လှတစ်မျက်နှာ ဝက်ခြံ တစ်ပိဿာ မဖြစ်စေဖို့

မမေလးSeptember 23, 20101min820

လှတစ်မျက်နှာ ဝက်ခြံ တစ်ပိဿာ မဖြစ်စေဖို့

ရန်သူမျိုး (၅)ပါးထဲမှာ အိုင်တို့ အတွက် တစ်မျိုးထပ်ထဲ့ပေးရမဲ့ ရန်တစ်ပါး ကတော့ မဆက်ဆံ ချင်လဲ ဆက်ဆံနေရတဲ့ ဝက်ခြံ ပဲ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုချက်မတောင်းဘဲ ရှောင်နေတဲ့ ဝက်ခြံတွေကို အခု အချိန်က စပြီး နှင်ထုတ်ကြပါစို့လား။

ဝက်ခြံ မွေးဖွားခြင်း လက်သည်

မျက်နှာပေါ် ဝက်ခြံရောက်လာအောင် ဗီဇာ ထုတ်ပေးတဲ့ သူကတော့ ခန္ဒာကိုယ်မှာရှိတဲ့ အရေပြားရဲ့ Glands တွေပဲ ဖြစ်ပါတယ်။ ဒီ Glands တွေကနေ အဆီတွေ အလွန်အကျွံ ထုတ်ရာကနေ ဝက်ခြံ အတွက် ဝင်ပေါက် ဖြစ်လာရတာပဲ။ ဒီ အဆီတွေကနေ Cells အသေတွေနဲ့ ပူးပေါင်းပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ လာရောစပ်လိုက်တဲ့ အခါမှာတော့ ဝက်ခြံ ဆိုတာ ပါးပြင်ပေါ် ရောက်လာရတော့တာပဲ။ နောက်တစ်ချက်ကတော့ မျိုးရိုးဗီဇ ကြောင့်ပါပဲ။ ဝက်ခြံဟာ မျက်နှာပြင်ပေါ်မှာသာ မက ခန္ဒာကိုယ်မှာရှိတဲ့ တခြားအစိတ်အပိုင်း တွေမှာလဲ ပေါက်ရောက်နိုင်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ မျက်နှာ၊ လည်ပင်း၊ ပခုံး နဲ့ ကျောဘက်ခြမ်း တို့ပဲ ဖြစ်ပါတယ်။

ဝက်ခြံ အမျိုးအစား

ဝက်ခြံ အမျိုးအစား (၅)မျိုး ရှိတယ်။ အဖြစ်အများဆုံး ဝက်ခြံ အမျိုးအစားကတော့ Acne Vulgaris လို့ ခေါ်တယ်။ သာမာန် အဆင့်လောက်ပဲ ရှိတဲ့ ဝက်ခြံ ပေါ့။ ဒါပေမယ့် သေချာ ဂရုမစိုက်ရင် အမာရွတ် ထင်သွားနိုင်တယ်။

ဒုတိယ တစ်မျိုးက Acne Rosacea လို့ခေါ်တယ်။ ဒီ ဝက်ခြံကျတော့ ယောက်ျားတွေထက် မိန်းမတွေမှာ ပိုအဖြစ်များလေ့ ရှိတဲ့ ဝက်ခြံ ပေါ့။ ပထမ တစ်မျိုးထက် ပို ဂရုစိုက်သင့်တဲ့ ဝက်ခြံ ပါ။

တတိယ တစ်မျိုးကတော့ Acne Conglobata ပေါ့။ သူက ခုနကဟာတွေထက် ပိုပြင်းတယ်။ အမာရွတ် ဖြစ်စေနိုင်တယ်။

စတုတ္ထ တစ်မျိုးကတော့ Acne Fulminans လို့ခေါ်တယ်။ ရုတ်တရက် ကောက်ခါ ငင်ခါ ဖြစ်လေ့ရှိတဲ့ ဝက်ခြံ အမျိုးအစား ပေါ့။ မိန်းမတွေထက်စာရင် ယောက်ျားတွေမှာ ပိုပြီး ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဝက်ခြံ ပေါ့။ ပွားတတ်တယ်။ အဆစ်တွေမှာ ဖြစ်လေ့ရှိတယ်။ ကြွက်သားတွေ နာကျင်မှု ဖြစ်စေတယ်။ ကိုယ်ဝန်ဆောင်ထား ရတဲ့ မိန်းမတွေလည်း ပေါက်တတ်တယ်။

နောက်ဆုံး အမျိုးအစား ဝက်ခြံ ကတော့ Pyroderma Faciale လို့ခေါ်တယ်။ အသက် ၂ဝ နဲ့ ၄ဝ ကြားအထိ မိန်းမတွေမှာ ဖြစ်လေ့ရှိတယ်။ အမာရွတ် မထင်မှာ မပူနဲ့။ ကောင်းကောင်း ဂရုစိုက် ကုသပေးရင်တောင် ပြန်ပြန်ပေါက်တတ်တဲ့ ဝက်ခြံမျိုးပေါ့။ တစ်ခါတစ်လေ တစ်နှစ်လောက်တောင် ကုရတတ်တယ်။

ဝက်ခြံ ဖြစ်လွယ်တဲ့ အသားအရေ

တချို့လူတွေ ဝက်ခြံထွက်တာများနေရတာဟာ ရှေးဘဝက ဝက်ခြံ နဲ့ ရေစက်ပါခဲ့လို့ အခုဘဝမှာ ဖူးစာဆုံနေရတာ မဟုတ်ဘူး။ သန့်သန့်ရှင်းရှင်း နဲ့ ကျန်းမာရေး နဲ့ ညီညွတ်အောင် မနေလို့လည်း မဟုတ်ဘူး။ ကိုယ်တွင်းမှာ ရှိတဲ့ Hormone တွေကြောင့် ခဏခဏ ဝက်ခြံ ထွက်နေရတာ ဖြစ်တယ်။ Hormone ကြောင့် ဖြစ်တဲ့ ဝက်ခြံဟာ ပဓာန မူလ ဘူတ ကျတယ်။ ဒီလို မျက်နှာ ပိုင်ရှင်တွေ အနေနဲ့ အစားအသောက် နဲ့ ဝက်ခြံ ပျောက်ဆေးတွေ သုံးစွဲတဲ့ အခါမှာ ကိုယ့်အသားအရေ နဲ့ လိုက်ဖက်မယ့် ကုန်ပစ္စည်းမျိုးကိုသာ ရွေးချယ်သုံးစွဲသင့်တယ်။ Moisturizer , Cleanser , Cream , Sun Block သုံးတာက အစ သတိထားရွေးချယ်ပြီး သုံးစွဲသင့်တယ်။

ဝက်ခြံပျောက်ဆေးများ

ဝက်ခြံ အတွက် နှိမ်နှင်းရာမှာ ဝက်ခြံလိမ်းဆေးများ သုံးစွဲခြင်းဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရေပြားအထူးကု ဆရာဝန်တွေရဲ့ အဆိုအရ ဝက်ခြံ Creams တွေဟာ အရေပြားကနေ ကောင်းကောင်း စုပ်ယူနိုင်လို့တဲ့။ ဒါပေမယ့် မဝယ်ခင် သတိပြု စစ်ဆေးရမယ့် အချက်တွေက ဘယ် Formula နဲ့ ဖော်စပ်အသုံးပြုထားလဲ ? ဘယ်လို ပစ္စည်းတွေ ပါလဲ ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ သဘာဝ သစ်သီး သစ်ဖုတွေ ကနေ ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းဆိုရင် ရွေးချယ်သုံးစွဲ သင့်တယ်။ ယုံကြည်စိတ်ချ ရတယ်။ အဲ့ဒီ Creams တွေကို လိမ်းမယ် ဆိုရင် အနည်းဆုံး တစ်နေ့ကို နှစ်ကြိမ်လိမ်းပေးသင့်တယ်။ မဝယ်ခင် အညွှန်းကို သေချာဖတ်ရမယ်။ ဝယ်ပြီးသွားရင် စမ်းလိမ်းကြည့်ရမယ်။ အသားအရေနဲ့ ဘယ်လိုနေမလဲ ဆိုတာကို စမ်းကြည့်ပါ။ အချိန်အတိုင်းအတာ တစ်ခု အထိ အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် ဆက်ပြီး သံယောဇဉ် ထားသုံးစွဲမနေတော့နဲ့။

အရေပြား ဆရာဝန်တွေ အသေအချာ ယုံကြည်ထားတဲ့ အချက် တစ်ချက်က အစားအသောက် မဆင်ခြင်ရင် (မတည့်တာစားမိရင်) လည်း ဝက်ခြံ ကို ပိုပြီး ဆိုးရွားလာစေတယ်တဲ့လေ ……….