သူ့နေရာနဲ့သူ

thura.ng2September 24, 20101min1460

တနေ့မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့ အားလုံးကို အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊ အလုပ်ကိုအရှုံးပေးလိုက်မယ်၊ မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။ တောထဲရောက်တော့ နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင် ဘုရားသခင်နဲ့ စကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်။

ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား- ကျွန်တော်ဘဝကို အရှုံးပေးတော့မယ်။ ကျွန်တော်အရှုံးပေးသင့်တယ်လို့ပဲ ကျွန်တော်ထင်တယ်။ အရှုံးမပေးသင့်ကြောင်း သက်သေတစ်ခုတောင် ဘုရားသခင်ကျွန်တော့်ကို ပေးစရာမရှိဘူးမဟုတ်လား…” လို့မေးလိုက်တယ်။

ဒါနဲ့ဘုရားကပြန်မေးတယ်တဲ့။
“အသင့်အနားမှာ ရေညှိပင်တစ်ပင်နဲ့ ဝါးပင်တစ်ပင် တွေ့သလား” တဲ့။
သူကတွေ့ကြောင်းပြောတဲ့အခါမှာ ဘုရားက ….

“အိုလူသား။ အဲဒီရေညှိပင်နဲ့ ဝါးပင်ကို စပိုျးတုန်းကအတူတူပဲ။
အစေ့နှစ်မိုျးကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေဩဇာနဲ့
နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။
မြေပေါ်မှာပေါက်လာပြီး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။
ဝါးစေ့ကလေးကတော့ ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ့် ငါသူ့အပေါ်မှာ
စွန့်လွှတ်အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီးရေလောင်းခဲ့ပါတယ်။

တစ်နှစ်လောက်ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက်တောင် ပိုပြီး ပြန့်ပွားလာပါတယ်။ ဝါးစေ့လေးစိုက်ထားတဲ့နေရာမှာတော့ ဘာမှဖြစ်မလာသေးပါဘူး။

၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲ ဘာထူးခြားမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အပေါ်မှာ လက်လျှော့လိုက်ခြင်းမရှိဘဲ ဆက်ပြီးရေလောင်းပေးခဲ့ပါတယ်။ ၅နှစ်မြောက်မှာတော့ ဝါးပင်ညှောင့်လေး စထွက်လာပါတယ်။ ဒီလိုစထွက်လာပြီး
၆လအတွင်းမှာပဲ ပေ၁ဝဝ ကျော်အပင်ကြီးဖြစ်သွားပါတော့တယ်။ ဝါးပင်ဟာ ဒီလို အချိန်တိုအတွင်းမှာ ဒီလောက်အမြင့်ကြီးတက်နိုင်ဖို့ ၅ နှစ်ကြာ အမြစ်တွယ်ယူခဲ့ရတယ်လေ။

ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့အရာ ချမပေးပါဘူး။
သူ့နေရာနဲ့သူဖြစ်လာဖို့ အရည်အချင်းတွေပေးထားတယ်လေ။ ဝါးပင်လေးအပေါ်မှာ
လက်မလျှော့သလို အသင့်အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ရေညှိပင်ဟာ
ရေညှိပင်နေရာမှာနေပြီး သစ်တောကို စိမ်းလန်းစေသလို၊ ဝါးပင်ဟာ
ဝါးပင်နေရာမှာနေပြီး သစ်တောကို လှပစေပါတယ်။

သင့်အလှည့်လာမှာပါ။ သင်အမြင့်ကိုတက်ဖို့ အခု အမြစ်တွယ်ဖို့
အချိန်ပေးထားတာပါ။”…လို့ပြန်ဖြေသတဲ့။

ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက်မြင့်မြင့်တက်မှာလဲ” လို့ပြန်မေးပါတယ်။

လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့ ပြန်ဖြေတော့

ဘုရားက “အေး..အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ
တက်လို့ရတယ်။ ကြိုးစားပြီးတက်ပေတော့” လို့ ပြန်ပြောလိုက်ပါတယ်။

Forward Mail…