အပျို လူပျိုဘော်ဝင်ခါစ တွေရဲ့ပြဿနာများ ..လေ့လာကြည့်ရအောင်

fattySeptember 23, 20101min640

တချိန်တုံးက အလွန်ကြီးမားကျယ်ပြန့်လှတဲ့ကမ္ဘာကြီးဟာ ဒီကနေ့မှာတော့ကျုံ့ဝင်သွားသလိုဖြစ်နေပါပြီ။ တချိန်တုံးက ဆယ်ကျော်သက်များဖြစ်တဲ့ ကျနော်တို့လဲယခု
မိဘနေရာတွေရောက်ကုန်ကြပါပြီ။ ကျနော်တို့ခေတ်တုံးကလူ့အဖွဲ့အစီးကလည်း ရိုးစင်းပြီးကျယ်ပြန့်မှုမရှိသေး ။ကလေးများ ဆယ်ကျော်သက်များ အပျိုလူပျိုဝင်ခါစများအတွက် အတုယူစရာ အားကျစရာက မိဘများသာဖြစ်နေခဲ့သည်။

ယနေ့ခေတ်သည်အဲဒီလိုမဟုတ်တော့ ..။

အပျိုလူပျိုဖြစ်ခါစ ..ခန္ဓာကိုယ်ပြောင်းလဲမှု .. စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ..များစတင်ဖြစ်ပေါ်ချိန် အင်တာနက်ဆိုသောဆရာကြီးနှင့်စတွေ့ဖို့အခွင့်အရေးရသွားပြီဖြစ်သည်။
ရန်ကုန် မန ္တလေး စသောမြို့ကြီးများရှိ လူငယ်များ ကလေးငယ်များ ၅တန်း ၆တန်း အရွယ်ဆို အင်တာနက်ဆိုင်ရောက်ကုန်ပြီ။ အဲဒီအရွယ်တွေက game ကစားကြတာဆိုတော်ပါသေးသည်။ အပျိုလူပျို ဝင်ကာစတွေကတော့game နဲ့တင် မကတော့ internet ဖွင့်ကုန်ကြပြီ။

မိန်းကလေးများသည်ယောကျာင်္းလေးများထက်စောစွာအရွယ်ရောက်တတ်ကြသည်။ အသက်၁ဝ နှစ်အရွယ်လောက်ကစပြီးပြောင်းလဲမှုစတင်တတ်သည်။အစောဆုံးအရွယ် ၈ နှစ်မှစပြီးနောက်အကျဆုံး ၁၆ နှစ်ဖြစ်သည်။ မိန်းကလေးများ ရင်သားကြီးထွားလာခြင်း ၊ ရင်သားကြီးထွားမှုနှိုင်းယှဉ်လာကြခြင်းဘယ်သူက ဘရာစီရာဝတ်ရပြီ ဘယ်သူကဖြင့်မဝတ်ရသေးဘူး စသဖြင့် သတိထားလာကြသည်။

ယောကျာင်္းလေးများကတော့ပျိုဘော်ဝင်စတွင် ကပ်ပယ်အိပ်အတွင်းဝှေးစေ့ကကျားဟော်မုန်းများထုတ်ပေးပြီဖြစ်သဖြင့်လိင်အဂါင်္လည်း ကြီးထွားလာရသည်။
သုတ်ပိုးထုပ်လုပ်မှုပင်စတင်လာသည်။ မိန်းကလေးများ၏သားဥအရေအတွက်သည် မွေးကထဲက သတ်သတ်မှတ်မှတ် ရှိသည်။ ယောကျာင်္းလေးများအတွက်မူ
သုတ်ပိုးက သူ့သက်တမ်းတလျှောက်လုံး ဆက်တိုက်ထုတ်လုပ်ပေးနေသည်။

ကျနော်ဒီအချက်အလက်တွေဘယ်ကသိတာပါလဲ …. သားအငယ်ကောင်၏ (၁၃)နှစ်အရွယ် … internet မှမှတ်စုများဆိုပြီး ..စာအုပ်ကိုသွားတွေ့ရျ် ဖြစ်ပါသည်။
သားငယ်သည် ကွန်ပျူတာမှတဆင့် သူစိမ်းများ မိတ်ဆွေများနှင့် chatroom တွင်စကားပြောကြသည်။ ” ပြောချင်တဲ့စကားပြောလို့ရတယ် ..ဘယ်သူကမှကိုယ့်ကိုမသိဘူး
မဟုတ်လား .. ” ဟုပြောတတ်သည်။ သူ့ကိုဘယ်သူကမှမသိသည့်အတွက် တာဝန်မသိရေးကို အားပေးရာရောက်သည်။

internet ကိုသုံးခြင်းဖြင့်သတင်းအချက်များမြန်မြန်ဆန်ဆန် ရတာကတော့မှန်သည်။ သို့သော်လည်းငယ်ရွယ်ပြီးပုံသွင်းရလွယ်သည့်ဆယ်ကျော်သက်များအတွက် အားလုံးသည်အပြစ်အနာအဆာကင်းသော နည်းပညာများ ဟုတ်မည်တော့ မဟုတ်ပေ။ လူပျို အပျို ဝင်ကာစများအတွက် မသိသင့်သေးသောအကြောင်းအရာများ
internet မှတဆင့်ရသွားနိုင်ကြသည်။ ညစ်ညမ်းသောစာပေနှင့် ဓာတ်ပုံများမှအစ မူးယစ်ဆေးဝါးများအကြောင်းပါမည်သို့သုံးစွဲရမည်ကို ညွန်ပြသည့် အကြောင်းအရာ
များပါ ပါဝင်နိုင်သည်။ မည်သည့်အကြောင်းအရာကို ဖွင့်ကြည့်နေသည်ကီုမိဘများသိနိုင်မည်မဟုတ်ပေ။

မိမိ ကလေးများအပျိုလူပျိုဝင်ကာစတွင် internet အသုံးပြုမှုကို အချိန်နှင့်ကန့်သတ်သင့်သည်။

ဘီလ်ဂိတ် သည် သူ့သားသမီးများအား တနေ့ ၄၅ မိနစ်သာ internet သုံးခွင်ကပြုထားကြောင်း မှတ်သားဘူးပါသည်။