အာဆီယံတွင် ပထမဆုံး စံပြအဖြစ် KIO အား ချေမှုန်းရန် ဝန်ကြီးချုပ်သိန်းစိ်န် ခြိမ်းခြောက်

etoneSeptember 22, 20101min93

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြန်မာစစ်အစိုးရဝန်ကြီးချုပ်၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က ယခုစက်တင်ဘာလဆန်းပိုင်းတွင် ခြိမ်းခြောက်ခဲ့သည်။

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၊ လဝါယန်အခြေစိုက်  ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် ပန်ဝါအခြေစိုက် ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်မှ ဤကဲ့သို့ပြောခြင်းဖြစ်သည်။

ဦးသိန်းစိ်န်က ရွေးကောက်ပွဲပြီးလျှင် “KIO အား အရှေ့တောင်အာရှ (အာဆီယံ) တွင် စံပြအဖြင့် တိုက်ခိုက်ချေမှုန်းပစ်မည် ”ဖြစ်ကြောင်း စစ်အစိုးရသစ္စာခံ ကချင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အား အထူးဖိတ်ခေါ်၍ ပြောကြားခြင်းဖြစ်သည်။

၎င်းတွေ့ဆုံပွဲသို့ လဝါယန်အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကိုယ်တိုင်နှင့် NDA-K နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ ခေါင်းဆောင် ဦးဇခုန်တိ်န့်ယိန်းကိုယ်စား အခြား BGF စစ်ဗိုလ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် သိန်းစိန်က မြန်မာစစ်အစိုးရမှ KIO အား ၄ ကြိမ်အခွင့်အရေးသီးခြားစီ ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ၎င်းတို့မှာ–
(၁) တွေ့ဆုံဆွေးနွေးရေးလမ်းဖွင့်ပေးခြင်း၊
(၂) နယ်ခြားစောင့်တပ် (Border Guard Force) ပြောင်းလဲဖွဲ့စည်းရန်၊
(၃) ပြည်သူ့စစ်ပြောင်းလဲဖွဲ့စည်းရန်
(၄) နောက်ဆုံး လက်နက်စွန့်ရန်
ဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပြန်လည်ပြောင်းလဲဖွဲ့စည်းခြင်း သို့မဟုတ် လက်နက်ချရေးကို လက်မခံခဲ့သော KIO/KIA အဖွဲ့အား နောက်နောင် လက်နက်ချ အလင်းဝင်လာသော်လည်း လက်ခံမည် မဟုတ်ကြောင်းကို ဝန်ကြီးချုပ်မှ ပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်အစိုးရအာဏာစက်အောက်ရှိနေရာဒေသများတွင် သွားလာလှုပ်ရှားသော KIO/KIA အဖွဲ့ဝင်များအား အရေးယူဖမ်းဆီးခြင်း၊ အဖွဲ့၏စီးပွားရေးလုပ်ငန်းများအား ပိတ်ပင်ခြင်း၊ အဖွဲ့ဝင်များ၏မိသားစုဝင်များ ဝင်ထွက်သွားလာမှုများကို စစ်ဆေးခြင်း နှင့် အခြားအဖွဲ့အစည်းများ KIO ထိန်းချုပ်ဒေသများသို့ ဝင်ထွက်သွားလာခြင်းများကို ပိတ်ပင်မည်ဖြစ်ကြောင်းသိရသည်။

သို့သော် KIO/KIA အဖွဲ့တခုလုံးအနေဖြင့်မဟုတ်ဘဲ တဦးတယောက်၊ တပ်စိတ်၊ တပ်စု၊ တပ်ရင်း၊ တပ်မဟာချင်း လက်နက်နှင့်တစ်ပါတည်း အလင်းဝင်လာခြင်းကိုမူ အပြစ်ပေးခြင်းမပြုဘဲ လက်ခံသွားမည်ကို ဝန်ကြီးချုပ်မှ ထပ်ပြောခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ လက်နက်ချရန် စစ်အစိုးရ၏ညွှန်ကြားမှုကို KIO က လက်မခံကြောင်း ဩဂုတ် ၃၀၊ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက် ယခုလို် ကြံ့ဖွတ်ပါတီ (USDP) ခေါင်းဆောင် ဦးသိန်းစိန်၏ တုန့်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း ဝန်ကြီးချုပ် သိ်န်းစိန် ပူတာအိုသို့သွားရောက်ပြီး ကချင်မျိုးနွယ်စုများဖြစ်သော ရဝမ် နှင့် လီဆူ လူမျိုးခေါင်းဆောင်များကိုသာ သီးသန့်တွေ့ဆုံစကားပြောခဲ့သည်။

ထိုအစည်းအဝးတွင် ဦးသိန်းစိ်န် (ထိုချိန်က ဗိုလ်ချုပ်ကြီးသိန်းစိန်) မှ “မင်းတို့ကို ဂျိန်းဖောတွေ ဘယ်လောက် တောင်သတ်ခဲ့သလဲ။ (၁၉၆၈ KIO နှင့် ရဝမ်ကြား ဖြစ်ပေါ်ခဲ့သည့် “ခရန်ခူးအပြန် အလှန်သတ်ဖြတ်ခြင်း အဖြစ်အပျက်” ကို ရည်ညွှန်းခြင်း) မင်းတို့ ဂျိန်းဖောတို့ကို ပြန်သတ် မလား။ သတ်မယ်ဆိုရင် လက်နက် ထုတ်ပေးမယ်” ဟု ရန်မီး မွေးပေးခဲ့ကြောင်း သိရသည်။

ကချင်အမျိုးသားများကြား အချင်းချင်းသတ်ဖြတ်ကြစေရန် သွေးထိုးပေးခြင်းဖြစ်သည်။

ဝန်ကြီးချုပ်၏ သွေးထိုးမှုကို လီဆူ လူမျိုးများက တိတိပပ လက်ခံခြင်းမရှိသော်လည်း ခေါင်လန်ဖူးအခြေစိုက် ရဝမ်သီးသန့်ပြည်သူ့စစ် အဖွဲ့ (သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့) ၏ ခေါင်းဆောင် စီးပွါးရေးသမား တန်ဂူးတန် (အတန်) မှာ လက်ခံခဲ့သည်။

၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း စစ်အစိုးရမှ စစ်အင်အားဖြင့် သံဃာတော်များကို နှိမ်နင်းခဲ့ချိန် တန်ဂူးတန်သည် ၎င်း၏တပ်ဖွဲ့အင်အား ၂၀ဝ ကျော်အား နေပြည်တော်သို့ ပို့ဆောင်ခဲ့သည်။

မြန်မာစစ်အစိုးရသည် လာမည့် နိုင်ဝင်ဘာ ရ တွင် ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရ ဖြစ်လာရေး ကြိုးပမ်းနေပါသည်။ ထို့နောက် KIO အပါအဝင် အခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ချေမှုန်းရန် ပြင်နေပါသည်။

မြန်မာစစ်အစိုးရက KIO အား မည်သို့ပြင် ခြိမ်းခြောက်နေသည်ဖြစ်စေ KIO ဘက်မှ စစ်အစိုးရကို စတင်တို်က်ခို်က်မည် မဟုတ်ကြောင်း သိရသည်

3 comments

  • smytu1996

    September 22, 2010 at 6:47 am

    After election, it is easy decide for a interior war by military ownself? This is militarimocracy? i not understand the decosions of USDP or current government?Why canot transparent?

  • Saneyarr

    September 22, 2010 at 11:06 am

    ကြားရတာစိတ်မကောင်းပါဘူး။ ဟုတ်ပါ့မလားလို့တောင်သံသရဝင်မိတယ်။ ဒီလိုသွေးထိုးပေးတာကောင်းတဲ့ အမူအကျင့်မဟုတ်ပါဘူး။

  • moeyan309

    December 2, 2011 at 11:07 am

    ပြောတိုင်းလည်းသိပ်မယုံပါနဲ့။ ကောလဟာလတွေဖြစ်နေပါဦးမယ်။

Comments are closed.