သတိပြုစေချင်ပါသည်။

onlinezzSeptember 22, 20101min531

ဘလော့ဂ်တွေ၊ဖိုရမ်တွေမှာ စာမျိုးစုံ အကြောင်းအရာ မျိုးစုံရေးကြတယ်။ဗဟုသုတ ရစရာစာတွေ၊ရသစာပေတွေ၊ဆောင်းပါးတွေ အပြိုင်အဆိုင် တင်ကြတယ်။ဒါပေမယ့် တစ်ချို့သော စာရေးသူများက သတိမပြုပဲတင်ကြတဲ့ စာလုံးလေးတွေ ရှိတယ်။ဥပမာ – အဲဒီလို စာလုံးမျိုးကို ရေးထားတဲ့ အကြောင်းအရာ ပေါ့သွားအောင် အဲ့လို  စာလုံးမျိုးနဲ ့သုံးတက်ကြတယ်။စာအရေးအသား ကောင်းသော်ငြား အဲ့လို စာလုံးကြီး သုံးလိုက်တော့ ရေးထားတဲ့စာက အနှစ်သာရ ပျောက်သွားသလိုပဲ။

စာရေးသူတွေ သတိပြုလိုက်မယ် ဆိုရင် ကိုယ်ရေးတဲ့ အကြောင်းအရာက ပိုပြီး အနှစ်သာရ ရှိသွားမှာပါ။ဒါကတော့ အသုံးအများဆုံး စာလုံးကို တင်ပြလိုက်ခြင်းပါ။

One comment

  • kopauk mandalay

    September 22, 2010 at 12:24 pm

    အခုလိုထောက်ပြပေးတာ ကျေးဇူးပါ။
    တစ်ခါတစ်လေတော့လဲ ကျနော်တို့လို အင်တာနက်ဆိုင်မှာသွားရေးရတဲ့လူတွေမှာ ကော်နက်ရှင်ကကျ
    ဘေးက ကလေးတွေကဆူ အခန်းကပူ ဆိုတဲ့အထဲမှာရေးရတော့ မြန်မြန်ပြီးချင်ဇောကပ်သွားတဲ့အခါ ကိုယ်ရေးတာကို
    ပြန်မဖတ်ဘဲတင်မိတဲ့အခါမျိုးလဲရှိပါတယ်။
    နောက်ဘာသာစကား မကျွမ်းကျင်လို့မှားတာလဲ ရှိပါတယ်။
    အခုလိုပြောပြတော့ ကျနော်တို့လိုရေးသူတွေက သတိထားလို့ပြင်လိုက်ရင် ဖတ်ရတာလဲကောင်း ရေးရတာလဲစင်းလုံးချောလို့

    ကောင်းမှကောင်းပါဘဲခင်ဗျာ။

Leave a Reply