ဟာသလေးများ

smytu1996September 23, 20101min572

မိန်းမချင်းတော့ မတူပါလေ။

မိတ်ဆွေများဖြစ်ကြသည့် ခြင်္သေ့နှင့် နွားသိုးကြီးတို့ ထိုင်ပြီး စားသောက်နေကြသည်။ နှစ်ကောင်စလုံး အားကြီးသူတွေ၊ အားလုံးက လေးစားခြင်း ခံရသူတွေ။

စားသောက်ရင်း မိုဘိုင်းလ်ဖုန်းလာသဖြင့် ဖုန်းကို ခြင်္သေ့ ကောက်ကိုင်လိုက်သည်။ တစ်ဖက်က ပြောသူကို ပျော့ပျောင်းသောအသံဖြင့် ဖြေသည်။

ကောင်းပါပြီ၊ အခုပဲလာခဲ့ပါ့မယ်

ဟေ့ ဘယ်သူဆက်တာလဲကွ

ကိုယ့်မိန်းမပါ

မိန်းမများ အရေးလုပ်လို့၊ မင်းနဲ့ငါ မတွေ့ကြတာကြာပြီပဲ၊ အေးအေးဆေးဆး ထိုင်စမ်းပါ။ မင်းယောက်ျားမဟုတ်ဘူးလား၊ ခေါက်ထားလိုက်စမ်းပါ

မင်းပြောတာတော့လွယ်တယ်၊ ငါ့မိန်းမ ဘယ်သူလဲသိလား၊ ခြင်္သေ့မကွ၊ နွားမ မဟုတ်ဘူး။

လူကောင်း

စိတ်ရောဂါအထူးကုဆရာဝန်ကို လူနာက ပြောသည်။

ဒေါက်တာ၊ ကျွန်တော့်ကို ကူပါဦး၊ ကျွန်တော် လူတစ်ကိုယ် စိတ်သုံးမျိုး ကွဲနေသလားမသိဘူး၊ စဉ်းစားတာက တစ်ခု၊ ပြောတော့တစ်မျိုး၊ လုပ်တော့ တခြားဖြစ်နေတယ်ချင်ဗျ

ဒါများ အဆန်းလုပ်လို့၊ မစိုးရိမ်နဲ့၊ ခင်ဗျား ဘာမှမဖြစ်ဘူး၊ ဒါ လူကောင်းတစ်ယောက်ရဲ့ လက္ခဏာတွေပဲဗျ။

အလှပြင်ဆိုင်

အလှပြင်ဆိုင်ရှေ့တွင် ချိတ်ထားသော သတိပေးစာ

ဆိုင်ထဲမှ ထွက်လာသော မိန်းမချောကို ချက်ချင်း ရည်းစားစကား လိုက်မပြောပါနှင့်၊ သင်၏အဖွား ဖြစ်နေနိုင်ပါသည်။

သီအိုရီသမား

ပညာရှိဟု အားလုံးက အသိအမှတ်ပြုသည့် ဇီးကွက်ကြီးထံ ကြွက်များ ရောက်ရှိလာပြီး ပြောသည်။

ဆရာကြီးဦးဇီးကွက်၊ ကျွန်တော်တို့ကို အကြံတစ်ခု မ စ ပါ။ ကျွန်တော်တို့ ကြွက်တွေကို ကြောင်တွေ၊ ခွေးတွေ၊ ငှက်ကြီးတွေ အမျိုးမျိုး နှိပ်စက်နေကြပါတယ်။ ဒီရန်က ကင်းအောင်
ဘာလုပ်ရပါမလဲခင်ဗျာ

ဇီးကွက်ကြီးအနည်းငယ်စဉ်းစားပြီး အဖြေပေးသည်။

မင်းတို့အားလုံး ဖြူကောင်အဖြစ် ပြောင်းလိုက်ကြ။ ဖြူတစ်ကိုယ်လုံးမှာ ဆူးတွေနဲ့၊ သူ့ကို ဘယ်သူမှ မစော်ကားရဲဘူး

ကြွက်တွေ ဝမ်းသာအားရဖြစ်ပြီး အိမ်သို့ ပြန်ပြေးကြသည်။ လမ်းတွင် ကြွက်တစ်ကောင်က သတိရပြီးမေးသည်။

ဟေ့၊ ဖြူကောင်ဖြစ်အောင် တို့ ဘယ်လိုအသွင်ပြောင်းကြမှာလဲကွ

သို့နှင့် ကြွက်အားလုံး ပညာရှိကြီးထံ ပြန်လာပြီး ယင်းမေးခွန်းကို မေးသည်။ ဦးဇီးကွက်က စိတ်တိုသံဖြင့် ပြန်ပြောသည်။

ဟေ့၊ အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေနဲ့ ငါ့အာရုံပျက်အောင် လာမလုပ်ကြနဲ့၊ ငါက သီအိုရီသမား၊ လက်တွေ့ပိုင်းဆိုင်ရာ အသေးအမွှားပြဿနာတွေကို ငါ စိတ်မဝင်စားဘူးဟေ့၊ သွားကြ၊ သွားကြ

စည်းကမ်းချက်

အမေရိကန်ပြည်ထောင်စုဟာ ကမာ္ဘအရပ်ရပ်က အတော်ဆုံးခေါင်းတွေ စုဝေးရာအရပ်လို့ ပြောကြတယ်။ အဲဒါဆို ဘာဖြစ်လို့ သူ့ရဲ့ နိုင်ငံခြားရေးဝါဒဟာ ခပ်ချာချာ ဖြစ်နေရတာလဲ

အမေရိကားမှာ မွေးတဲ့လူမှ သမ္မတဖြစ်နိုင်တာကိုးဗျာ

တော်လိုက်တဲ့ဆရာဝန်တွေ

လူငယ်ဆရာဝန်နှစ်ယောက် ပန်းခြံထဲထိုင်ပြီး စကားစမြည်ပြောနေကြသည်။ လူကြီးတစ်ယောက် ထူးဆန်းသော ခြေလှမ်းများဖြင့် ခပ်လှမ်းလှမ်းမှ လျှောက်လာသည်ကို တွေ့သည်။ ခြေထောက်နှစ်ဖက်
အနည်းငယ် ကွေးနေပြီး လက်နှစ်ဘက်သည် ဒူးများကြားတွင် ကပ်နေသလိုရှိသည်။

လွန်ခဲ့သည့် (၂)နှစ်က ဆေးတက္ကသိုလ်မှ ဘွဲ့ရလာသည့် ဆရာဝန်က ပြောသည်။

သူ့ခမျာ သနားစရာဗျာ၊ သူဘယ်လို ဝေဒနာခံစားနေရတယ်ဆိုတာ မှန်းဆလို့ ရနိုင်တယ်။ လေဖြတ်ခံထားရတဲ့လူလို့ အတပ်ပြောနိုင်တယ်ဗျ

လွန်ခဲ့သည့် (၃)နှစ်က ဆေးတက္ကသိုလ်မှ ဘွဲ့ရလာသည့် နောက်ဆရာဝန်က ပြောသည်။

မဟုတ်တာဗျာ၊ ဒါ ဗဟုသွေးလွှတ်ကြော ရောင်ရမ်းတဲ့ရောဂါဗျ၊ (polyarteritis) ဒီဘာသာရပ်ကို ကျွန်တော် ကျောင်းမှာတုန်းက အထူးပြုလေ့လာခဲ့တာကလားဗျ

ဤအချိန်တွင် လူငယ်ဆရာဝန်များရှေ့သို့ ရောက်လာသော လူကြီးက ရှုံ့မဲ့ပြီးမေးသည်

မိတ်ဆွေတို့ ဒီအနီးအနားမှာ အိမ်သာ မရှိဘူးလားဗျာ

ရိုးရိုးကပါလား

မင်္ဂလာဧည့်ခံပွဲတွင် ရန်ဖြစ်သည်ဆိုသဖြင့် ရဲများ ရောက်လာသည်။ ရန်ပွဲတွင် ပါဝင်သူများထံမှ စစ်ချက်ယူသည်။ တစ်ယောက်ကို မေးသည်။

စဖြစ်ပုံကို ပြောပြပါ

ဒီလိုပါ၊ ဒီရပ်ကွက်မှာ ကျွန်တော် ကာလသားခေါင်းဆောင်ပါ။ ရပ်ကွက်မှာ မင်္ဂလာပွဲရှိတိုင်း ကျွန်တော့်ကို သတို့သမီးနဲ့ တွဲကခွင့် ပြုနေကျ၊ ဒီနေ့လဲ ထုံးစံအတိုင်း
သတို့သမီးနဲ့ ကျွန်တော် ကတယ်၊ ဂီတသံကို လိုက်ပြီး ပထမတစ်မျိုး၊ နောက်တစ်မျိုး၊
ပြီးတော့ နောက်တစ်မျိုး သုံးမျိုးလောက် တွဲကဖြစ်ပါတယ်။ နောက်ဆုံးအကကို
ကနေတဲ့အချိန်မှာ သတို့သားဟာ ဘာမပြော ညာမပြောနဲ့ ထိုင်နေရာက ထလာပြီး သတို့သမီးရဲ့
တင်ပဆုံကို ခြေထောက်နဲ့ တအားကန်လိုက်ပါတယ်

သူမ အတော်နာသွားသလား

နာသွားတယ် ဟုတ်လား၊ ကျွန်တော့်လက်ချောင်း သုံးချောင်း ကျိုးသွားတယ်ဗျ၊ တောက်

2 comments

  • Gong Zhu

    September 23, 2010 at 3:53 pm

    မိန်းမချင်းတော့ မတူပါလေ။ ရယ်ရတယ် . . .

  • thura.ng2

    September 23, 2010 at 7:50 pm

    ရိုးရိုးကပါလားက တော်တော်ကောင်းတဲ့ ဟာသလေးပါ။

Leave a Reply