လက်ခြေမရှိတဲ ့လူက ရေလက်ကြားကိုဖြတ်ကူး…

thura.ng2September 23, 20101min956

တက်ကျိူးပေမယ် ့လက်ထိုးလှော်မယ်…

လက်ခြေများပြတ်ခဲ ့ရသည် ့ပြင်သစ်အမျိူးသားတစ်ဦးဟာ အင်္ဂလိပ်ရေလက်ကြားကို အောင်မြင်စွာရေကူး
ဖြတ်သန်းနိုင်ခဲ ့ပါတယ်…( ရေလက်ကြားဆိုလို ့ကျဉ်းကျဉ်းလေးမထင်ပါနဲ ့ဗျာ…၂၂ မိုင်ကျယ်ပါတယ်…)
အသက် ၄၂ နှစ်ရှိ ဖိလစ်ခရွိုင်ဇွန် ဟာ ကင် ့အရပ် ဖို ့စတုန်းနေရာကနေ ကက်ပ်ဂရီးနက်ဇ် နေရာကို ၁၃
နာရီအကြာ ကူးဖြတ်အပြီးရောက်ရှိခဲ ့တယ်လို ့ဘီဘီစီသတင်းမှာဖေါ်ပြခဲ ့ပါတယ်…

လက်ခြေတွေပြတ်ခဲ ့ပေမယ် ့ခြေထောက်အတုနဲ ့ရေယက် တပ်ပြီးဖြစ်အောင်ကူးနိုင်ခဲ ့ပါတယ်…

၎င်းက သူ ့အနေနှင် ့၂၄ နာရီ အတွင်းဖြတ်ကူးနိုင်ဖို ့သူ ့ကိုယ်သူစံချိတ်သတ်မှတ် မျှော်လင် ့ထားခဲ ့ပြီး၎င်း
ရဲ ့အသင်းကတော ့ယခုလို ကူးဖြတ်နိုင်တာကိုက မသန်မစွမ်းသူရေကူးသမားတစ်ဦးအတွက် စံချိန်သစ်တစ်
ခုဖြစ်လိမ် ့မယ်လို ့ယုံကြည်နေကြပါတယ်…

” ကျွန်တော်လုပ်နိုင်ခဲ ့ပါပြီ…တစ်ကယ် ့ကို အံ ့ဩစရာပါပဲ…” လို ့မစ္စတာကရွိုင်ဇွန် ကတစ်ဖက်ကမ်းသို ့
အရောက်မှပြောကြားခဲ ့ပြီး သူက တားဆီးကန် ့သန် ့ချူတ်ချယ်မှုခံရသူများ ( သူ ့လိုပဲ မသန်မစွမ်းသူများ )
အတွက် ကိုယ်စားပြုသူတစ်ဦးဖြစ်ချင်ပါတယ်လို ့လည်း ဆိုခဲ ့ပါတယ်…
” အခုလိုရေကူးခဲ ့တာဟာကျွန်တော့်အတွက်၊ ကျွန်တော် ့မိသားစုအတွက်၊ ကျွန်တော် ့လိုပဲ ဝမ်းနည်းကြေ
ကွဲဖွယ်အဖြစ်ဆိုးနဲ ့ကြုံတွေ ့ခဲ ့ရပြီး ဘဝရဲ ့ပျော်ရွင်မှု၊ အနှစ်သာရ ပျောက်ဆုံးနေသူတွေအတွက် ရည်ရွယ်
ခဲ ့တာဖြစ်ပါတယ်….” လို ့ကလေးနှစ်ယောက်တို ့ရဲ ့ဖခင်ဖြစ်သူ ကပြောပြခဲ ့ပါတယ်…
မစ္စတာကရွိုင်ဇွန်ဟာ လွန်ခဲ ့တဲ ့၁၆ နှစ်လောက်က အိမ်ခေါင်မိုးပေါ်က တီဗီအင်တီနာတိုင်ကို တက်ဖြုတ်နေ
စဉ် အပြင်းအထန်ဓါတ်လိုုက်ခံခဲ ့ရတာဖြစ်ပါတယ်…

ထိုစဉ်က ခေါင်မိုးအနီးမှာရှိတဲ ့အင်အားပြင်းထန်သည် ့ဓါတ်အားလိုင်းကြောင် ့ဓါတ်လိုက်ခံခဲ ့ရတာဖြစ်ပြီး ဆ
ရာဝန်များအနေနှင် ့သူ ့ရဲ ့ခြေ၊ လက်တွေကို ဖြတ်ပစ်ခဲ ့ရပါတယ်…
သူ ့ရဲ ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပင်ပန်းနွမ်းနယ်နေခဲ ့ပေမယ် ့မဖြစ်နိုင်တော ့ဘူး၊ အောင်မြင်စွာ မဖြတ်
ကူးနိုင်တော ့ဘူးလို ့တော့ တစ်ခါမှ မတွေးထင်ခဲ ့ဘူး ( ဇွဲလုံ ့လ ဘယ်တော ့မှမလျော ့ခဲ ့ဘူး ) ပါဘူးလို ့၎င်း
က ဘီဘီစီသတင်းဌာနကိုပြောကြားခဲ ့ပါတယ်…

ဓါတ်ပုံများကို Daily Mail ကနေယူပါတယ်…
ကူညီသူမိတ်ဆွေများနှင် ့အတူ…

မစ္စတာ ကရွိုင်ဇွန်ရဲ ့ဖခင်ဖြစ်သူကလည်း ၎င်းရဲ ့သားဖြစ်သူဟာ ကံကောင်းထောက်မတဲ ့အနေနဲ ့လေတိုက်
ရာလမ်းကြောင်းကလည်းဖေးမနေခဲ ့ပြီး လင်းပိုင်သုံးကောင်ကလည်း သူနှင် ့အတူ အချိန်အတန်ကြာ ကူး
ခတ်နေခဲ ့တယ်လို ့ဆိုပါတယ်…

ဘဝခရီးကြမ်းကို ကူးဖြတ်နေသူများလည်း သူ ့ကိုအတုယူပြီး အားမလျော ့စေချင်ပါဘူး…

6 comments

  • etone

    September 24, 2010 at 2:26 am

    ဒီပို့စ်လေးကို ဖတ်ရတာ စိတ်ခွန်အားတွေကိုပိုဖြစ်စေပါတယ် ။အများစုကတော့ လုပ်နေကြတစ်ခုခု က အဆင်မပြေဖြစ်ရင် စိတ်ပျက်အားငယ်တတ်ကြတယ် ။ အားလုံးပဲ ဒီပိုစ့်လေးကို ဖတ်နိုင်ကြပါစေ။

  • winkyawaung

    September 24, 2010 at 2:45 am

    ဪ ကျွန်တော်တို့ အားကျ အတုယူစရာပါ..။ တက်ကျိုးရင် လက်ထိုးလျော်မယ်ဆိုတဲ့ လူ့ဘဝကို အပြောလွယ်ပြီး အလုပ်ခက်ပါတယ်..။ ကဲ ဘဝကို ခြေလက် မပါပဲ ကူးနေတာဆိုတော့…

  • Yin Nyine Nway

    September 24, 2010 at 1:27 pm

    ဟုတ်တယ် … အင်္ဂါမစုံတဲ့ လူတွေတောင် လုပ်နိုင်ပြီး
    ခြေကောင်းလက်ကောင်းနဲ့ တောင်းစား နေတဲ့ လူတွေကို သိစေချင်တယ်

  • kk

    September 24, 2010 at 4:39 pm

    တကယ့်ကိုပြင်းထန်တဲ့စိတ်ဓါတ်ပါ
    လက်ခြေမရှိတဲ့လူက ၁၃ နာရီကြာ ရေကူးနိုင်တယ်ဆိုတော့
    လက်ခြေအပြည့်ရှိရဲ့သားနဲ့ အလွယ်တကူ စိတ်ဓါတ်ကျ အလျှော့ပေးချင်မိတဲ့
    ကို့စိတ်ဓါတ်ကို အပြစ်မြင်မိတယ်…
    ပြီးတော့ ဓါတ်လိုက်ရင်ဒီလောက်ပြင်းထန်တဲ့ ဆိုးကျိုးတွေရနိုင်တယ်ဆိုတာ
    မီးကြိုးတွေ အလွယ်တကူလိုက်ဖြုတ်နေတဲ့ (အကာအကွယ်ဘာမှမရဘဲမိုးတွင်းကြီး ဓါတ်တိုင်ပေါ်တက်နေရတဲ့)
    ရန်ကုန်မြို့က လျှပ်စစ်ဝန်ထမ်းတွေ သတိထားစေချင်ပါတယ်

  • winkyawaung

    September 26, 2010 at 4:11 am

    ဓာတ်ပုံဖော်ပြပေးပါရန် မေတ္တာရပ်ခံပါတယ်။ ကြည့်လို့ရမဲ့ လိပ်စာကိုလည်း ညွှန်ပေးပါ။

  • winkyawaung

    December 3, 2010 at 2:38 pm

    ဓာတ်ပုံ လိပ်စာလေးလိုချင်ပါတယ်ဆရာ။ ဓာတ်ပုံပါရရင်း တင်ပေးပါဆရာ။

Leave a Reply