ဉာဏ်စမ်းလေးပါ . . .

မမေလးSeptember 23, 20101min15412

လင်မယားနှစ်ယောက်ရှိတယ်
တစ်နေ့မှာဈေးကနေ ပန်းသီး ၃ လုံးဝယ်လာတယ် ။
အဲဒါ ကိုဘယ်လို အညီအမျှဝေစားမလဲ ။
ပန်းသီးကို ခြမ်းပြီးမစားရပါဘူး ၊

ည၈နာရီမှာ အိပ်ရာဝင်ပြီးမနက် ၉နာရီ သံပတ်နာရီနှိုးစက်ပေးထားတယ ်။
နှိုးစက်သံကြောင့်မနိုးခင် စုစုပေါင်းဘယ်နှစ်နာရီ အိပ်ရမလဲဖြေပေးပါ။

အဖေ ၂ ယောက် နဲ ့သား ၂ ယောက် ငါးသွားဖမ်းကြတယ်
သူတို ့အားလုံးငါးတစ်ကောင်ဆီဖမ်း မိတယ်
ဒါပေမဲ့ သူတို ့မှာ ငါးက ၃ ကောင် ပဲရှိနေတယ်
အဲ့တာဘာလို ့တုန်းးး ??????

ကုန်သည်တစ်ယောက်က တခြင်းမှာ လိမ္မော်သီး (၅၀)လုံး ပါတဲ့ ခြင်းနှစ်ခြင်းကို
ရထားလမ်းခရီးနဲ့ ကုန်ကူးပါတယ်။ သူစထွက်တဲ့မြို့ကနေ
သွားချင်တဲ့မြို့ရောက်ဖို့ ကြားမှာ ဘူတာ (၅၀)ခု ဖြတ်ရပါတယ်။
ကြားဘူတာတွေမှာ တစ်ဘူတာကို ဆက်ကြေး အဲ အခွန်အနေနဲ့ လိမ္မော်သီးတစ်ခြင်းကို
လိမ္မော်သီးတစ်လုံး ပေးရပါတယ်။ ဘူတာအားလုံးဖြတ်ပြီး နောက်ဆုံး
သူသွားမယ့်မြို့ကိုရောက်ရင ် လိမ္မော်သီးဘယ်နှစ်လုံးကျန်မှာပါ လဲ?

ဘယ်သူ ဉာဏ်အကောင်းဆုံးလဲ . . . ? ?  ?

12 comments

  • intro

    September 24, 2010 at 10:47 am

    ၁၊ တစ်ယောက်တစ်လုံးအရင်စားပြီးတော့၊ ကျန်တဲ့တစ်လုံးကို တစ်ယောက်တစ်ကိုက်စီနဲ့ စားမှာပေါ့။
    ၂၊ ၁၂ နာရီ အိပ်ရမှာပါ။
    ၃၊ အဘိုး၊ အဖေ၊ သား (၃) ယောက်ဆိုပေမယ်၊ အဘိုးနဲ့ အဖေနဲ့က သားအဖ တော်သလို၊ အဖေနဲ့ သားနဲ့ကလဲ သားအဖ တော်ပါတယ်။
    ၄၊ ၂၅ လုံးပါ…

  • Gong Zhu

    September 24, 2010 at 8:21 pm

    intro ၁ နဲ့ ၂ နဲ့ က မှားနေပါသေးတယ်နော် . . .

  • seaman

    September 25, 2010 at 5:58 am

    ၁. တယောက် တလုံး စား ပြီး ကျန်တလုံးကို တ ဝက်ဝက် ပြီးစားမယ်။
    ၂. သံပါတ် နာရီဆိုရင် ၁ နာရီ ပါ၊ ဓါတ်ခဲ နာရီဆိုရင် ၁၃ နာရီ အိပ်ရမယ်၊

  • leohero

    September 25, 2010 at 6:18 am

    တစ်က သုံးလုံးစလုံးကို သစ်သီးကြိတ်စက်နဲ 4 ကြိတ်ပြီး တစ်ဝက်စီ ခွဲသောက်ကြ
    နှစ်က သံပတ်နာရီဆို တစ်နာရီပဲအိပ်ရမှာ ဘာလို့လည်းဆိုတာ သိချင်ရင် စမ်းကြည့်ပေါ့
    သုံးက အဘိုး အဖေ သား …… အဖေအနေနဲ့ကြည့်မယ်ဆို နှစ်ယောက် သားအနေနဲ့ကြည့်မယ်ဆိုလည်း နှစ်ယောက်
    လေးက တစ်လုံးမှမကျန်ဘူး ဘာလို့လည်းဆိုတော့ ခြင်းနှစ်လုံးဖြစ်လို့ တစ်ခြင်းကို တစ်လုံးကျပေးရမှာဆိုတော့ ….

    • intro

      September 25, 2010 at 10:42 am

      ၁ နဲ့ ၂ အဖြေ ပြောတော့လေဗျာ..

  • Gong Zhu

    September 26, 2010 at 9:50 pm

    leohero ၂ က မှန်ပါတယ် . . . ၄ က တော့ intro ဖြေတာ မှန်ပါတယ် . . . ၁ က တော့ ဘယ်သူမှ မမှန်သေးပါဘူး . . . အဲ့ဒီ ပန်းသီးကို လင်မယား နှဟစ်ယောက်က ခွဲစားလို့ကိုမရတာ . . . မှန်းကြည့်ကြည့်ပါဦး . . . ဒီမေးခွန်းဖြေနိုင်တဲ့သူက ဉာဏ် အကောင်းဆုံး ပေါ့နော် . . .မှန်ရင် သကြားလုံး ၃ လုံး ကျွေးမယ် . . .

  • htetmyat

    September 27, 2010 at 5:27 pm

    ၁။တစ်ေယောက်တစ်လုံးစားပြီးကျန်တဲ့တစ်လုံးကိုသူတို့ရဲ့သားလေးကိုကျွေးလိုက်မယ်….မဟုတ်ဘူးလား

  • bostar25

    September 28, 2010 at 10:12 am

    ၁။ ရဲ့အဖြေက ဘယ်သူမှမဖြေနိုင်သေးတော့ ဖြေကြည့်မယ် မှန်ရင်သကြားလုံးပို့ပေးတော့
    လင် နဲ့ မယားနှုစ်ယောက်ဆိုတော့ တစ်ယောက်တစ်လုံးစီစားတော့ အညီအမျှရပြီပေါ့
    ၃ လုံးကုန်ပြီနော်-

    • intro

      September 28, 2010 at 10:24 am

      အစောကြီးထဲက လင်မယားနှစ်ယောက်လို့မရေးပဲ လင်နဲ့မယားနှစ်ယောက်လို့ ရေးရမှာ 😛

  • pinky

    September 28, 2010 at 11:15 am

    ဟုတ်တယ်လေ…
    လင် က တစ်လုံးစား..
    မယားနှစ်ယောက်က တယောက်တလုံးစား…
    ကဲ အဖြေမှန်ပြီဆိုတော့ bostar25 ကို သကြားလုံး သုံးလုံး ကျွေးလိုက်တော့နော်…

  • Gong Zhu

    October 14, 2010 at 9:05 am

    bostar25 ပြောတာမှားတယ် … ဒီတော့ သကြားလုံး ပြန်ကျွေးရမယ် … Pinky နဲ့လည်း တစ်ဖွဲ့တည်းဆိုတော့ တစ်ယောက်ကို သကြားလုံး တစ်လုံး ခွဲစီပို့ပေး 😛 … အဲ့ဒီသကြားလုံးကို intro ကိုပြန်ပေးရမှာ …

  • kyansitthar101

    October 14, 2010 at 10:44 am

    ပန်းသီးသုံးလုံးက အကြီးတစ်လုံးနဲ့ အသေးနှစ်လုံးဖြစ်နေမလားလို့ ၊
    ပန်းသီး အကြီး က အသေးနှစ်လုံးစာ နဲ့ညီနေမလားလို့ စဉ်းစားမိတယ်။
    အကြီးတစ်လုံးက တစ်ယောက်စား ၊ အသေးနှစ်လုံးကို တစ်ယောက်စား။
    အဲဒီလိုဆိုရင် အညီ အမျှ ခွဲလို့ ရပြီ….

Leave a Reply