ယောက်ျားတွေ ဘာကြောင့်လိမ်ပြောကြ တာလဲ ??????

Mobile HouseSeptember 22, 20101min503

ယောက်ျားတွေ ဘာကြောင့်လိမ်ပြောကြ တာလဲ ??????

တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ဝမ်းနည်းစွာ ငိုကြွေးလေ၏… ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် –  ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား – ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမဝယ်နိုင်ပါဘူး…
ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး
မြစ်စောင့်နတ် – ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား – မဟုတ်ပါဘူး

ထိုအခါ မြစ်စောင့်နတ် လဲ ငွေပုဆိန်ကိုပြပြီး
မြစ်စောင့်နတ် – ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား – မဟုတ်ပါဘူး

ထိုအခါ မြစ်စောင့်နတ်လဲ သံပုဆိန်ကို ပြပြီး
မြစ်စောင့်နတ် – ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား – ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ

ဟုဖြေလိုက်သော်  မြစ်စောင့်နတ် လည်း ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့် ပုဆိန်သုံးလက်စလုံးကို သစ်ခုတ်သမားအားပေးလိုက်လေသည်….

ကာလအတန်ကြာသော် ထိုသစ်ခုတ်သမား တို့ လင်မယားသည် မြစ်ကမ်းနဘေး တွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်…  ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ဝမ်းနည်းစွာ ငိုကြွေးလေ၏… ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် –  ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား – ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင်
ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ “တင်ဇာဝင့်ကျော်” နဲ့ ပြန်ရောက်လာပြီး

မြစ်စောင့်နတ် – ဒါသင့် မိန်းမလား ဟုမေးသော်
သစ်ခုတ်သမား – ဟုတ်ပါသည် အရှင်နတ်မင်းကြီး

ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး .. “သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်” ဟုပြောသော်

သစ်ခုတ်သမားက “ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး … ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ…အကယ်၍ “တင်ဇာဝင့်ကျော်” ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း “မိုဟေကို”  ကိုပြပေလိမ့်မည်… အကယ်၍ “မိုဟေကို” ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်… ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင် နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည် …။ အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည် အလွန်ဆင်းရဲ ပါသည် ထိုကြောင့် ဘယ်လိုမှ မိန်းမသုံယောက်ဝမ်းဝအောင် ရှာမကျွေးနိုင်ပါ .. ထိုကြောင့် “တင်ဇာဝင့်ကျော်” ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ် ”

ထိုအခါ မြစ်စောင့်နတ် လဲ လွန်စွာ ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် မိန်းမသုံးယောက်လုံး ကိုပေးပြီး အသက်စာ စာမကုန်သော စည်းစိမ်တို့ကို ပါပေးလိုက်လေသည်.. ။     ။

ဤ ပုံပြင်လေး ၏ အဓိက ရည်ရွယ်ချက်ကတော့ … ယောကျာ်းများ လိမ်ပြောသည်ဆိုရာတွင် လိမ်ချင်၍ မဟုတ်ပဲ…. အများ ကောင်းကျိုးအတွက် ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း ….. “အဖြူရောင် မုသား” များသာဖြစ်ကြောင်းသိစေလို၍ ဖြစ်ပါသည် …..

3 comments

  • kyansitthar101

    September 22, 2010 at 11:43 pm

    ဟာ မိုက်တယ်ကွာ ဘယ်လိုအကြံရပြီး ရေးထားတာလဲ

  • ei

    September 23, 2010 at 4:44 am

    (ဟားဟား)99999999999999

  • search123

    September 23, 2010 at 11:19 am

    ကောင်းလိုက်တဲ့ idea…တော်တော်သဘောကျတယ်။

Leave a Reply