မသွားသင့်သော မြန်မာဆေးခန်း (အေးမေတ္တာ)

Mobile HouseSeptember 22, 20101min1165

ဒီကိစ္စကို ရေးသင့်လား၊ မရေးသင့်လား ကျနော် အကြိမ်ပေါင်းများစွာ
> စဉ်းစားတယ်။ လူတယောက်၊ တဖွဲ့ရဲ့ ထမင်းအိုးကို ရိုက်ခွဲရမှာ၊
> မြောက်မြားစွာသော မိန်းကလေးတွေ၊ အမျိုးသမီးတွေရဲ့ အရှက်နဲ့ သိက္ခာကို
> တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ထိခိုက်မှာတွေကြောင့် ထုတ်ပြောဖို့
> မဝံ့မရဲ ဖြစ်ခဲ့တယ်။
>
> သို့သော် သိရဲ့သားနဲ့ မပြောခဲ့တဲ့အတွက် ဒီလို တွေဝေနေခဲ့တဲ့အတွက်
> တခြားမိန်းကလေးပေါင်းများစွာ အရှက်ရခဲ့ရပြီးပြီ။ အဲဒီအတွက် ကျနော့်မှာ
> အပြစ်ရှိတယ်။ မှန်တာကို ပြောရဲရမယ်။ မဖြစ်သင့်တာကို မဖြစ်အောင်
> ကာကွယ်နိုင်ရမယ်။ ဒါ့ကြောင့် ဒီနေ့ ကျနော် ဗြောင်ပဲပြောမယ်။
>
> စင်ကာပူရောက် မြန်မာမိန်းကလေးများဟာ အကြောင်းကြောင်းကြောင့်
> မြန်မာဆေးခန်း၊ မြန်မာဆရာဝန်တွေကို အားကိုးကြတယ်။ အဲဒီမှာ အခုပြဿနာ စတယ်။
>
> အခုနကပဲ ကျနော်နဲ့ မြတ်စေတနာ ဆေးခန်း အစုရှယ်ယာရှင်တယောက်
> စကားပြောဖြစ်တယ်။ အရင်ဆရာဝန်ရဲ့ လုပ်ရပ်ကြောင့် သူတို့ရဲ့
> ဆေးခန်းဘယ်လောက်သိက္ခာကျရကြောင်း
>
> ၊ ဘယ်လောက် စီးပွားရေးကျဆင်းရကြောင်း၊ ဘယ်လောက် မိန်းကလေးတွေ၊
> အမျိုးသမီးတွေကို တောင်းပန်ရကြောင်း ပြောပြတယ်။
>
> တချိန်က မြတ်စေတနာမှာ ဒေါက်တာမောင်မောင်အေး ဆိုတဲ့ ဆရာဝန် လူယုတ်မာတယောက်
> ထိုင်တယ် (စကားလုံးအသုံးအနှုန်းဟာ တန်ရာ တန်ရာ သုံးရတာမို့ ဒီစာမှာ ကျနော်
> ရိုင်းမယ်)။ အဲဒီဆရာဝန်ဟာ အသက်ကြီးသလို နှာလည်းကြီးတယ်။ တဏှာရူးတယ်။
> သူ့ကို လာပြတဲ့ လူနာ မိန်းကလေးတွေကို ရောဂါနဲ့ ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်
> ဖြစ်စေ၊ စမ်းသပ်ဖို့ဆိုပြီး ရင်သားကို လှန်ပြခိုင်းတယ်၊
> ရင်အုံကိုညှစ်တယ်၊ ဘောင်းဘီကို မလိုအပ်ပဲ ဟိုးအောက်ထိ လျှော့ခိုင်းတယ်၊
> စကပ်ဝတ်ထားရင် ပေါင်တံကို လှန်တယ်၊ ပေါင်ကို ပွတ်တယ်၊ ပခုံးကိုဖက်တယ်၊
> ကျောကို ဖက်ပြီး ဖင်ကိုပွတ်တယ်..။
>
> ဒါတွေဟာ ကျနော်သိသလောက်၊ ကြားသလောက်ပဲ ရှိသေးတယ်။ ဒိထက်ဆိုးတာတွေ
> အများကြီးရှိနိုင်သေးတယ်။ အဲဒီလိုတွေ ဖြစ်ပေမယ့် ဘယ်သူကမှ
> ကိုယ့်အရှက်ကိုဖယ်ပြီး ရဲတိုင်တဲ့အဆင့် မရောက်ခဲ့လို့ ဆေးခန်းမှာတင်
> စကားများယုံနဲ့ ပြီးလို့ ဒီဆရာဝန် ဘာမှမဖြစ်သေးဘူး။
>
> ရှယ်ယာရှင်ရဲ့ အပြောအရ ဆေးခန်းပိုင်ရှင်တွေ သိသွားတဲ့အချိန်မှာ
> သူ့ကိုရော၊ သူ့ကို ကူညီဖုံးဖိပေးတဲ့ အကူ မယု ကိုရော ပြဿနာတွေ ဖြစ်ပြီး
> ထုတ်လိုက်တယ်တဲ့။ အခု ဒေါက်တာ မောင်မောင်အေး ဟာ အဲဒီ မယုနဲ့ အတူ အေးမေတ္တာ
> ဆိုပြီး Excelsior Hotel ၃ ထပ်၊ မြတ်စေတနာရဲ့ အပေါ်ထပ်မှာ
> မျက်နှာပြောင်တိုက်ပြီး ဆေးခန်းပြန်ဖွင့်ထားတယ်။ အကြောင်းမသိသေးတဲ့
> မိန်းကလေးတွေ ခံနေရတုန်းပဲ။ ဒါ့ကြောင့် ဒီတဏှာရူး၊ နှာဘူး ဆရာဝန်ဆီကို
> မသွားကြစေဖို့၊ မိန်းကလေးတွေ အရှက်မရစေဖို့ အားလုံးပဲ ဒီပိုစ့်ကို
> ကူးပဲဖြန့်ဖြန့်၊ လင့်ခ်ပဲ ပေးပေး၊ ပါးစပ်နဲ့ပဲ ပြောပြော၊ ဖြစ်တဲ့နည်းနဲ့
> ဗမာချင်းချင်း ကူညီကြပါ။
>
> ကျနော်ရေးတဲ့ ဒီစာကို ကျနော် လုံးလုံးတာဝန်ယူတယ်။ ဒိထက်သေချာချင်ရင်
> မြတ်စေတနာ ဆေးခန်း ပိုင်ရှင်တွေဆီမှာ ဒီလို လုပ်ခံခဲ့ရတဲ့
> မိန်းကလေးတွေများစွာရဲ့ စာရင်း နာမည်နဲ့ ဖုန်းနံပါတ်နဲ့ ရှိတယ်။
> သေချာမှတ်ထားပါ။ အေးမေတ္တာဆေးခန်းကို လုံးဝ လုံးဝ မသွားပါနဲ့။
>

5 comments

  • Gong Zhu

    September 22, 2010 at 5:23 pm

    မသွားဘူး စိတ်ချ . . . ကြောက်တယ် ။

  • PHYOGYI86

    September 23, 2010 at 12:52 pm

    သေသေချာချာကို share ပေး ပေးပါ့မယ်
    အသိပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်

  • search123

    September 24, 2010 at 6:05 am

    ဒီလို လူမျိုး ဆရာဝန်ဖြစ်လာတာ တော်တော်ဆိုးပါတယ်။ လုပ်ရပ်နဲ့ ပညာမတန်ဘူး။share ပေးတာကျေးဇူးပါ။

  • Yin Nyine Nway

    September 24, 2010 at 1:36 pm

    တကယ်ကျေးဇူးပါ
    ဖော်ထုပ်ပေးလို့လေ

  • blacktiger

    September 26, 2010 at 9:24 am

    ကျွန်တော့်ကိုယ်တွေ့အရ အဲဒီမောင်မောင်အေး ယုတ်မာတာအမှန်ပါ ကမ်းနားလမ်းက ဆေးခန်းတစ်ခုမှာ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ကျွန်တော်တွေ့ခဲ့ရတာပါ အဖြစ်အပျက်ကိုအားလုံးနီးပါးရေးထားပြီးမှကျွန်တော်ပြန်ဖျက်လိုက်တာပါ…..ဘာဖြစ်လို့လဲဆိုတော့အခုအိမ်ထောင်ရှင်မကောင်း
    တစ်ယောက်ဖြစ်နေတဲ့အမျိုးကောင်းသမီးကိုလေးစားငဲ့ညှာမိလို့ပါ….ဒီလိုလူမျိုးတွေအတွက်ဝိုင်းပြီးဇာတ်သိမ်းပေးလိုက်ကြပါဗျာ….

Leave a Reply