ဖေမြင့်၏ ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ

thura.ng2September 24, 20101min680

ကိုယ့်အားကိုယ်ကိုး

သင့်အားမည်သူမျှ အပေါ်အမြင့်သို့ ရောက်အောင်ကြိုးဖြင့် ဆွဲမတင်နိုင် ကြိုးကို

ကြာကြာကိုင်ဆုပ်မထားနိုင်သောကြောင့်ပင် သင်ပြုတ်ကျမည်ဖြစ်သည်။ သို့သော် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၍

တက်လျှင်ကား အမြင့်တောင်ထိပ်သို ့ ရောက်အောင်ပင်သင်တက်နိုင်မည်ဖြစ်၏။

ကောင်းလည်းကိုယ်ဆိုးလည်းကိုယ်

လူသည်မိမိကိုယ်ကို ကောင်းအောင်လည်းဖန်တီးနိုင်၏ ၊ ဆိုးအောင်လည်းဖန်တီးနိုင်၏ ၊

ကောင်းလိုတိုးတက်လိုလျှင် မိမိစဉ်းစားတွေးတောမှု လမ်းကြောင်းကို ကောင်းမည် ့ဘက် တိုးတက်မည့်ဘက ်သို ့

ဦးလှည့်ပေးရလိမ့်မည် ။မိမိကိုယ်ကိုမိမိ ဘဝစွမ်းရည်တိုးတက်ရေးအတွက် ထိန်းကျောင်းပဲ့ကိုင်သည့်
ပါရဂူ

အဖြစ်ခန့်အပ်နိုင်ပြီဆိုလျှင် တောက်လျှောက်တိုးတက်သွားမှာ သေချာသည် ။

ဖန်တီးသူမိမိ

လောက၏မတူညီသော ကဏ္ဍအသီးသီးတွင် အောင်မြင်မှုရှိခဲ့သူတို ့ တူညီစွာလက်ခံ

ယုံကြည်ထားကြသည့် အချက်တစ်ရပ်ရှိသည၊် ယင်းကားမိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာဖန်တီးနိုင်သည်

ဟူ၍ ဖြစ်ပါသည် ။

အလကားမရ

သင့်အောင်မြင်မှု နှင့်စိတ်ချမ်းသာမှု ကိုသင်ကိုယ်တိုင်ပင် တောင်းဆိုယူရလိမ့်မည် ။ ကမာ္ဘ လောကသည်

သင့်အားဘာကိုမျှပေးလိမ့်မည်မဟုတ် ။ ဘယ်သူကမျှ သင့်ဆီလာပြီး အသာပုခုံးပုတ်ကာ” ရော ့

ယူဗျာအခွင့်အရေးတွေ” ဟုပေးမည်မဟုတ် ။ ပုခုံးပုတ်၍ လှည့်အကြည့်တွင် မျက်နှာကိုလက်သီးပြင်းပြင်းနှင့်

ထိုးထည့်လိုက်ခြင်းမျိုးသာသင်ခံချင် ခံရနိုင်သည်။ အလကားရနိုင်တာ ဒါမျိုးပဲရှိသည်။

ဒါကိုလူအများလည်းသိကြသည် ။သို ့သော်သိလျက် သူတို့ဘယ်လိုတွေးကြသနည်း။

“ဘယ်သူကမျှငါ့ကိုမကူညီလျှင် ငါဘယ်မှာအောင်မြင်နိုင်မည်နည်း” ဟူ၍ ပဲတွေးသည်။ မှားပြန်ပါပြီ။ မည်သူမျှ

သင့်ထံလာပြီ အခွင့်အရေးတွေ မပေးတော့ဘူးဆိုတော့ကော ဘာဖြစ်သနည်း ။

သင့်အားအောင်မြင်သူဘဝရောက်ရှိအောင် တွန်းပို့မောင်းနှင်ပေးမည် ့စွမ်းအားများ သင့်ကိုယ်ထဲမှာအပြည့်ရှိသည် ။

သင့်၌လိုအပ်နေသည်မှာ သင်သည်ဤ လောက၌ ထိုင်တန်သော တစ်နေရာကို ရပိုင်ခွင့်ရှိသည် ဟူသော

ယုံကြည်ချက်နှင့် ထိုအရာကိုရအောင်ယူမည် ဟူသောခိုင်မာသည့် သန္နိဌာန်တို့သာဖြစ်သည်။ဒါတွေကို

တခြားကမရနိုင် ။သင့်ကိုယ်တိုင်ထံမှပင် သင်တောင်းခံယူရပေမည်။

ဘယ်သူကူကူမကူကူ

ငယ်စဉ်တုန်းက ကိုယ့်ကိုအားပေးသည့် ပတ်ဝန်းကျင်မှာကြီးပြင်းရသည်။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်သည့်အချိန်ကျတော့ ပတ်ဝန်းကျင်က နှိပ်ကွပ်သည့်ပတ်ဝန်းကျင်ဖြစ်နေသည် ။

သည်ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့မျှော်လင့်ချက်တွေ ရှိပါသေးရဲ့လားဟု တွေးတောကာနောက်တွန် ့

ချင်စရာဖြစ်လာသည်။ မတွန် ့ပါနှင့် ။သင့်မျှော်လင့်ချက်တွေအလားအလာများစွာ အများကြီးရှိပါသေးသည်။အရေး

ကြီးသည်ကသင့်စိတ်ဓာတ်ဖြစ်သည်။ သူတစ်ပါးပြောသည့်အဖျက်စကားကို သင်မှတ်သားနေစရာမလို ။

“ငါ့အဆင့်ဒီလောက်ပဲရှိမှာပါ” ဟု စိတ်အားငယ်ကာငါလိုသူလို အဆင့်အတန်းမှာ ငြိမ်သက်နေစရာမလို။ ပတ်ဝန်းကျင်မှာ

မြေတောင်မြှောက်ပေးမည့်သူ လက်တွဲခေါ်မည့်သူ မရှိလျှင်လည်း အရေးမကြီး ။ အရေးကြီးသည်က

သင့်ကိုယ်သင်အားကိုးနိုင်ဖို့ဖြစ်ပါသည် ။ ကိုယ့်အားကိုယ်ကိုးစိတ် ၊မိမိကိုယ်ကို

ယုံကြည်စိတ်များထူထောင်ပေးနိုင်လျှင် ယင်းစိတ်ဓာတ်များနှင့် အတူ သင့်ဘဝအောင်မြင်တိုးတက်မည်သာဖြစ်သည်။

အခြေအနေ

အခြေအနေမပေးလို့ဆိုတဲ့စကားကို ကျွန်တော်လက်မခံဘူး

။လောကမှာအောင်မြင်ကြီးပွားနေသူမှန်သမျှဟာ ကိုယ်လိုချင်တဲ့အခြေအနေကို ကိုယ်လိုက်ရှာတဲ့လူတွေ

၊ရှာလို့မတွေ ့ရရင် ကိုယ်တိုင်ဖန်တီးယူတဲ့လူတွေ သာဖြစ်တယ်။

မူရင်း ………… ဖေမြင့်၏ ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ စာအုပ်