တစ်ခါတုန်းက University တစ်ခုမှာ professorတစ်ယောက်ရှိပါသတဲ့။ သူကအသင်အပြကောင်းလို့
သူသင်တဲ့ဘာသာရပ်ကို ကျောင်းသားအားလုံးလိုက်နိုင်ကြသတဲ့။ဒီလိုနဲ့
နှစ်ဆုံးကိုရောက်တဲ့အခါ စာမေးပွဲဖြေရတယ်။
ထူးထူးခြားခြားလုပ်ရပ်တစ်ခုကို အဲဒီprofessor ကလုပ်ခဲ့ပါသတဲ့။
စာမေးပွဲခန်းထဲကို ကျောင်းသားတွေနေရာယူပြီးမှာပဲ ဆရာကစကားတစ်ခွန်းပြောပါတယ်။

တပည့်တို့ဟာ ဆရာသင်တဲ့ဘာသာရပ်ကို တစ်နှစ်ပတ်လုံးကြိုးစားခဲ့တာကို ဆရာအသိပါ။
မင်းတို့အားလုံးဒီပညာကို ကျွမ်းကျင်နေပြီဆိုတာ လည်းသိပါတယ်။ ဒီတော့
စာမေးပွဲမဖြေရင်တောင်မှ (ခ)အဆင့်နဲ့အောင်မှာပါ။ ဒီတော့
မဖြေချင်တဲ့သူတွေထွက်နိုင်ပါတယ်။ (ခ)အဆင့်နဲ့တကယ်အအောင်ပေးမှာပါ။

ဆရာ့စကားအဆုံးမှာပဲကျောင်းသားအများစုက လွတ်လပ်ပေါ့ပါးသွားဟန်နဲ့ထွက်သွားကြပါတယ်။ ဒီလိုနဲ့ထွက်သွားလိုက်တာ
အယောက်200ကျော် ကျောင်းသားတွေထဲမှာ ကျန်ခဲ့တဲ့ကျောင်းသားက 20လောက်ပဲတဲ့။

အဲဒီနောက် ဆရာကမေးခွန်းဝေပါတယ်။ အဲဒီမေးခွန်းထဲမှာပါတာကတော့

တပည့်တို့ကိုချီးကျူးပါတယ်။ နောက်နောင်လည်းဒီလိုမျိုးကိုယ့်ကိုကိုယုံကြည်တဲ့စိတ်တွေဆက်လက်မွေးမြူသွားကြပါ။
တပည့်တို့ဟာ ဒီစာမေးပွဲကို (က)အဆင့်နဲ့အောင်မြင်သွားပါပြီ တဲ့။

ပုံပြင်လိုလိုထင်ရတဲ့ဒီအဖြစ်အပျက်လေးဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပါ။

P.S : တကယ်တမ်းကျတော့  ကျွန်တော်တို့ဟာ ကိုယ်ရသလောက်လေးကို ကျေနပ်နေကြပြီး ငါဒီထက်ပိုလုပ်လိုက်ရင် အခုလက်ရှိအခြေအနေထက် ပိုဆိုးသွားနိုင်တယ် ဆိုပြီး ရှေ့ကိုဆက်မတိုးရဲပဲ ကိုယ်ရောက်နေတဲ့ နေရာလေးကို ပဲ ကျေနပ်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခြင်းကိုဖော်ပြနေပါတယ်။ တကယ်တမ်းကျတော့ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်အ၀ဖြင့် ရှေ့ကိုဆက်တိုးသွားမယ်ဆိုရင် အောင်မြင်မှုများကို မလွဲမသွေ တွေ့ရှိမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် အယ်ဒီဆင် ဟာ လျှပ်စစ်မီးလုံးကို တီထွင်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရပါတယ်။ သူဟာ သူ့ရဲ့ တီထွင်မှု တစ်ကြိမ် မအောင်မြင်တိုင်း ငါအောင်မြင်ဖို့ နီးစပ်လာပြီဟုသာ ယူဆပြီး၊ ငါ အောင်မြင်အောင် မလုပ်နိုင်တော့ပါဘူးဟု တွေးတောခြင်းမရှိပဲ မိမိကိုယ်ကို မိမိ ယုံကြည်စွာ ဖြင့် ဆက်လက်တီထွင်စမ်းသပ်သောကြောင့်သာ ယနေ့ လူသားများကို အလင်းရောင်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ကျွန်တော် ဒီစာကိုရေးရင်းနဲ့ ဆရာဦးစိုးလွင် ရေးသားသော “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်နှင့် ဆေးလောက ဇတ်ခုံပေါ်မှအတွေ့အကြုံများ” စာအုပ်ထဲမှ ဆရာရေးသားထားသော “ကျရှုံးခြင်းမဟုတ်၊ မအောင်မြင်သေးခြင်းသာ” ဟုရေးသားထားသော ၀တ္တုတိုလေးတစ်ပုဒ်ကို သွားသတိရမိပါတယ်။ ဒီစာပိုဒ်လေးက ဆရာ့ရဲ့ MRCOG ဖြေဆိုစဉ်တွေ့ကြုံရသော အခက်အခဲလေးကို ယုံကြည်ချက်အပြည့်ဖြင့် ဖြတ်သန်းခဲ့ရပုံကို ရေးသားထားပါတယ်။ ဆရာဟာ MRCOG စာမေးပွဲကို ပထမအကြိမ် ဖြေဆို အောင်မြင်ခြင်း မရှိသဖြင့် ဒုတိယအကြိမ်ဝင်ရောက် ဖြေဆိုခဲ့ပါတယ်။ ရေးဖြေတွင် အောင်မြင်ခဲ့သော်လည်း အရေးကြီးဆုံး နှုတ်ဖြေတွင် မရှုမလှ ကျရှုံးခဲ့သောကြောင့်စိတ်ဓတ်ကျနေပြီး မြန်မာဆိုလို့ သူတစ်ယောက်တည်းရှိသော အင်္ဂလန်ကျွန်းတွင် ရေခဲမှတ်အောက်ရောက်အောင် ချမ်းအေးလွန်းသော ရာသီဥတုက သူဧ။် စိတ်ဓာတ်ကို ပိုမိုကျဆင်းအောင် ပြုလုပ်ပေးသကဲ့သို့ ဖြစ်နေပါသည် ဟုရေးသားထားပါတယ်။ ထို့နောက် သူဧ။် ဆရာတစ်ဦးဖြစ်သော Mr Khalil ကို ရုတ်တရက် မထင်မှတ်ပဲ တွေ့မြင်လိုက်ရပြီး ဆရာက စာမေးပွဲ အောင်စာရင်း ကြည့်ပြီးပြီလားဟု မေးရာ ကျွန်တော် စာမေးပွဲကျတယ်ဟု တစ်လုံးသာ သူပြောနိုင်တော့သည်။ မင်းစာမေးပွဲကျလို့ စိတ်မကောင်းဖြစ်နေတယ်မဟုတ်လား ငါ့ရုံးခန်းကို လိုက်ခဲ့ဟု ခေါ်သောကြောင့် ဆရာ့နောက်မှ လေးလံသော ခြေလှမ်းများဖြင့်လိုက်ခဲ့ရပါသည်။

Mr Khalil ကလဲ အရှေ့အလယ်ပိုင်းက လာပြီး အင်္ဂလန်တွင် အလုပ်လုပ်နေသော oversea doctor တစ်ဦးဖြစ်ပါသည်။ ဆရာက ရုံးခန်းသို့ ရောက်လျှင် မင်း ဒီ MRCOG စာမေးပွဲကို ဘယ်နှစ်ခါ ကျရှုံး ခဲ့သလဲ ဟုမေးရာ ၂ ခါရှိပြီ ဟု လေးလံသော လေသံဖြင့် ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ထို့နောက် ဆရာက မင်းငါ့ကိုကြည့်စမ်း၊ မငိးတို့အားလုံးရဲ့အမြင်မှာ ငါဟာ အောင်မြင်ကျော်ကြားတဲ့ အထူးကု ဆရာဝန်ကြီး တစ်ယောက်ပေါ့ ဒါပေမယ့် ဒီ MRCOG စာမေးပွဲကို ငါဘယ်နှစ်ခါ ဖြေရမယ်လို့ မင်းထင်သလဲ ဟုမေးရာ တစ်ခါ…အလွန်ဆုံး နှစ်ခါပေါ့ ဟု ပြန်လည်ဖြေရာ ဆရာက ပြုံးရွှင်သော မျက်နှာဖြင့် မင်း ယုံချင်ယုံ မယုံချင်နေ ငါဒီ MRCOG စာမေးပွဲကို အောင်ဖို့ စုစုပေါင်း ခြောက်ခါတိတိ ကြိုးစားခဲ့ရတယ်ကွ။ အဲဒါမင်းသိရဲ့လားဟု ပြောရာ ဆရာ့ကို မယုံကြည်နိုင်သော မျက်လုံးအစုံဖြင့် ကြည့်မိတော့သည်။ ဆရာက ငါ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ လဲနေရာက ပြန်ထ၊ အားမာန်အပြည့်နဲ့ ထပ်ခါထပ်ခါ ကြိုးစားခဲ့တယ် ဒါကြောင့် လည်းနောက်ဆုံးတော့ ငါ့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ခဲ့တယ်။ ခုနက မင်းပြောသလို စာမေးပွဲလေး နှစ်ခါ ကျတာကို ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိဘဲ ဆက်မဖြေဘဲ ပြန်သွားမယ်ဆိုရင် မင်းဒီစာမေးပွဲကို ဒီဘ၀မှာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ သေချာသွားပြီ။ နောင်တစ်ချိန် မင်းပြန်စဉ်းစားလိုက်ရင် ဒီကိစ္စဟာ လမ်းလျှောက်ရင်းတိုက်မိခဲ့တဲ့ ခလုတ်လေးပါလားဆိုပြီး မင်းသိသွားလိမ့်မယ်။ အဲဒီအတွက် မင်းလိုတာက မင်းကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိဖို့ဘဲ လိုတယ် ဟုပြောပြီး အားပေးစကားပြောပါသည်။ ထို့နောက် ဆရာဦးစိုးလွင်မှာ ကျရှုံးခြင်းမဟုတ်၊ မအောင်မြင်သေးခြင်းသာ ဟုကြုံးဝါးပြီး ဖြေဆိုရာ တတိယအကြိမ်တွင် အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိပြီး အမိမြေကို ပျော်ရွှင်စွာ ပြန်လာခဲ့သည် ဟု ရေးသားထားသော အကြောင်းအရာလေးကို သွားသတိရပါတယ်။ ကျွန်တော်တို့လည်း ယုံကြည်ချက် ရှိရှိဖြင့် ဘ၀ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားတည်ဆောက်ကြပါစို့လားခင်ဗျား…..။

ဆရာဦးစိုးလွင် ရဲ့ ၀တ္တုတိုလေးကိုပါ ထည့်ရေးလိုက်တဲ့ အတွက် ကျွန်တော် ရေးတာ နည်းနည်းရှည်သွားပါတယ်။ အခုလို စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်

About thura.ng2

Thura Naung Naung has written 33 post in this Website..