ထိတ်လန့်ဖွယ်ရာ Eejanaika ရိုလာကိုစတာ

မမေလးSeptember 23, 20102min611

အလွန်ကို ထိတ်လန့်ဖွယ်ရာကောင်းတဲ့ ရင်ခုန်မှုကိုပေးစွမ်းနိုင်တဲ့ ဒီရိုလာကိုစတာဟာ ဂျပန်နိုင်ငံ Fujiyoshida , Shizuoka မှာတည်ရှိပါတယ် ။

ပြောင်းပြန်ဇောက်ထိုး အကြိမ်အရေအတွက် – ၁၄ ကြိမ် (ကမ္ဘာ့ဂရင်းနစ်စံချိန်)
အမြန်ဆုံးအရှိန် – တစ်နာရီ ၁၂၆ ကီလိုမီတာ
လှေကားအမြင့် – ၇၆ မီတာ
မတ်စောက် ထောင့်ချိုး – ၈၉ ဒီဂရီ
လမ်းကြောင်းအရှည် – ၁၁၅၃ မီတာ

ဒီလို အမြင့်ကြီးကိုစီးရမှာနော် …။

ဇောက်ထိုးတွေ မိုးမျှော်တွေအကုန်ပါတယ်နော် ဂါဝန်တွေ စကတ်တွေ မဝတ်လာပါစေနဲ့ ။ အကုန်လုံး ဒုက္ခတွေရောက်ကုန်ကြမယ် ။

ဘေးစောင်းတန်းကြီးနော် လွင့်သာကျလိုက်လို့ကတော့ကွာ နှလုံးတောင် အဲလေ နှလုံးခုန်တောင်ရပ်သွားမယ်

တွဲလောင်းလေးတွေ တွဲလောင်းလေးတွေ မြဲမြဲသာကိုင်ထားကြဝေ့ ။

တွန့်လိန်ကောက်ကွေးတဲ့ ရိုလာကိုစတာ အရူးအမူးကို နှစ်သက်သူတွေရင်ခုန်စွန့်စားသူတွေ အတွက် အကိုက်ပါပဲ ( နှလုံးရောဂါရှိသူတွေကတော့ ထိုင်သာကြည့်နေပေတော့ )

ဇောက်ထိုးကြီးဆင်းလာတာနော်

ဟိုးအပေါ် ကြီးတောင် ရောက်သွားသေးတယ်နော်  ။

သက်တန့်ချို ဆိုက်မှ ရရှိပါသည် . . .

One comment

  • intro

    September 24, 2010 at 11:01 am

    တစ်ယောက်မှတော့ ပြုတ်မကျဖူးဘူးမဟုတ်လား၊ ကျွန်တော်ကတော့ စီးချင်တယ်ဗျာ… ကိုယ့်ကိုယ်ကို သတ္တိဘယ်လောက်ရှိလဲ သိရအောင်ပေါ့

Leave a Reply