အသားစားတဲ့ သစ်ပင်။

etoneSeptember 22, 20101min741
August 17, 2009 ရက်နေ ့တွင် ဗြိတိသျှ သိပ္ပံပညာရှင်များဟာ ကြွက်ကိုဖမ်းယူစားသောက်နေတဲ့ အပင်တစ်မျိုးကို တွေ ့ရှိခဲ့တဲ့အကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ် ။ထို အသားစားအပင်ဟာ ရေတကောင်းပုံစံရှိပြီး ကြွက်၊ယုန်၊ရှဉ့် စတဲ့ သတ္တဝါတွေကို သူ ့ရဲ ့ ရေတကောင်းခွက်ထဲ မရောက်ရောက်အောင် ဆွဲဆောင်ခေါ်ယူပြီး ရေတကောင်းထဲ ပြုတ်ကျတဲ့အခါမှ အထဲမှာရှိတဲ့ အင်ဇိုင်းတစ်မျိုးနဲ ့ အစာကို ကြေညက်သွားစေတယ်လို ့ ဆိုပါတယ် ။

ဒီအပင်ကိုတွေ ့ရှိသူတွေကတော့ ကိန်းဘရစ် တက္ကသိုလ်က ဇီဝဗေဒ ပညာရှင်များဖြစ်တဲ့ Alastair Robinson, Steward McPherson, Volker Heinrich နဲ ့ Andreas Fleischman တို ့ပဲဖြစ်ကြပါတယ်။တွေ ့ရှိတဲ့နေရာကတော့ ဖိလစ်ပိုင်နိုင်ငံ ဝိတိုရိယတောင်တန်းတွေမှာ တွေ ့ရှိခဲ့တာဖြစ်ပြီး သူတို ့ဟာ ဒီအပင်တွေကို ၂၀၀ရ ခုနှစ်ကတည်းက လေ့လာခဲ့တာဖြစ်ပါတယ် ။ အသားစားအပင် မျိုးစိတ်ပေါင်း ၁၂ဝ ထဲက တော်တော်များများကို ထုတ်ဖော်နိုင်ခဲ့တယ်လို ့ဆိုပါတယ် ။
ခုတွေ ့ရှိရတဲ့ အသားစားအပင်ကို Nepenthes attenboroughii လို ့အမည်ပေးထားပြီး ဒါဟာ အသက် ၈၆ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဇီဝဗေဒ ပညာရှင် Sir David Attenborough ကို ဂုဏ်ပြုတဲ့အနေနဲ ့ သူ ့ရဲ ့အမည်ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ် ။
ဒီလိုအသားစား အပင်နဲ ့ပတ်သတ်တဲ့ ရုပ်ရှင်ကားတစ်ကားကို Star Movies နှင့် 5 Movies တို ့မှာလည်း မကြာခဏ ပြသနေပါသေးတယ် ။ ဒီရုပ်ရှင်ဟာ ၁၉၈၆ က ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Little Shop of Horrors လို ့နာမည်ပေးထားပါတယ် ။