သံပုရာသီးနဲ့ မီးထွန်းမယ်

ဆူးSeptember 24, 20101min893

လိုရမယ်ရ အိမ်မှာ အပျင်းပြေ စမ်းကြည့်ကြပေါ့..
လိုအပ်သောပစ္စည်းများ
သံပုရာ (သို့မဟုတ် ) သံပယိုသီး
၂ လက်မ အုတ်ရိုက်သံ ( သွပ်ဖြင့်ပြုလုပ်ထားသော သံ)
ကြေးပြား ( ယခင်က မတ်စေ့)
LED မီးလုံး။ ဓါတ်ကြိုး

သံပုရာသီး အရွယ် ကြီးကြီး လတ်လတ် ဆတ်ဆတ် တစ်လုံးကို တစ်ဖက်က အုတ်ရိုက်သံ ထိုးထည့်ပါ ။ တစ်ဖက်က မတ်စေ့ ထိုးထည့်
အဲ ……………… တစ်မွှာထဲ တစ်ကန့်ထဲ တန်းအောင်တော့ ထည့်ရမယ်နော် ………………..
သံချောင်းက – ကြေးပြားက + နော် ။ ဗို့ ဘယ်လောက်ထွက်လဲဆိုတော့

သံပုရာသီး တလုံးကို .906 v ထွက်ပါတယ် ။ တစ်ဗို့လောက်ပေါ့ ။အဲတော့ အလုံးရေများများ တွဲရအောင်

ဒီလောက်ဆို LED မီးလုံး။ ၁ လုံးစာတော့ ထွန်းလို့ ရပြီ ။ ရောင်စုံ LED မီးလုံးထွန်းချင်ရင်တော့

ကဲ ……………စမ်းကြည့်လိုက် ။ပျော်စရာလေးပါ။
ဒါပေမယ့် 1.5 ဗို့ ဓါတ်ခဲ တစ်လုံးမှ ၁၀ဝကျပ် ပဲရှိတာ ။ သံပုရာသီးက ဈေးကြီးတယ်လေ ။
အရေးပေါ် တောထဲတောင်ထဲ ရောက်ရင်တော့ ရှယ်ပဲ။
ကျနော့ သူငယ်ချင်း ဗိုလ်မှူးတစ်ယောက် တိုက်ပွဲလဲပြီးရော အိုင်ကွန်က ဘတ္ထရီဒေါင်းနေပြီလေ ။
နောက်တန်းက ထောက်ပို့တွေကို လှမ်းခေါ်ဘို့ ခက်ကရော ။ တောထဲ သံပုရာသီး ရှောက်သီး လိုက်ရှာပြီး ………………ဟဲဟဲ
အဲလို အရေးကြီးမှ သုံးဘို့ ခုထဲက တခေါက်လောက် စမ်းကြည့်ထားပါ ။

3 comments

  • kopauk mandalay

    September 24, 2010 at 4:05 pm

    တစ်ကယ်လင်းရဲ့လား လင်းတယ်တအား
    အဲလိုပြောနိုင်အောင် စမ်းကြည့်လိုက်အုံးမယ်။
    မဟုတ်လို့ကတော့ ဆူးကြိုးအောင်
    ဖက်နဲ့အုပ်ပစ်မယ်။
    ဟင်း ဟင်း ဟင်း………………………………………………………

  • Gong Zhu

    September 24, 2010 at 7:17 pm

    metacafe မှာ ရှိတယ်တဲ့ . . .

  • ဆူး

    September 25, 2010 at 2:58 am

    ရက်စက်လှချည်လား ကိုပေါက်ရယ်..ဆူးကို ဖက်နဲ့ အုပ်လို့ မွန်းပြီး သေသွားအုန်းမယ်

Leave a Reply