ထူးဆန်းထွေလာ အလှ အပ ဒဏ္ဍာရီများ

မမေလးSeptember 23, 20101min760

ထူးဆန်းထွေလာ အလှ အပ ဒဏ္ဍာရီများ

ထူးဆန်းထွေလာ အလှ အပ ဒဏ္ဍာရီများသည် ခေတ်အလိုက် တည်ရှိခဲ့သည်။ တချို့မှာ ရာစုနှစ် နှင့်ချီကာ သက်ဆိုးရှည် ခဲ့ကြသည်။ အကျိုးအကြောင်း ဆက်စပ်၍ မရသော ယင်း ဒဏ္ဍာရီများသည် ကျွန်ုပ်တို့၏ စဉ်းစားဉာဏ်အား လှောင်ပြောင်နေသလို ရှိနေကြသည်။ သို့သော် အောက်ပါ အလှ အပ ဒဏ္ဍာရီများမူကား ပုံပြင်မဆန်၊ စိတ်ကူးယဉ် မဆန်သော တကယ့်အဖြစ်အပျက်များပင် ဖြစ်ပေသည်။

(၁) ဆပ်ပြာသည် အသားအရေအတွက် မကောင်းဘူး

ရှေးစောင်းဘိုးဘေး လက်ထက်က ထုတ်လုပ်ခဲ့သော ဆပ်ပြာများသည် တိရစာ္ဆန်အဆီနှင့် ဟင်းသီးဟင်းရွက် အဆီများ ပါသဖြင့် အသားအရေအတွက် ဆိုးကျိုးဖြစ်ကောင်းဖြစ်နိုင်သော်လည်း အခုခေတ် ဆပ်ပြာများတွင်မူကား အသားအရေအား မခြောက်သွေ့စေရန်နှင့် အသားအရေ နူးညံ့စိုပြေစေရန် Moisturizers အချို့ ထည့်သွင်းထားသည် ဖြစ်ပေရာ ဆိုးကျိုး မသက်ရောက်စေနိုင်ပေ။ သန့်ရှင်းသော အသားအရေသည် ညစ်ပတ်သော အသားအရေ ထက်ပို၍ ကောင်းမွန်ပေသည်။

(၂) ခြေသလုံးမွှေးရိတ်ခြင်းသည် ပို၍ထူစေသည်

သင်သည် မျိုးရိုးဗီဇ ကောင်းမွန်သည့်အလိုက် ဆံသားထူခြင်း၊ များပြားခြင်းတို့ ပိုင်ဆိုင်နိုင်သည် ဖြစ်ပေရာ အမွှေးရိတ်၍ ပိုထွက်ခြင်း၊ သန်လာခြင်းတို့နှင့် တိုက်ရိုက် မသက်ဆိုင်ပေ။

(၃) ရေအများအပြားသောက်ခြင်းသည် လှပသော အသားအရေပိုင်ဆိုင်နိုင်

ရေသောက်ခြင်းသည် ခန္ဒာကိုယ်နှင့် အရေပြားအတွက် လိုအပ်သော မရှိမဖြစ် ဓာတ်ဖြစ်သော်လည်း အလွန်အကျွံ သောက်သုံးမည် ဆိုပါက အိမ်သာသို့ မကြာခဏ အလည်အပတ် သွားရလိမ့်မည် ဖြစ်ပေသည်။

(၄) ဆံပင် အဖျားနှစ်ခွဟာ ကုလို့ ပျောက်နိုင်သည်

ဆံပင်အဖျား နှစ်ခွဖြစ်ခြင်း အတွက် ကုသရန် တစ်ခုတည်းသော နည်းလမ်းမှာ ယင်း အဖျားနှစ်ခွအား ဖြတ်ပစ်လိုက်ပြီး ကျန်ဆံပင်တိုစများအား ဂရုစိုက် ထိန်းသိမ်းစောင့်ရှောက်သွားရန် ဖြစ်သည်။

(၅) ခြောက်သွေ့သော အသားအရေဟာ အရေပြားကိုတွန့်စေတတ်

ခြောက်သွေ့သော အသားအရေကြောင့် အရေပြားတွန့်စေရတယ်ဆိုတာ မဟုတ်ပါဘူး။ အရေပြား တွန့်ရခြင်း အများစုဟာ နေရာင်နဲ့ထိတွေ့မှုများလို့ ဖြစ်ရတာပါ။

(၆) ဝက်ခြံကိုု ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ရင် ချက်ခြင်းပျောက်စေ

ဝက်ခြံကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်မယ်ဆိုရင် ဝက်ခြံ ပျောက်လိမ့်မယ် ဆိုတဲ့ အယူဟာ မှားယွင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို ခပ်ကြမ်းကြမ်း ပွတ်လိုက်တာဟာ အဆီထွက်ရှိမှုကို ပိုတိုးပွားလာစေပြီး ပိုဆိုးရွား လာစေလို့ပဲ ဖြစ်ပါတယ်။

(၇) နေရောင်ဟာ မှဲ့ခြောက်တွေကို ပျောက်စေ

နေရောင်ဟာ မှဲ့ခြောက်တွေကို ယာယီအားဖြင့်သာ ပျောက်ကွယ်သွားစေီနိုင်တာပါ။ နေရောင်ထိပြီးသိပ်မကြာခင် ရက်ပိုင်း အတွင်းမှာပဲ ပိုဆိုးလာပါလိမ့်မယ်။

(၈) Brand တစ်ခုတည်းကိုပဲ စွဲသုံးတာကောင်းတယ်

ဒီအယူအဆ၊ အတွေးအခေါ်ဟာ အလှကုန် ကုမ္ပဏီကြီးတွေရဲ့ တိုက်ကွက် တစ်မျုးိပဲဖြစ်တယ်။ ဖောက်သည်တွေကို မြဲအောင်လုပ်စေချင်လို့ ထွင်လိုက်တာပဲ ဖြစ်တယ်။ အမှန်တော့ တခြား Brand တွေကို တန်းစီခိုင်းပြီး သူ့ Brand တစ်ခုတည်းကိုပဲ သစ္စာရှိစွာနဲ့ သုံးစေချင်လို့ ဖြစ်တယ်။

(၉) တိမ်ထူတဲ့ နေ့တွေမှာ Sunscreen လိမ်းဖို့ မလိုဘူး

နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ တိမ်တွေကို ထိုးဖောက်နိုင်စွမ်းရှိပြီး အသားအရေကို အန္တရယ် ပြုနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် တိမ်ကွယ်ရာမှာပဲ ဖြစ်ဖြစ်၊ တိမ်ခေါင်းထက်ရာမှာပဲ ဖြစ်ဖြစ် Sunscreen လိမ်းပြီးမှ ထွက်တာ အန္တရာယ် အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၁၀) သဘာဝဖြစ် ပစ္စည်းတွေဟာ ဓါတ်မတည့်မှု မဖြစ်စေနိုင်ဘူး

သဘာဝ ဖြစ်ပဲ ဖြစ်ဖြစ်၊ ဓါတုပစ္စည်းနဲ့ဘဲ လုပ်ထားတာပဲ ဖြစ်ဖြစ် ကိုယ့်အသားအရေနဲ့ ဓါတ်မတည့်ဘူးဆိုရင် လက္ခဏာ ပြတာဟာ ပြတာပါပဲ။

(၁၁) ကြွက်သားတွေကနေ အဆီဖြစ်လာ

ကြွက်သား နဲ့ အဆီဆိုတာ ရေ နဲ့ ဆီ လိုပဲ သဘောသဘာဝ ကွဲပြားခြားနားတဲ့ Tissue တွေပဲ ဖြစ်တယ်။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မပြောင်းလဲ နိုင်ကြဘူး။ ကြွက်သားကလည်း အဆီ အဖြစ် မပြောင်းလဲနိုင်သလို၊ အဆီကလည်း ကြွက်သားအဖြစ် မပြောင်းလဲ နိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု နည်းလာရင်တော့ ကြွက်သား Tissue တွေဟာ လျှော့နည်းလာဖို့ပဲ ရှိပါတယ်။

(၁၂) နေရာကွက်ပြီးအဆီလျှော့လို့ရ

တင်ပါးပဲ အဆီလျှော့မယ်၊ ပေါင်လုံးပဲ အဆီလျှော့မယ်၊ ဗိုက်ခေါက်ပဲ အဆီလျှော့မယ် လုပ်လို့ မရပါဘူး။ လုပ်လို့ရတဲ့နည်းကလည်း ခွဲစိတ်ဖြစ်တောက်ခြင်းပဲ ဖြစ်တယ်။

ဒါတွေဟာ အလှအပနဲ့ပတ်သတ်လာရင် လူအများ အထင်မှား အမြင်မှားနေကြတဲ့ အယူအဆတွေပါ။ ဒီအယူအဆ တွေကို သေချာ ပြန်လည် ဆေးကြောပေးဖို့ အတွက် ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။