၁ ရဲ့ တိုးကိန်းနဲ့ လျော့ကိန်း

thura.ng2September 23, 20101min540

တက္ကသိုလ်တစ်ခုက ဟောပြောပွဲတစ်ခုမှာ ရိုးရှင်းတဲ့ ကိန်းဂဏန်းကစားနည်းကို ဟောပြောသွားတယ်။

အဲဒီကစားနည်းက ၁ × ၁ ဖြစ်တယ်။

၁×၁ကို ၁ဝကြိမ်မြှောက်ရင် အဖြေဘယ်လောက်ရသလဲ?
ရှင်းပါတယ်.. အဖြေက ၁ ပဲဖြစ်တယ်။

ဒါပေမယ့် ၁.၁×၁.၁ ကို ၁ဝကြိမ်မြှောက်ရင် အဖြေဘယ်လောက်ရသလဲ?
အဖြေက ၁×၁လောက် မလွယ်တော့ဘူး။ ကျောင်းသားတချို့က ၁ဝလို့ ဖြေကြတယ်။ တချို့က ၈ လို့ဖြေကြတယ်။
တကယ့်အဖြေမှန်က ၂.၈၅..ဖြစ်တယ်။

ဝ.၉ ကို ၁ဝကြိမ်မြှောက်ကြည့်ပါ။ အဖြေဘယ်လောက်ရသလဲ?

တချို့က ဝ.၈လို့ဖြေတယ်။ တချို့က ဝ.ရ လို့ဖြေတယ်။ ကိုယ်တိုင်ချတွက်ကြည့်ပါ။ ဒါမှအဖြေကို သင်မှတ်မိလိမ့်မယ်။
တကယ့်အဖြေမှန်က ဝ.၃၁ဖြစ်တယ်။

တကယ်လို့ နေ့တိုင်း နည်းနည်းလေးစီ ကြိုးစားကြည့်မယ်၊ ပြုပြင်မယ်၊ အခြေအနေကို ဖြေးဖြေးချင်း တိုးတက်အောင်လုပ်မယ်ဆိုရင် (၁ဝကြိမ်မြှောက်) မှာ အဲဒီကြိုးစားမှုက (၂.၈၅..ဖြစ်သွားမယ်) တိုးသွားမယ်။

တကယ်လို့ နေ့တိုင်း နည်းနည်းပျင်းမယ်၊ နည်းနည်းအချောင်ခိုမယ်၊ ဇွဲလုံ့လကို လျော့မယ်ဆိုရင် ဝ.၉× ဝ.၉ ဖြစ်တယ်။

လူတချို့က သူတို့ဘဝထဲ “ဇွဲလုံ့လ”၊ “အကောင်းမြင်ခြင်း”၊ “တည့်မတ်ခြင်း”၊ “အရှုံးမပေးခြင်း” စတဲ့ ကိန်းတွေကို ပေါင်းထည့်ကြတယ်။ ပြီးတော့ ရည်မှန်းချက်ပန်းတိုင်စီ အရောက်လှမ်းနိုင်ဖို့ နည်းနည်းချင်း ဆတိုးပြီး ကြိုးစားတယ်။ ဒီလိုလူတွေရဲ့ရလဒ်ဟာ ကြာလေ တိုးပွားလေဖြစ်တယ်။

ဒါပေမဲ့ လူတချို့က ပျင်းရိခြင်း၊ နောက်ဆုတ်ခြင်း၊ အကောင်းမမြင်ခြင်း စတဲ့ကိန်းတွေကို သူတို့ဘဝထဲ ထည့်နုတ်သွားတယ်။ ရည်ရွယ်ချက်ပန်းတိုင်မရှိဘဲ နေရာမှတင် တဝဲဝဲလည်ရင်း သူတို့တန်ဖိုးကို လျော့ချနေတယ်။

“ဒူးမထောက်ရင် ပန်းရနံ့ကို ဘယ်ခံစားနိုင်မလဲ” တဲ့။ ဓာတ်ပုံဆရာတစ်ဦးက ဆိုပါတယ်။ “ပန်းရဲ့ရနံ့ကိုပါ ရိုက်နိုင်ဖို့ မြေကြီးပေါ် ဒူးထောက်ချရတယ်။ ကိုယ့်ကိုယ်နှိမ့်ချမှ ပန်းပွင့်နဲ့နီးကပ်နိုင်တယ်”

လူတွေလည်း ဒီလိုပဲ။ ပျော်ရွှင်နှစ်သက်စရာကောင်းတဲ့ ဘဝကို ပိုင်ချင်ရင် တကယ့်တက်တက်ကြွကြွ လုပ်ဆောင်မှရတယ်။ အကောင်းမြင်စိတ်တွေနဲ့ လဲမှရတယ်။

၁×၁ က ဘယ်နှစ်ကြိမ်မြှောက်မြှောက် ရလဒ်က မပြောင်းလဲဘူး။
၁.၁×၁.၁လို နေ့တိုင်း ဝ.၁လေးပဲ ပြုပြင်မယ်၊ သင်ယူမယ်၊ ကြိုးစားသွားမယ်ဆိုရင် ရလဒ်က တိုးပွားသွားမယ်။

ဝ.၉× ဝ.၉လို နေ့တိုင်း ဝ.၁လေးပဲ အချောင်ခိုမယ်၊ ပျင်းရိမယ်၊ ကြိုးစားမှုကို လျော့ချမယ်ဆိုရင် ဆုံးရှုံးမှုတွေက မသိမသာများလာပြီး နောက်ဆုံးမှာ တိုးတက်ချင်စိတ်ပါ ပျောက်သွားနိုင်တယ်။

၂.၈၅ က ဝ.၃၁ နဲ့ ၉ဆနီးနီးဖြစ်တယ်။ ၁ဝရက်အတွင်းမှာ ဒီလောက်ပြောင်းလဲရင် နှစ်နဲ့ချီကြာရင် ဘယ်လိုဖြစ်သွားနိုင်မလဲ?

၁.၁× ၁.၁ လို နေ့တိုင်း နည်းနည်းလေးစီ သင်ယူပြုပြင်ပြီး ကြိုးစားသွားရင် အောင်မြင်မှုဆီ သင်မလွဲမသွေ အရောက်လှမ်းနိုင်ပါတယ်။

http://share.youthwant.com.tw/sh.php?id=31022907&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။