ထွန်းအိန္ဒြာဗို နာရေးကူညီမှု အသင်းမှာ အလှူလုုပ်

parparaziMarch 31, 20101min1109

သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗိုက သူမရဲ့ သားလေး၊ အောင်ဗိုကောင်းသန့် ရဲ့ လေးနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် သရုပ်ဆောင် ကျော်သူရဲ့ နာရေးကူညီမှု အသင်းမှာ အလှူဒါန ပြုခဲ့တယ်လို့ သိရပါတယ်။ ထွန်းအိန္ဒြာဗိုဟာ ဒီနှစ်သင်္ကြန်မှာ မြစ်ကြီးနားမှာ ဖျော်ဖြေဖို့ ရှိတယ်လို့ ဆိုပါတယ်။

9 comments

  • susunosuki

    April 16, 2010 at 3:33 pm

    လှူတာတော့ကောင်းပါတယ်
    ဟိုနေ့က ဖတ်ရတဲ့ အင်တာနက် သတင်းတစ်ခုမှာ
    လူမွေးပြီး ဆရာလုပ်ကြတဲ့ နာရေးကူညီမှု့ အသင်းအကြောင်းကိုသိရပြီးနောက်
    စိတ်ထဲတော့မကောင်းလှဘူး

  • aungjeyya

    May 27, 2010 at 11:32 am

    ဝမ်းသာပါတယ် မုဒိတာလဲ ပွါးရပါတယ်
    အမြဲအားပေးနေမယ် မမထွန်းအိန္ဒြာဗိုလ်
    ကိုကျော်သူကိုလည်း အားကျကြည်ညိုပါတယ်။
    မြန်မာပြည်မှာ ဘယ်သူမှ မလုပ်နိုင်တဲ့ လူမှုရေးလုပ်ငန်းပါ။
    မနာလိုသူတွေ ဘယ်လိုပြောပြော ကို်ယ်လမ်းကိုယ်လျောက် ကောင်းရာရောက်မှာပါ။
    ရွှေဟင်္သာဆရာတော်ကြီးက ဆုံးမထားခဲ့တယ်–
    အများအကျိုး
    ရွက်သယ်ပိုးက
    ခနိုးခနဲ့
    ဆိုကဲ့ရဲ့လည်း
    မဖဲ့မစောင်း
    ကိုယ့်လမ်းကြောင်းကို
    စိတ်ကောင်းနှင့်ယှဉ်
    ရှေးရှုနှင်လော့—————-။ တဲ့

  • BaKo

    May 27, 2010 at 8:48 pm

    ကျော်သူလည်း ဖြည်းဖြည်းနဲ့ မင်းသိင်္ခနဲ့တူလာပြီ
    ဥပဓ်ိပြောပါတယ်

  • GarmeThane

    July 7, 2010 at 3:59 pm

    ဦးကျော်သူ လို လူမျိူး သေလို့ ငရဲရောက်ရင် ကျွန်တော်ကိုယ်တိုင် ငရဲခံလိုက်မယ်

  • doekalay

    October 1, 2010 at 10:08 am

    နာရေးကူညီမှုအသင်းမှာမခိုင်တင်မဟုတ်ဘူး။အားလုံးလိုလိုလှူသင် ့ပါတယ်။
    ကျွန်တော်တို ့သူငယ်ချင်းတွေကလစာထုတ်ပြီးရင်ပိုက်ဆံစုပြီးတော ့လှူကြပါတယ်။အားလုံးလဲလှူသင် ့ပါတယ်လို ့အကြံပြုပါရစေ။

  • intro

    October 1, 2010 at 2:32 pm

    ကောင်းတယ်၊ ဒါလဲ မွန်မြတ်တဲ့ အလှူဒါနပါပဲ၊ သာဓုပါဗျာ..

  • winkyawaung

    October 2, 2010 at 3:32 am

    ကောင်းသော အလှူပွဲလေးပါ။ သာဓုခေါ်ဆိုလိုုုက်ပါတယ်..။

  • michaelaungpu

    October 2, 2010 at 11:38 am

    susunosuki ခင်ဗျား
    ဟိုနေ့က ဖတ်ရတဲ့ အင်တာနက် သတင်းတစ်ခုမှာ
    အဲ့သည်သတင်းကို ဘယ်မှာဖတ်ရပါမလဲခင်ဗျား

Leave a Reply