အိမ်ထဲတွေမှာ လျောက်သွားနေတတ်တဲ့ ပင့်ကူလေး

ဆူးSeptember 24, 20101min683

ခုန်ပျံနိုင်တဲ့ ပင့်ကူတွေရဲ့ မျိုးစိတ်ကတော့ Salticidae ဖြစ်ပါတယ် ။ ကမ္ဘာပေါ်မှာ ပင့်ကူတွေဟာ မျိုးစိတ် အကျယ်ပြန့်ဆုံးနဲ့ မျိုးခွဲပေါင်း ၄၀၀ဝ ကနေ ၅၀၀ဝ အထိရှိပါတယ် ။ ဥပမာ (Ah , A melting pot) စသဖြင့်ပေါ့ ။ ဒီလို သေးငယ်တဲ့အကောင်လေးတွေကို ချစ်မြတ်နိုးပါတယ် ။ သင်တို့ရဲ့ အိမ်မှာလည်း ပင့်ကူ ပေါင်းများစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ် ။ သူတို့ဟာ ခြေတံမရှည်ကြပါဘူး ။ ဒါ့ကြောင့် လူတွေအတွက် အာရုံထဲမှာ ကြောက်မက်ဖွယ်မကောင်းပဲ သူတို့ရဲ့ ပြအိုးသဏ္ဍာန် ဦးခေါင်းကတော့ လွန်စွာ လှပပြီး ဒီပင့်ကူတွေရဲ့ မျက်လုံး တွေဟာ Alien တွေနဲ့ ဆင်တူလှပါတယ် ။ ပြီးတော့ ဉာဏ်ရည်လည်းကောင်းကြပြီး သူတို့ဟာ အင်းဆက် ပိုးကောင် ကလေးတွေကို စားသုံးကြပါတယ် ။ (တခါတရံ အမျှင်ထုတ်တဲ့ ပင်ကူတွေကလည်း စားကြပါတယ် ။ ) ဒီပုံတွေ အတွက်တော့ Thomas ကို ကျေးဇူးတင်ရမှာပါ ။

Salticids ဆိုတာ သေးငယ်ပြီး တချို့ဆိုရင် လက်မဝက်လောက်သာသာရှိတဲ့ ပင့်ကူငယ်လေးတွေဖြစ်ပါတယ် ။ သူတို့ဟာ သူတို့ရဲ့ ခန္တာကိုယ်ကို တွန်းကန်ပြီး ၁ဝ ကြိမ်ကနေ အကြိမ် ၄ဝ လောက်တိုင်အောင် ခုန်ပျံနိုင်ပါတယ် ။ အန္တရာယ် တွေက လွတ်မြောက်ဖို့ သဘာဝပေးတဲ့ စွမ်းရည်တမျိုးပေါ့ ။ သူတို့ဟာ ဒီလို ခုန်ပျံတာကို ဖက်ရှင် ကျလှတဲ့ ဟိုက်ဒရောလစ် စနစ်ကဲ့သို့ အသုံးပြုကြပါတယ် ။ သူတို့ရဲ့ ခြေထောက်တွေကို အရည်တွေကို အရင်ဆုံး အလျှင် အမြန် ညစ်ထုတ်လိုက်ပါတယ် ။ စပရင်လိုမျိုး သူတို့ရဲ့ လျှင်မြန်လှတဲ့ အမြန်နှုန်းကို ပြုလုပ်ဖို့အတွက်ပေါ့ ။ အောက်မှာရှိတဲ့ပုံလေးတွေကို ကြည့်ကြရအောင် ။ ပုံတွေကို သေချာကြည့်မယ်ဆိုရင် သူတို့ရဲ့ မျက်လုံး အလယ် တည့်တည့်မှာ ကင်မရာရဲ့ အလင်းပြန်မှုကိုတောင် သင် မြင်နိုင်ပါတယ် ။













ချစ်စရာ ကောင်းတယ်လို့ ထင်တယ်နော်။

3 comments

  • etone

    September 24, 2010 at 7:30 am

    ပင့်ကူကြောက်တတ်တဲ့etone တောင် ပင့်ကူပုံလေးတွေလှလို့ ချစ်စရာကောင်းတယ်လို့ထင်သွားပြီ ။

  • char too lan

    September 24, 2010 at 8:39 am

    အနောက်ဆုံးအကောင်လေးက ချစ်စရာကောင်းတယ်
    သူတို ့လဲ Star War ရုပ်ရှင်ထဲကဂြိုဟ်သားတွေလိုပါပဲနော်

  • michaelaungpu

    September 26, 2010 at 8:22 am

    ကဗျာဆန်နေလိုက်ကြတာ အားရစရာကြီး

Leave a Reply