ခါးပေါ်က အဆီပိုတစ်လက်မရဲ့ အန္တရာယ်

thura.ng2September 23, 20101min1448

သင့်ရဲ့ ခါးအဝန်းကို တိုင်းတာကြည့်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ သတ်မှတ်ပေးထားတဲ့ ခါးအဝန်းထက် တစ်လက်မလောက် ပိုရုံနဲ့တင် အူမကြီးကင်ဆာ ဖြစ်ရန် အန္တရာယ်ရှိကြောင်း နောက်ဆုံးပေါ် လေ့လာတွေ့ရှိချက်များ အရ သိရပါတယ်။

ခါးပေါ်က အဆီပို တစ်လက်မလေးဟာ သင့်ရဲ့ ကျန်တဲ့ နေရာတွေက ခန္ဓာကိုယ်အချိုးအစား သိပ်မဆိုးတောင် အူမကြီးကင်ဆာ ဖြစ်စေနိုင်တဲ့ အခွင့်အလမ်းရှိကြောင်း ဆရာဝန်များက သတိပေးပြောကြား လိုက်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခါးအဝန်းကို အမျိုးသမီးတွေအတွက် ၃၁ လက်မခွဲ (၈ဝ စင်တီမီတာ)၊ ဥရောပသားနဲ့ လူမည်းအမျိုးသားတွေအတွက် ၃ရ လက်မ (၉၄ စင်တီမီတာ)၊ အာရှသား အမျိုးသားများအတွက်တော့ ၃၅ လက်မ (၈၉ စင်တီမီတာ) အဖြစ် ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက အတိအကျ သတ်မှတ်ထားပါတယ်။

ကင်ဆာရောဂါများ အပါအဝင် ရောဂါတော်တော်များများ ကင်းဝေးချင်ရင် ဒီအတိုင်းအတာတွေထက် သင့်ခါးကို မတုတ်အောင် ရာသက်ပန် ထိန်းသိမ်းထား သင့်ပါတယ်။ ဒီအတိုင်းအတာတွေထက် တစ်လက်မ ပိုများတိုင်း အူမကြီးကင်ဆာအန္တရာယ် ၃% တက်လာကြောင်း လေ့လာတွေ့ရှိထားရလို့ ဖြစ်ပါတယ်။

ဒီလို ဗိုက်အိုးကြီးခြင်းရဲ့ ကင်ဆာအန္တရာယ်ကို ဗြိတိန်ကျန်းမာရေး ပညာရှင်တွေက သူတို့နိုင်ငံမှာ လူတွေရဲ့ အသက်အန္တရာယ်ကို ဒုတိယအခြိမ်းခြောက်ဆုံး ဖြစ်နေတဲ့ အူမကြီးကင်ဆာ အတွက် ကြီးမားများပြားလှတဲ့ သုတေသနစစ်တမ်းတွေ ပြုလုပ်နိုင်ခဲ့လို့ သိရခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့ (World Cancer Research Fund) ရဲ့ ဆေးသိပ္ပံ အကြံပေးပညာရှင် ပါမောက္ခ မာတင်ဝိုက်စ်မန်းက ဒီလေ့လာမှုတွေ အားလုံးအပြီး ရလဒ်တွေ အတည်ပြုအပြီးမှာ “အခုတွေ့ရှိချက်ဟာ အရင်က သိခဲ့ကြပြီးသား ဖြစ်တဲ့ ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ ရှိရင် ကင်ဆာဖြစ်လာဖို့ အန္တရာယ် ရှိတယ် ဆိုတဲ့ အချက်ကို အခိုင်မာဆုံး သက်သေအဖြစ် ပေါင်းစပ်တင်ပြခဲ့တာပါပဲ။ တကယ်တမ်းကလည်း ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းဟာ ကင်ဆာရောဂါအများစုရဲ့ အကြီးဆုံး အကြောင်းရင်း ဖြစ်လို့ ရှောင်ကြဉ် ဖြတ်တောက်သင့်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်၊ ခါးအဝန်းတွေ ရှိအောင် ထိန်းသိမ်းထားသင့်ပါတယ်။ ဗြိတိန်မှာ တစ်နှစ်ကို အူမကြီးကင်ဆာ တစ်မျိုးတည်း ဖြစ်တဲ့ လူ ၃၈,၀၀ဝ လောက်အထိ ရှိနေတာကို ကာကွယ်ချင်ရင် အဝမလွန်အောင် ကိုယ်အလေးချိန် ထိန်းသိမ်းလိုက်ရုံပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

(မိမိအဝလွန်လား မလွန်လား ဆိုတာ သိချင်ရင် ခန္ဓာကိုယ် ဒြပ်ထုညွှန်းကိန်း (Body Mass Index, BMI) နဲ့ ဆုံးဖြတ်ရပါတယ်။ အောက်ကပုံမှာ သင့်ရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်နဲ့ ဆုံရာနေရာမှာ ကြည့်နိုင်ပါတယ်။ ဒီလင့်ကနေလည်း တိုင်းကြည့်နိုင်ပါတယ်)

ဗိုက်နေရာမှာ အဆီပြင်တွေ စုဝေးနေခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်နေရမယ့် ဟော်မုန်းတွေရဲ့ ပမာဏကို ကမောက်ကမဖြစ်စေပြီး အူမကြီးကင်ဆာ ဖြစ်စေတဲ့ ဟော်မုန်းတွေရဲ့ ပမာဏကိုတော့ မြင့်မားလာစေကြောင်း သိပ္ပံပညာရှင်များက တွက်ဆထားပါတယ်။ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် စတဲ့ ပြုပြင်ဖန်တီးထားတဲ့ အသားတွေ စားခြင်းမြင့်မားမှုဟာလည်း ဗြိတိန်နိုင်ငံရဲ့ အူမကြီးကင်ဆာ အဖြစ်များရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နေပါတယ်။

ဘယ်လိုပဲ ပြောနေနေ ဗြိတိန်လိုနိုင်ငံမျိုးဟာ တစ်နှစ်တစ်နှစ်ကို အူမကြီးကင်ဆာ ဖြစ်သူ ၃၈,၀၀ဝ လောက် ရှိနေတာတောင် ၁၆,၀၀ဝ လောက် အသက်ရှင်အောင် ကုသပေးနိုင်လျက်ရှိတဲ့ ဆေးပညာထိပ်တန်းနိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ဒီလို အစားအသောက်မျိုးတွေကို အရှေ့တောင်အာရှနဲ့ အာဖရိက က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အထူးကို လျှော့စားသင့်လှပါတယ်။

ဆေးပညာတွေ ဘယ်လောက်ပဲ တိုးတက်တိုးတက် လူတွေရဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်ပုံတွေကြောင့် ဖြစ်လာတဲ့ ရောဂါတွေကိုတော့ ဘယ်လိုမှ ဆေးပညာက မကာကွယ် မကုသပေးနိုင်ပါဘူး။ ဗြိတိန်မှာ နှစ်စဉ်သေဆုံးမှု အများဆုံး ရောဂါဟာ ဆေးလိပ်ကြောင့်ဖြစ်ရတဲ့ အဆုတ်ဆိုင်ရာ ကင်ဆာများ ဖြစ်နေတာက အကြီးမားဆုံး သက်သေပါပဲ။

Ref: Daily Mail

Translated by : ဒေါက်တာသီဟသစ်

8 comments

  • we R one

    October 24, 2011 at 2:11 pm

    တင်ပေးတာ ကျေးဇူးတင်ပါတယ်။.. တကယ်ကို ဗဟုသုတ ရစေပါတယ်…. နောက်နေ့ က စပြီး ဆင်ခြင်မှ.. ဒီနေ့တော့ မဟုတ်သေးဘူး…:D

  • etone

    October 24, 2011 at 2:25 pm

    နာများ စောင်းပြောနေသလိုပဲ ဟီးဟီး .. မြန်မြန် အဆီသွားချမှ … ။
    လူတကိုယ်လုံး slim ပါ …. တခါတလေ ခိုးခိုးသောက်လို့သာ … 😆

    • kai

      October 24, 2011 at 3:34 pm

      ဘီယာဗိုက်ဆိုတာ..

      Slang terms

      Several colloquial terms used to refer to central obesity, and to people who have it, refer to beer drinking. However, there is little scientific evidence that beer drinkers are more prone to abdominal obesity, despite it being known colloquially as “beer belly”, “beer gut”, or “beer pot”. One of the few studies conducted on the subject did not find that beer drinkers are more prone to abdominal obesity than nondrinkers or drinkers of wine or spirits.

      • etone

        October 24, 2011 at 3:50 pm

        ဟုတ်လည်း ဟုတ်ပဲနဲ့ … ။ သဂျီးလျှောက်ပြောဒယ် … ။

        ရေများများသောက်လျှင်တောင် ဗိုက်ဖောင်းသေးတာပဲ …. ဘီယာသောက်လျှင်လည်း … ဗိုက်တော့ဖောင်းမှာပဲလေ .. ဟုတ်ဘူးလား 😛

  • MOEPWINTPHYU

    October 24, 2011 at 3:39 pm

    အီကြောက်စရာကြီး
    လေ့ကျင်ခန်းလုပ်တောမယ် အစားလျော့စားတောမယ်
    သိလား စိတ်ညစ်လိုဆိုပြီး အစားတွေစားရင်းကနေ အခုထိ စားနေတုန်ပဲ …
    မနက်လင်းတိုင်းစဉ်းစားမိတာစားဖိုပါပဲဖြစ်နေတာ…..

  • နီလေး

    October 24, 2011 at 3:55 pm

    ဒီပို့စ်ဖတ်လို်က်တာနဲ့ အမေ့ခါးပဲပြေးမြင်မိတယ် ဟိဟိ အမေသိရင်တော့ ခေါင်းခေါက်ဦးမယ်

  • နွယ်ပင်

    October 24, 2011 at 4:16 pm

    အမလေး တစ်လက်မလေးတောင် ပိုလို့မရပါလားနော်
    အလုပ်မှာက အထိုင်များတော့ ဗိုက်က မပူချင်ပဲပူနေရတာပါ
    အစားဆိုလဲ မဖြစ်စလောက်လေးပဲစားတာပါ တကယ့်ကို ဗိုက်က
    ဆာမှစားတာပါ ဒါပေမယ့် အချိန်တိုင်း ဗိုက်ကဆာနေတော့ ခက်သား ဟီး 😛

  • Mg Ni Tut

    October 24, 2011 at 4:22 pm

    ၁လက်မ တက်မှ ၃ရာခိုင်နှုန်း ၊ ၁ဝလက်မမှ ၃ဝရာခိုင်နှုန်း ??

Leave a Reply