ငါကျေနပ်ပါတယ်

Wednesday, December 12th, 2007

ငါမသိတဲ့ ငါ့အမှားကို

နင်နားကျည်းလို့

သူကို တွဲ ပြီး

ငါ့အသဲခွဲဖို့ နင်ကြံနေတာလား ချစ်သူ
တကယ်တော့မလိုအပ်တော့ပါဘူး

မုန်းတယ်လို့ နင်ပြောလိုက်တုန်းက

နင့်နားထဲ အသံ သဲ့သဲ့တစ်ခုကြားရတာ

ငါ့အသဲ ကျကွဲသံပေါ့ ချစ်သူ

နောက်ထပ် အသံ ပြင်းပြင်းတခုက

အချစ်နဲ့ တည်ဆောက်ထားတဲ့

ငါ ဘ၀ ပြိုကျသံပေါ့
နောက်ထပ် မုန်းတယ်လို့ နင်မပြောပါနဲ့တော့

နင်မောသွားပါ့မယ်

ငါမှာ နောက်ထပ်ကွဲစရာအသဲလဲမရှိတော့လို့ပါ

ဒါဆိုနင်ကျေနပ်ပြီလား ချစ်သူ
ဒါဆို ငါအသဲကွဲတောင်

ငါကျေနပ်ပါတယ် ……

About Mobile House

Mobile House has written 82 post in this Website..

Mobile House ဖုန်း ပြုပြင်ရေး နှင့် အရောင်း ဆိုင် လမ်း ၃၀ ။ ၇၃ -၇၄ ကြား ။ဆေးကျောင်း ရှေ့ ။မန်းလေး မြို့