စာဖိတ်ပရိတ်သတ်မှားသိကျတဲ့အတိုင်း မြန်မာရန်ကုန် အခွန်မြို့တော်ကြီးမှာ…..။အဲ အဲ….။မဟာရန်ကုန်မြို့တော်ကြီးမှာတော့ လူတွေစည်ကား

နေတာကို တနိုင်ငံလုံးအသိပါ။သို့သော်လည်း ရန်ကုန်မှာမသိမတာနဲ့ဖြစ်နေတဲ့ ကိစ္စရပ်အတော်များများကို သိပြီးသူတွေတော့ သိရင်သိမှာပါ။ဒါမှမဟုတ်ရင်လည်း သတိမထားမိတာလေးတော့ရှိမှာပါ။

  • ရန်ကုန်မြို့မှာ တပ်မတော်မှတာဝန်ချထားတဲ့ SPY စစ်သားများ လေးထောင်ကျော်ကို ရန်ကုန်မြို့အတွက်မဲပေးရာတွင် အနှောက်အယှက်မရှိစေရန် တာဝန်ချထားတယ်လို့သိရပါတယ်။ထိုလူများမှာ အလျင်းသင့်လျှင် သင့်သလိုအထပ်အမိန့်စောင့်စရာမလိုပဲ လုပ်ပိုင်ခွင့်ရှိကြောင်း (သာကေတမှ အရာရှိတဦးထံမှသိရှိရပါသည်။)
  • ရန်ကုန်တိုင်းအတွင် အကြော်သည်များမုန့်နှစ်များကို ကြော်ရာတွင်ရက်ကြာရှည်ခံနိုင်ရန်နှင့်အကြော်များ ကျွတ်ရွနေစေရန် ရေသန့်ဘူးများကိုဆီပူထဲ မှာအရေပျော်စေချင်းဖြင့်ပြုလုပ်နေတယ်လို့ ( မော်ဒန်သတင်း ဂျာနယ်) တွင်တွေ့ရပါသည်။”အဲ့ဒီဆီအိုးထဲကို အကြော်တွေ မကြော်ခင် ရေသန့်ဘူး 1 Litter (၂ ဘူး) ၊ 0.5 (၁ ဘူး ) ကိုတပြိုင်ထဲ ပြစ်ထည့်လိုက်ပြီ၊ဘူးသုံးဘူးလုံး အရည်ပျော်သွားမှ အကြော်တွေကို စကြော်နေတာကို တွေ့လိုက်ရပါတယ်” လို့အဲ့ဒီ ဂျာနယ် သတင်းထောက် ကပြောကြားခဲ့ပါတယ်။
  • ရန်ကုန်ရဲ့ Bus ကားလိုင်းပြေးဆွဲမှုတွေ ပိုများလာတာနှင့်အမျှ ကားလမ်းပိတ်ဆို့မှုတွေများလာပါတယ်။ကားလမ်းပိတ်ဆို့မှုများလာ တာနှင့်အမျှစပယ်ယာတွေမှာငွေမကိုက်မှာ ဆိုးသောကြောင့်အပြိုင်မောင်းနေရာမှ လမ်းကြောပိတ်မှုများကြောင့် အပြစ်မရှိသော ပြည်သူများအား အော်ငှေါက်ပြောဆိုချင်းတွေဖြစ်လာပါတယ်။မြေနီကုန်း Dagon Center အရှေ့တွင်ဖြစ်ပွားခဲ့တော မတော်တဆ ကိစ္စလေးမှာ လမ်းပိတ်ဆို့နေတော ဘတ်စ်ကားမှလမ်းကြောင်းပြောင်း ကျော်တတ်ရာ…။အသက် 68 နှစ်ခန့် အမျိုးသမီးတဦး နှင့် 14 နှစ်ခံ အမျိုးသားတဦးအား ကားနှင့်ပွတ်မိသွားသော ဖြစ်စဉ်မှာ…….။စပယ်ယာမှာ တောင်းပန်စကားမပြောပဲ ကားနှင့် ပွတ်ပြီးအတိုက်ခံရသော ပြည်သူ နှစ်ဦးအားပြောသွားပုံက ရင်နှစ်စရာ …… (ဟာ……မျက်စိမပါဘူးလား။နည်းနည်းပါးပါး ကြည့်လေ….။ကားနော် တိုက်မိရင် သေသတ်တယ် နားလည်လား) လို့အော်ပြောပြီး မောင်းထွက်သွားတယ်။ကျွန်ုပ်တို့ ရန်ကုန်မှာ လူတွေစိတ်ရိုင်းဝင်နေတာလား။ဘာတွေဖြစ်နေတာလည်း မသိတော့ပါဘူးဗျာ။ ( ဓာတ်ပုံများ အစဉ်မပြေလို့ မတင်ပေးနိုင်တာကို နားလည်ပေးစေချင်ပါတယ်။)
  • ရန်ကုန်မှာ အခွန်ကောက်ခံမှုအကြိမ်အရေအတွက် တိုးမြင့်လာတယ်လို့ လမ်းဘေးတွင်ခရမ်းချဉ်သီးရောင်းသော (ဒေါ်ဂွပ်) အား ကျွန်တော် ဈေးထဲရောက်တုန်း စကားဆက်မိရာကနေ သိလာတာပါ။ဈေးကောက်များ ကောက်ခံမှုအချိန်သည် ယခင်က နှစ်ကြိမ်တာ ကောက်ခံပြီ ယခုအခါ သုံးကြိမ်တိတိ မတိမသာ ကောက်ခံလာတယ်လို့သိရပါတယ်။ (မတိမသာ = တရက်ခြားတခါ (သို့) နှစ်ရက်ခြားတခါ)
  • ရန်ကုန်မြို့တွင် သရဲခြောက်မတတ် ပျက်စီးသွားရသော ပြည်သူ့ရင်ပြင်ကြီးကို လူစည်ကားလာအောင် နေပြည်တော် အပန်းဖြေ ပန်းခြံကဲ့သို့ ခေတ်မှီ ကစားစရာများ၊ကစားကွင်းများ နှင့် ရေပန်းဥယျာဉ်များပြုလုပ်နေတာကို သွားရောက်ကြည့်ရှုနိုင်ပါသည်။

သွားရောက်ကြည့်ရှုနိုင်သောနေရာ– မြေနီကုန်း မီးပွိုင့်(၁)၊ဓာတ်ဆီဆိုင်အနီး၊ပြည်သူ့ရင်ပြင်၊မြေနီကုန်း ရဲစခန်းအရှေ့၊ရန်ကုန်မြို့။

ရန်ကုန်၏ အခြေအနေကိုအလျှင်းတင့်လျှင် တင့်သလိုတင်ပြသွားပါ့မည်……..။အားလုံးကို ခင်မင်လေးစားလျက်…… (mG)……/

About mG

M & has written 28 post in this Website..

I am very interesting this website program.