ့အမျိုးသမီးတဦး ဟာ သူ့သားငယ်ငယ် နဲ့ ဆုံးသွားရတော့ ငါ တရားရှိတယ် မငိုဘူး ဆိုပြီးနေပါတယ်။ ဘေးကလည်းဝိုင်းပြီးချီးကျူး
    ကြတာပေါ့ .. ဒါပေတဲ့ တကယ်တော့ သူဟာပုထုစဉ်ကမတက်သေးပါဘူး ကြိတ်ပြီးနေတာပါ နောက်တော့နှစ်လုံးအဆမတန်ကြီးလာပြီး ဆုံးသွားပါတယ်။
    ဆိုလိုရင်းကို သိလောက်ပါပြီ။

Leave a Reply