British Council Education Fair 2010 (၂ဝ၁ဝ ခုနှစ် ဗြိတိသျှကောင်စီ ပညာရေးဆိုင်ရာပြပွဲ)

smytu1996September 22, 20101min923

ဗြိတိသျှကောင်စီ မြန်မာမှ ကြီးမှုးကျင်းပသော ပညာရေးဆိုင်ရာပြပွဲတစ်ရပ်ကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၏ ခန်းမ တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါပြပွဲတွင် ဗြိတိသျှကောင်စီ မြန်မာမှ ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများ၊ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများ ၊ အင်္ဂလိပ်စာသင်တန်းပို့ချမှုများ နှင့် စာကြည်.တိုက်နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများ စသည့် ဝန်ဆောင်မှုများအကြောင်းကို ရှင်းပြပေးမည်ဖြစ်ပြီး အခြားစိတ်ဝင်စားဖွယ် အစီအစဉ်များ နှင့်အတူ ပညာရေး ဆိုင်ရာ ဟောပြောပွဲများလည်း ပါဝင်မည်ဖြစ်ပါသည်။

ဗြိတိသျှကောင်စီရှိ သက်ဆိုင်ရာဋ္ဌာနအသီးသီးမှ ဝန်ထမ်းများကလည်း ၎င်းတို့ သက်ဆိုင်ရာဋ္ဌာနများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် သိလိုသည်များကို ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါသည်။

ပညာရေးဆိုင်ရာပြပွဲအား ဗြိတိသျှကောင်စီ မြန်မာ၏ ဝန်ဆောင်မှုများကို လူအများ သိရှိနားလည်ပြီး အကျိုးရှိစွာ အသုံးချနိုင်ရန် ပြုလုပ် ကျင်းပရခြင်းဖြစ်ပြီး ဝင်ကြေး အခမဲ့ ဖြစ်ကာ စိတ်ပါဝင်စားသူများအားလုံး မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရပါသည်။

Information From BC

3 comments

  • smytu1996

    September 22, 2010 at 7:50 am

    IELTS လေ့လာနေသော စာကြည့်တိုက်အသင်းဝင်များအတွက် ဗြိတိသျှကောင်စီ စာကြည့်တိုက်အတွင်းရှိ Audio Loan Section (Self-access Centre) တွင် IELTS စာအုပ်များနှင့် Audio CDs/ CD-ROMs များကို စာကြည့်တိုက်အသင်းဝင်ကဒ် နှင့် Service Ticket ဖြင့် ငှားရမ်းနိုင်ပါပြီ။

  • mG

    September 22, 2010 at 12:56 pm

    ကျွန်တော်တို့ Register လုပ်ဖို့လိုအပ်မလားမသိဘူးနော်။အရင်တခါတုန်းကတော့ သွားခဲ့ဘူးတယ်။အခြားသောဆွေးနွေးပွဲတွေပါ။စရင်းမပေးထားရင် ဝင်လို့မရဘူးလို့ပြောလို့ အဝေးကြီးကလာရတဲ့ ကျွန်တော်တို့အဖို့စိတ်ပျက်မိပါတယ်။ဒါတောင် သေချာမေးပြီးတော့မှ လာတာနော်။အဲ့လိုတွေဖြစ်လာမှာဆိုးလို့ပါ။ကြားထဲကမှ ဖြစ်လာသေးတယ်ဗျာ။

  • smytu1996

    September 22, 2010 at 3:37 pm

    Dear mG, you should first contact BC to join this fair as there will have so many delicates, thanks.

Leave a Reply