အတာအကြို ပျော်ပွဲရွှင်ပွဲ အဖြစ် ကြက်ကြော် အစား ပြိုင်ပွဲနှင့် ဟမ်ဘာဂါ အစားပြိုင်ပွဲ များကို ဧပြီ ၃ ရက်တွင် North Point Shopping Centre ၌ လည်းကောင်း၊ ဧပြီ ၄ ရက်တွင် East Point Shopping Centre ၌လည်း ကောင်း အသီးသီး ကျင်းပ မည်ဖြစ်သည်။ အစီအစဉ် အရ ကြက်ကြော် စားပြိုင်ပွဲတွင် အသက် ၁၀ နှစ်မှ ၁၅ နှစ်အ တွင်း ယောက်ျား ကလေးနှင့် မိန်းကလေးများ၊ ဟမ်ဘာဂါ အစားပြိုင်ပွဲ တွင် အသက် ၁၅ နှစ်မှ ၃၀ အတွင်း ယောက်ျား ကလေးနှင့် မိန်းကလေးများ ယှဉ်ပြိုင်နိုင်ပြီး ကျပ် ၅၀,၀၀၀ တန် Ocean Gift Vouncher နှင့် ကျပ် ၇,၀၀၀ တန် Seasons Food Coupon ကို ပထမဆု အဖြစ် လည်းကောင်း၊ ကျပ် ၃၀,၀၀၀ တန် Ocean Gift Vouncher နှင့် ကျပ် ၅,၀၀၀ တနှ်Seasons Food Coupon ကို ဒုတိယဆု အဖြစ်လည်းကောင်း၊ ကျပ် ၂၀,၀၀၀ တန် Ocean Gift Vouncher နှင့် ကျပ် ၃,၀၀၀ တန် Seasons Food Coupon ကို တတိယဆုအဖြစ် လည်းကောင်း ချီးမြှင့်ပြီး အခြား လက်ဆောင် ပစ္စည်း များလည်း ပေးအပ်မည်ဖြစ်သည်။

ref;မြန်မာပို့စ်

About littlekaung

cho myat has written 26 post in this Website..