အသံဖမ်းသူ

etoneSeptember 23, 20101min56

တကယ်လို့သာ ခင်ဗျားကိုယ်ခန္ဒာရဲ.အာရုံငါပါး အနက်ကတစ်ခုခုကို
မလွဲမသွေဆုံးရှုံးရတော့မယ်ဆိုရင် ဘယ်အာရုံကိုဆုံးရှုံးဖို့ ခင်ဗျားရွေးချယ်မလဲ………
မမျှော်လင့်သော သူ့မေးခွန်းကြောင့် ကျွန်မနည်းနည်းကြောင်သွားပါသည်။
ကျွန်မ……ဟုတ်လား၊ ကျွန်မရွေးရမှာလား………
………………..ဟုတ်တယ်၊ ခင်ဗျားရွေးစမ်းပါ၊ ဘယ်အာရုံကိုဆုံးရှုံးရတာ ခင်ဗျားအတွက်
အသက်သာဆုံးဖြစ်မလဲ၊ နစ်နာမှုနည်းဆုံးဖြစ်မလဲ………..
မျက်စိကွယ်ရခြင်း၊ နားကန်းရခြင်း၊ နှာခေါင်း
အနံ့ဆုံးရှုံးရခြင်း၊
လျှာ၏အရသာသိနိုင်စွမ်းဆုံးရှုံးခြင်း၊
ထိတွေ့မှု အပူအအေး၏အရသာကိုသိနိုင်စွမ်းဆုံးရှုံးခြင်း။
………….တစ်ခုမှတော့မကောင်းဘူး………………
သူခါးသီးစွာပြုံးသည်။
……သေချာတာပေါ့ဗျာ………………
……….ကျွန်မထင်မြင်ချက်ကိုပြောရရင်တော့နှာခေါင်းရဲ့အနံ့ အာရုံဆုးံရှုံးရတာက
အသက်သာဆုံးဖြစ်လိမ့်မယ်ထင်တယ်၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့လူသားတွေက နှာခေါင်းနဲ့ သိပ်အလုပ်မလုပ်ကြဘူးမဟုတ်လား……………………
……………….ခင်ဗျားအသက်မရှုပဲနေနိုင်တယ်ဆိုရင်ပေါ့
ကျွန်မရယ်မိသည်။
………………..ဒီလိုလေကျွန်မပြောချင်တာကကျွန်မတို့ အတွက်နှာခေါင်းကပေးတဲ့ အနံ့
အာရုံဟာသိပ်အရေးမကြီးဘူး……………………..
ဒူးရင်းသီး၏အနံ့ကိုမရ၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၏အနံ့ကိုမရ၊
ပိုတောင်ကောင်းသေးသည်။ စံပယ်ပန်း၏အနံ့ကိုမရ၊
အင်း…..ဒါတော့ နည်းနည်းထိခိုက်သောဆုံးရှုံးမှုဖြစ်သည်။
အငွေ့တထောင်းထောင်းထနေမည့်ကော်ဖီ၏ရနံ့ကိုမရ၊ ကိစ္စမရှိပါ။
……………….ဟုတ်တယ်၊ ကျွန်တော်တို့အတွက်အနံ့ဟာအရေးမကြီးဘူး၊
ခင်ဗျားမျက်စိတွေသာကောင်းနေခဲ့မယ်ဆိုရင်ပင်လယ်ပြင်ကြီးကိုခင်ဗျားကြည့်နိုင်တယ်၊
ကောင်းကင်ကြီးကိုခင်ဗျားကြည့်နိုင်တယ်၊ တိမ်တွေဘယ်လိုရွေ့နေတယ်၊
ကြယ်တွေဘယ်လိုတောက်ပနေတယ်ဆိုတာခင်ဗျားမြင်ရမယ်၊
နှင်းဆီပန်းခင်းကြီးကိုခင်ဗျားမြင်ရမယ်၊ ဘယ်လောက်များအရသာရှိလိုက်မလဲ၊
နှာခေါင်းကပေးတဲ့ရသထက် မျက်စိကပေးတဲ့ရသက အဆပေါင်းများစွာမြိန်ရှက်ပါတယ်ဗျာ
…..မဟုတ်ဘူးလား……………………….
ဟုတ်ပါသည်။
အဆိုးရွားဆုံးဆုံးရှုံးမှုကတော့ မျက်စိ၏အမြင်အာရုံဆုံးရှုံးခြင်းပဲဖြစ်ပါလိမ့်မည်။
………………တကယ်လို့သာ ကျွန်တော့်မှာရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင်ကျွန်တော့်နှာခေါင်းရဲ့ အနံ့အာာရုံကိုပဲဆုံးရှုံးပါရစေလို့တောင်းဆိုမိမှာပဲ……………………
ကျွန်မသူ့ကိုငေးကြည့်မိသည်။
…………..အခုတော့လူ့ဘဝရဲ့ရွေးချယ်ခွင့် နည်းနည်းကလေးထဲမှာ အဲဒီကိစ္စမပါခဲ့ဘူးဗျာ
……
ကြေကွဲနာကြည်းဟန်ဖြင့် သူရေရွတ်သည်။ ကြောင်ကြောင်ကြီးကန်းနေသော
သူ့မျက်လုံးများသည် ကျွန်မရှိရာကို
မှန်းဆကြည့်နေသည်။
ကျွန်မစိတ်မသက်မသာဖြင့် ကိုယ်ခန္ဒာကိုအနည်းငယ်ရွေ့လိုက်မိ၏။
…………မျက်စိကွယ်တာဟာအရာရာကိုဆုံရှုံးသွားတာတော့မဟုတ်ပါဘူး……………..
…………….ဒါပေမယ့် အရေးကြီးဆုံးအရာတွေတော့ ဆုံးရှုံးလို်က်ရပြီ၊ ဥပမာငွေ၊ အလုပ်၊
အဲဒါတွေအခုကျွန်တော့ မိန်းမကိုလွှဲပြောင်းပေးလိုက်ရပြီ……………………
………………………ဒါလက်လွှဲပြောင်းတာပဲ…………………………
………………ဒါဆုံးရှုံးတာပဲ၊ကျွန်တော့်ပိုင်ဆိုင်မှု.၊ကျွန်တော့်နယ်ပယ်ကနေ ကျွန်တော
်ဖယ်ပေးလိုက်ရတာပဲ……..
ကျွန်မတို့ တခဏ ငြိမ်သက်သွားကြသည်။
လမ်းမဆီမှာကားကြီးကြီးတစ်စီး ပြင်းထန်စွာ ဖြတ်သွားသည်။ သူအနည်းငယ်တုန်သွား၏။
………ငွေတွေကိုကျွန်တော်မရေရတော့ဘူး၊ ဆေးဘူးမျိုးစုံကိုကျွန်တော့်လက်နဲ့ မထိရ
တော့ဘူး၊ မော်တော်ကားကိုကျွန်တော်မမောင်းရတော့ဘူး၊
အားလုံးဟာကျွန်တော့်လက်ထဲကနေ လွတ်ထွက်သွားပြီ၊
အဆိုးဆုံးကစာမဖတ်ရတာပဲဗျာ…..
စာဖတ်ခြင်း၏အရသာကို ဆုံးရှုံးရမှာကိုတော့ ကျွန်မတော်တော်ကြောက်ပါသည်။
နိုင်ငံခြားက မျုက်မမြင်တွေအတွက်တော့ တိပ်ခွေစာအုပ်တွေအလျှံပယ်ရှိသည်မို့ မျက်စိဖြင့်
ဖတ်လို့ မရသောစာကို နားဖြင့်ဖတ်လို့ရသည်။
ကျွန်မတို့အတွက်တော့ အဲဒီလောက်မပြည့်စုံသေးပါ။
…….ဒါပေမယ့် ရှင်မျက်စိကွယ်လိုက်တဲ့အတွက် ပိုကောင်းလာတာတစ်ခုရှိတယ်မဟုတ
်လား၊ ရှင်ဟာအသံတွေကို သူများတကာတွေထက် ပိုကြားလာနိုင်တယ်ဆို…………
ကျွန်မသူ့ဆီရောက်လာရခြင်းသည် အသံကိစ္စဖြစ်သည်။
သူသည်အသံများကို အတိုးတိတ်ဆုံးအသံ၊ အဝေးကွာဆုံးသောအသံ အထိကြားရသည်ဟ
ုနာမည်ကြီးသည်။သူ၏အသံဆိုင်ရာအရည်အချင်းသည် အချို့သော ရဲအမှုကိစ္စများကိုအလွယ်
တကူပြေလည်စေသည်ဟု ကြားဖူးပါသည်။
………..ဟုတ်ပါတယ်၊ ဒါပေမယ့် ဒါဟာဘယ်လောက်များအကျိုးကျေးဇူးရှိလို့လဲ၊
အဲဒီအသံတွေကို ကျွန်တော်ကြားဖို့ မလိုအပ်ဘူးလေ၊
တချို့အသံတွေဆိုရင်မကြားအပ်တဲ့ မကြားကောင်းတဲ့ အသံတွေလေ၊
ဒါတွေကြားရတော့ ကျွန်တော့် ဘဝကဘာများအရသာရှိမှာမို့လဲ………………..
……………ဒါပေမဲ့ မှုခင်းတွေကိုဖြေရှင်းတဲ့ နေရာမှာအဲဒီရှင်ကြားတဲ့ အသံတွေကတော
်တော်အထောက်အကူပေးခဲ့တာပဲ၊ တစ်နည်းအားဖြင့် ရှင်ဟာလူ့လောကရဲ့ အကျိုးကိုဆောင်ရွက်
ပေးနေတာပဲ၊ ဒါဟာရှင့်အတွက်ဂုဏ်ယူရမှာပေါ့…….
သူခေါင်းမာစွာပြုံးသည်။
………..ကျွန်တော်