သစ်ပင်တွေပေါ်ကနာမယ်များ

naywoon niSeptember 25, 20101min1083

ဟော့ဒိသစ်ပင်တွေပေါ်မှာ
သစ်ရွက်တွေမာန်ထည်နေလိုက်ပုံများ
ထာဝရမကြွေကျတော့မဲ့ပုံမျိုး
၂၁-ရာစုနည်းပညာနဲံတဲ့လေ။
သူတို့ကိုသူတို့လဲ
နာမယ်တွေအမျိုးမျိုးပေးပြီးကြွေးကြော်နေလိုက်ကြတာ
ပြီးတော့……………
တစ်ရွက်နဲ့တစ်ရွက်လှမ်းခေါ်
ပျော်ရွှင်စွာမိတ်ဆက်နေကြ
သူတို့ရဲ့ချက်တင်(chatting)တွေက
ကိုရီးယန်းအိုက်တင်တောင်မှ
မီမယ်မထင်ရ………..။
ချစ်လိုက်ကြတာ
သစ်ရွက်တွေပြောပါတယ်
တစ်ရွက်နဲ့တစ်ရွက်လဲမထိရ
တစ်ချို့ဆိုမြင်တောင်မမြင်ကြရပဲ
လွမ်းနေလိုက်ကြ…………
အကဲပိုနေလိုက်ကြတာ
TV-အခန်းဆက်ရုပ်ရှင်တောင်မှလွမ်းကျန်ခဲ့ရ….။
တစ်ချို့ကကြေကွဲ
တစ်ချို့ဖရိုဖရဲနဲ့လဲပြိုကုန်ကြ
ဒါပေမဲ့………………
သစ်ရွက်အသစ်တွေနဲ့စည်ဝေ
မကြွေတဲံသစ်ရွက်ကလဲ
နာမယ်ပြောင်းလိုက်တာနဲ ့
အပင်ပြောင်းလိုက်တာနဲ့
ငှက်တွေတောင်……..
အသိုက်ဆောက်တာမျက်စေ့လည်ကုန်ပေါ့………။
ဒီလိုနဲ့………
ဗီဇတွေပြောင်းလဲ
ဂေဟစနစ်တွေလဲမေ့ပေါ့
သစ်ရွက်တွေလည်းအလုပ်မလုပ်ကြတော့
တစ်ရွက်နဲ့တစ်ရွက်ချက်တင်ထိုင်ကြတာနဲ့
ပင်စည်ကလည်းအစာမချက်နိုင်တော့
ဒါနဲ့ပဲ………..
၂၁-ရာစုနည်းပညာဟာ
ဘယ်လိုများအသက်ရှင်အောင်လုပ်နေပါလိမ့်…….။

♦♣♠နေဝန်းနီ

3 comments

  • မြစပဲရိုး

    July 10, 2015 at 8:47 pm

    သများကတော့ နာမည်ပြောင်းတာ ဝါသနာပါပေမဲ့ ဗီဇ ကတော့ ပြောင်းပါဘူး အဘနီ။ :-)))

  • ဒီကဗျာ အခုမှ ဖတ်ဘူးတာ ကိုနေ

    ကျနော်ကတော့ အစ ကတည်းက ကိုပေါက်
    အခုလဲ ကိုပေါက်
    နောင်လဲ ကိုပေါက်ဘဲ

Leave a Reply