ထူးထူးဆန်းဆန်းအမှုအခင်းများ

cobraSeptember 23, 20101min1041

အမေရိကန်က Stellaဆု

အမေရိကန်မှာ နှစ်စဉ်နှစ်တိုင်း Stellaဆုကို ချီးမြှင့်တယ်။
အချီးမြှင့်ခံရသူတွေက အဲဒီနှစ်ရဲ့အအောင်မြင်ဆုံးနဲ့
ကိုးရိုးကားယားအနိုင်ဆုံး အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ၊
ဂျုရီလူကြီးအဖွဲ့တွေဖြစ်တယ်။

Stella Liebeck ကြောင့် Stellaဆုလို့ အမည်တွင်ခဲ့တာဖြစ်တယ်။
အသက်(၈၁)နှစ်ရှိတဲ့ Stella Liebeck ဟာ တစ်ခါက ကားမောင်းရင်း
ကော်ဖီသောက်ခဲ့တယ်။ ကော်ဖီမတော်တဆဖိတ်ပြီး သူ့ပေါင်ကို
အပူလောင်သွားခဲ့လို့ McDonalds’ ကုမ္ပဏီကိုတိုင်ခဲ့တာ လျော်ကြေးငွေ
မီလီယံများစွာရခဲ့တယ်။

၂၀၀၂ခုနှစ်မှာ ရွေးခဲ့တဲ့အမူတွေက း

(၁) Austin, Texas

Catherine Robertsonလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ပရိဘောကအရောင်းဆိုင်ကို
တိုင်ခဲ့လို့ လျော်ကြေးငွေ ရသိန်း၈သောင်းရခဲ့တယ်။ အခင်းဖြစ်ပွားခဲ့ပုံက
ပရိဘောကဆိုင်အတွင်း သူလှည့်လည်ကြည့်ရှုနေတုန်း ဆော့ကစားနေတဲ့
ကလေးတစ်ယောက်ရဲ့ခြေထောက်နဲ့တိုက်မိပြီး သူလဲကျသွားခဲ့တယ်။
ဆိုင်ဝန်ထမ်းတွေက ဆိုင်ထဲမှာ ကလေးတွေဆော့ကစားတာကို
မတားမြစ်ခဲ့လို့ဆိုတယ်။ အဲဒီကလေးက တခြားကလေးမဟုတ်ဘဲ သူ့ကလေးပဲဖြစ်တယ်။

(၂) Los Angeles

အသက်(၁၉)နှစ်ရှိတဲ့ Carl Trumanဟာ ဆေးဖိုးလျော်ကြေးငွေ ရသောင်း
၈ထောင်ရခဲ့တယ်။ အခင်းဖြစ်ပွားခဲ့ပုံက သူ့အိမ်နီးချင်းတစ်ယောက် သူ့လက်ကို
ကားနဲ့ကြိတ်လိုက်မိလို့ဆိုတယ်။ အကြောင်းက အိမ်နီးချင်းရဲ့ကားဘီးဖုံးကို
သူခိုးယူဖြုတ်နေတုန်း သတိမထားမိဘဲ ကြိတ်မိလို့ဖြစ်တယ်။

(၃) Pennsylvania

ဒီတုံးတုံးအအ သူခိုးရဲ့နာမည်က Terence Dicksonဖြစ်တယ်။ သူဟာ
အိမ်တစ်အိမ်ကိုခိုးအပြီး ကားဂိုဒေါင်ကနေ ထွက်ဖို့ပြင်တယ်။ အဲဒီမှာ
ကားဂိုဒေါင်က အလိုအလျှောက်ဖွင့်ပိတ်တဲ့ တံခါးပျက်နေခဲ့လို့
သူဖွင့်မရခဲ့ဘူး။ အိမ်ကြီးရဲ့တံခါးကိုလည်း သူသော့ခတ်ခဲ့လို့
ကားဂိုဒေါင်ထဲ ပိတ်မိနေခဲ့တယ်။ အိမ်ပိုင်ရှင်တွေက
အပန်းဖြေခရီးထွက်နေတာကြောင့် ဂိုဒေါင်ထဲမှာ ၈ရက်ကြာ သူပိတ်မိနေခဲ့တယ်။
ကိုလာတစ်ဗူး၊ ခွေးစာတစ်အိတ်နဲ့ သူအသက်ဆက်ခဲ့ရတယ်။ အဲဒီကလွတ်မြောက်ပြီး
အိမ်ရှင်ရဲ့ အာမခံကုမ္ပဏီကို သူတိုင်တန်းခဲ့တာ လျော်ကြေးငွေ
၅သိန်းရခဲ့တယ်။

(၄) Arkansas Little Rock

Jerry William ခေါ်သူရဲ့တင်ပါးကို ဘေးအိမ်က ခွေးကိုက်လိုက်တယ်။ အကြောင်းက
Jerry William ဟာ BBသေနတ်နဲ့ ခွေးကိုပစ်ခဲ့လို့ ခွေးကစိတ်တိုပြီး
ကိုက်လိုက်တာဖြစ်တယ်။

တရားရုံးက ခွေးပိုင်ရှင်ကို ဆေးဖိုးဝါးခ ၁သောင်း၄ထောင်၅ရာ လျော်စေခဲ့တယ်။

(၅) Philadelphia

စားသောက်ဆိုင်တစ်ဆိုင်က Lancaster, Pennsylvania ကလာတဲ့ Amber Carson
ဆိုသူကို ၁သိန်း၁သောင်း၃ထောင်ငါးရာ အလျော်ပေးလိုက်ရတယ်။ အကြောင်းက
စိုနေတဲ့ကြမ်းပြင်ကြောင့် ချော်လဲသွားလို့ဖြစ်တယ်။

ကြမ်းပြင်ဘာကြောင့် စိုရသလဲ?

စက္ကန့်(၃၀)မတိုင်မီက Amber Carsonဟာ သူ့ချစ်သူနဲ့ ငြင်းခုံပြီး
ချစ်သူကိုသူက အအေးနဲ့ပက်လိုက်လို့ဖြစ်တယ်။

(၆) Delaware, Clement

Cara Walton က ၃ကျပ်ခွဲတန် ဝင်ပေါက်လက်မှတ်မပြနိုင်လို့
အိမ်သာပြတင်းပေါက်ကနေ နိုပ်ကလပ်ထဲဝင်ဖို့ ကြိုးစားခဲ့တယ်။
ကံမကောင်းစွာနဲ့ လဲကျပြီး ရှေ့သွားနှစ်ချောင်းကျိုးသွားခဲ့တယ်။ အဲဒီမှာ
သွားစိုက်ခလျော်ကြေးငွေ ၁သောင်းနှစ်ထောင်ကို သူရလိုက်တယ်။

(၇) Oklahoma

Oklahomaမှာနေတဲ့ Marv Gresinski ဟာ အဲဒီနှစ်ရဲ့အကောင်းဆုံးဆုကို ရသွားခဲ့ပါတယ်။

Marv Gresinski ဟာ တစ်နေ့မှာ ၃၂ပေရှည်တဲ့ ခရီးသွားကား(Motor home)ကို
ဝယ်ခဲ့တယ်။ (ကားထဲမှာ ကုတင်၊ အိမ်သာ၊ မီးဖိုချောင်ပါတယ်)အိမ်အပြင်
ဟိုင်းဝေးလမ်းတစ်နေရာမှာ Marv Gresinski ဟာ ကားကို တစ်နာရီ
၇ဝမိုင်နှုန်းမောင်းပြီး ကားမောင်းနေရာက မီးဖိုခန်းမှာ
ကော်ဖီသွားကျိုနေခဲ့တယ်။ နောက်တော့ ကား မှောက်ပါလေရော…

ကံကောင်းစွာနဲ့ သူမသေခဲ့ပေမယ့် ကားကုမ္ပဏီကို သူတိုင်းကြားခဲ့တယ်။
တိုင်းကြားရခြင်းက ရှင်းလင်းချက်စာအုပ်မှာ ကားမောင်းနေရာကထပြီး
ကော်ဖီမကျိုရလို့ မရေးထားလို့ဆိုတယ်။ လျော်ကြေးငွေ
၁ရသိန်း၅သောင်းရလိုက်တယ်။

အမူဖြစ်ပြီးနောက် ကားကုမ္ပဏီက အဲဒီအချက်ကို စာအုပ်ထဲထည့်လိုက်ရတယ်။

ကိုးရိုးကားယားနိုင်တဲ့ အမူခင်းတွေပါ။ ဖတ်ပြီး လျော်ကြေးရဖို့
လိုက်မလုပ်ပါနဲ့။ နိုင်ငံတိုင်းမှာ ဒီဆုမျိုး ရှိနိုင်မှာမဟုတ်ပါဘူး။

One comment

  • Gong Zhu

    September 23, 2010 at 3:37 pm

    အဲဒါတစ်ကယ့် အမှု အစစ်လား . . .

Leave a Reply