Mandalay Gazette သုံးရတာ အဆင်မပြေတော့ခြင်း

etoneSeptember 22, 20101min32613

Admin , မနေ့က တစ်နေလုံး ဘယ်လိုကြိုးစားကြိုစား ဖွင့်လိုမရပါဘူး ။ ဒီနေ့ကျတော့လည်း ဖွင့်လို့တော့ရပါတယ် post တစ်ခုရောက်လို့ comment ပေးမယ် ကြံတိုင်း log in ပြန်တောင်းပါတယ် ။ တစ်ခါ ရေးဖို့တစ်ခါ log in လုပ်နေရတာ အဆင်မပြေပါဘူး ။ နောက်ပြီး log in လုပ်ပြီးတာတောင် တစ်ခါတစ်ခါ အရင် စာမျက်နှာအဟောင်းကြီးပဲပြန်မြင်နေရပါတယ် (log in မလုပ်ခင်) က ပုံစံမျိုးပါပဲ ။လူတိုင်းရောဒီလိုဖြစ်သလားသိချင်ပါတယ် ။ ဒီရက်ပိုင်းမှာ အသုံးပြုရအဆင်မပြေမှူတွေများနေပါတယ် ။ အဆင်မပြေမှူတွေဘယ်လောက်ကြာရှည်မလဲသိပါရစေ ။

13 comments

  • kyansitthar101

    September 22, 2010 at 6:07 am

    ဟုတ်တယ် ကျနော်လဲ အခုတလော သုံးရတာ အဆင်မပြေဘူး

  • ဆူး

    September 22, 2010 at 6:32 am

    အဲဒီလို ဖြစ်ပါတယ် ဖြစ်တဲ့အကြောင်းကို ပထမဆုံး အယ်ဒီတာ ပို့စ်အောက်မှာ သွားရေးပြီး အကြောင်းကြားထားပါတယ်။ ဒီရက်တွေမှာ သုံးရတာ အဆင်မပြေတာတော့ အမှန်ဘဲ။ နောက်ပြီး ဘာမှန်းမသိဘဲ ပွိုင့်တိုးအောင် ရေးတဲ့ ပိုစ့်နဲ့.. ရန်ထောင်ပြီး ဝါးလုံး ရှည်ရမ်းတဲ့ ပို့စ်နဲ့.. စုံနေတာဘဲ ဖွင့်ဖတ်ရတာတောင် စိတ်ပျက်လာမိပြီ။ အခိုက်အတန့် ရေးလာတာ အချိန်နဲနဲ ကြာတော့ သံယောဇဉ်လေး မကုန်နိုင်လို့ နေ့တိုင်း ဝင်နေရတာ ဖတ်ရတာနဲ့ အချိန်တွေ အလကား ကုန်တယ်လို့တောင် မြင်လာမိတာဘဲ။ အရင်ကတော့ တော်တော်လေး သတင်းစုံတယ် ဖတ်ရတာအားလည်း ရတယ်။

    • etone

      September 24, 2010 at 2:10 am

      winne ရေ ဟုတ်တယ် ။ အခုနောက်ပိုင်းမှာ ပွိုင့်လိုချင်လို့ ရေးတဲ့ပိုစ့်တွေရှိသလို ရန်ထောင်ပြီးရေးတဲ့ပို့စ်လည်းရှိတယ် ။ တစ်ချို့ဆိုရင် ဘာသာရေးပို့စ်ကိုတောင် စောင်းမြောင်းပြီးရေးတာတွေလည်းရှိနေတယ်လေ ။ ပိုစ့်ရေးတဲ့သူအချင်းချင်းဘာသာရေးနဲ့ပတ်သတ်တဲ့ပိုစ့်မှာ အငြင်းအခုံရေးတာလည်းတွေ့ခဲ့ဖူးတယ် ။ အခုဆိုရင်တချို့ပို့စ်တွေက တင်ပြီးသားတွေကို ထပ်တင်တာ 3 ခါလောက်ရှိတဲ့ပို့စ်တောင် ရှိတယ် ။ တစ်ယောက်တင်ပြီးသားကိုနောက်တစ်ယောက်က ကာလအနည်းငယ်အကြာမှာ ထပ်တင်တာမျိုးတွေပေါ့ ။ စိတ်ပျက်လာတာမှန်ပေမဲ့ မဖတ်ပဲမနေနိုင်တော့လည်း သည်းခံရမှာပေါ့ ။

  • Saneyarr

    September 22, 2010 at 11:19 am

    ကျွန်တော်အခုမှ စသုံးတာပါ။ အစ်ကိုတို့ပြောသလိုမဖြစ်သလိုပဲနော်။ စသုံးသုံးချင်းမှာ ဒီ post ကိုဖတ်လိုက်ရလို့ တစ်မျိုးတောင်ဖြစ်သွားမိတယ်။

  • suzuki

    September 22, 2010 at 12:30 pm

    ဟုတ်တယ် အခုတလော အဲလိုပဲ။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဖတ်ရန် Mandalay gazette ဖြစ်နေပီ။ နောက်ပြီး ဆူး ပြောတာကျွန်တော်သိပါတယ်။ ဖတ်မိတယ်။ သွားပြီးအဖက်လုပ်မနေပါနဲ့ ဘယ်သူက ဘာဆိုတာ ကျွန်တော်တို့လို အမြဲဝင်ဖတ်နေသူ တွေအနေနဲ့ သိပါတယ်။ စိတ်ဓာတ်လဲမကျပါနဲ့လို့ ပြောချင်ပါတယ်။ thank u ပါ။ (အဲလိုရေးတာတောင် ပြန်ရန်တွေ့ခံရအုံးမလား မသိဘူး ရေးသာရေးလိုက်ရတာ ဟီး . . )

    • ဆူး

      September 22, 2010 at 12:41 pm

      suzuki ပြန်ရန်တွေ့လိုက်ရမလား အဟမ်း..

  • မန်း ရိပ်

    September 22, 2010 at 1:10 pm

    အင်း
    ဟုတ်တယ်
    ဖြစ်တက်ပါတယ်

  • april

    September 22, 2010 at 1:12 pm

    mandalay gazette ရေ severနေရာမြန်မြန် အထိုင်ကျရင်ကောင်းမယ်။ဖတ်ရတာ လုံးဝအဆင်မပြေပါ။

  • Gong Zhu

    September 22, 2010 at 3:19 pm

    Gong Zhu လည်း အဲ့လိုဖြစ်တယ် . . .

  • thura.ng2

    September 24, 2010 at 4:35 am

    ဟုတ်ပါတယ်။ ခဏခဏ ပြန်ပြန်ဝင်နေရပါတယ်။

  • char too lan

    September 24, 2010 at 6:41 am

    ဟုတ်တယ် ချာတူးလဲမျက်စိလည်နေပီ
    Comment တွေရေးပီး Submit လုပ်လိုက်ရင် Login ပြန်ရောက်သွားရော
    နောက်နေ့ကျတော့ Login တောင်ဝင်လို ့မရတော့ဘူး
    ကိုယ်တစ်ယောက်ထဲ ဘမ်းခံလိုက်ရပီမှတ်နေတာ
    ပီးတော့ ဆူး တို့ပြောသလိုပဲ ဒီမှာရှိတဲ့ post တွေက
    ကျနော့် mail ထဲမှာသူငယ်ချင်းတွေပို့ပီးသား post တွေတောင်ပါသေးတယ်
    လွန်ခဲ့တဲ့ ၄-၅ လလောက်ကပုံစံနဲ့တော်တော်ကွာသွားပီဗျ
    🙁
    ဒီ commentတောင် error တက်နေပီ :'(

  • R Ga

    September 24, 2010 at 9:28 am

    အရင်ကလောက်အဆင်မပြေတာကတော့ အမှန်ပဲ…။

    ဒါပေမယ့် လွတ်လွတ်လပ်လပ်ရေးသားခွင့်ရတာရော…။ ဆန်းဆန်းပြားပြားလေးတွေရှိနေတာကြောင့်ရယ် ခဏ ခဏ ဝင်ဖြစ်နေတယ်ဗျာ..။

  • ဆူး

    September 24, 2010 at 10:33 am

    အဓိက အကြောင်း အရင်းကတော့ R Ga ပြောတဲ့ အချက်ကြောင့် ခဏခဏ ဝင်ဖြစ်နေတာပါ။

Leave a Reply