လူမိုက်တဲ့လား မေမေရယ်

thura.ng2September 25, 20101min6830

လမင်းလေးတဲ့ ကျွန်တော့ အမည်ကို
ဘာလို့ ဒီလိုပေးလည်းလို့ မေမေ့ကို မေးတဲ့
အခါတိုင်း မေမေကပြောတယ် x သားလေးက
ချစ်စရာကောင်းတယ်
မြင်သူတိုင်းလည်း သားလေးကို ချစ်တယ် x အနေလည်းအေးတယ် လုံးဝမဆိုးဘူး x ဒါကြောင့်
သားကိုလမင်းလေးလို့ အမည်ပေးတာပေါ့တဲ့ x ကျွန်တော် အရမ်းကျေနပ်ခဲ့တယ်

လမင်းလေးဆိုတဲ့ အမည်လေးကိုပေါ့ ချစ်စရာလည်းကောင်းတယ် အေးလည်းအေးမြတယ် x
ဒါပေမဲ့ အခုတော့ ကျွန်တော် မုန်းလိုက်ချင်တယ် x ဒီလမင်းလေးဆိုတဲ့
အမည်ကိုပြောင်းပြစ်လိုက်ချင်ပြီ ဘာလို့လဲ ဆိုတော့ ကျွန်တော့ ဘဝက လူတွေကို
ပေးနိုင်ဖို့ ကိုယ်ပိုင်အလင်းရောင် မရှိတဲ့ အပြင် ငြိမ်းချမ်းမှုဆိုတာလည်း
ရှာတွေ့လို့မရအောင် ခါးသီးလွန်းလို့ပါဗျာ

ကျွန်တော့်မှာ မိသားစု (ရ ) ယောက်ရှိပါတယ် x ဖေဖေရယ် မေမေရယ် ကိုကြီးရယ် မမရယ် ကျွန်တော်ရယ် ညီမလေး နဲ့ ညီလေးပေါ့ x ကျွန်တော်တို့က
အရမ်းချမ်းသာတဲ့ အသိုင်းအဝိုင်းက မဟုတ်ပေမဲ့ ဘိုးဖွားတို့ရဲ့အမွေနဲ့
မိဘများရဲ့ အလုပ်အကိုင်တော်မှုကြောင့် မပူမပင် မကြောင့်မကြ
အေးဆေးတည်ငြိမ်စွာ နေနိုင်ခဲ့ပါတယ် x ဖေနဲ့မေက ဘွဲ့ရတွေပါ ကိုကြီးကလည်း
ဥပဒေဘွဲ့ရတစ်ယောက်ပေါ့ မမကလည်းဆေးကျောင်းတက်နေရတဲ့ ဆရာဝန်မလောင်းလေး
တစ်ယောက်ပေါ့ x ညီမလေးနဲ့ ညီလေးကလည်း အလယ်တန်းအဆင့်
ထူးချွန်ကျောင်းသားတွေပါ x ဒီလို တစ်ကယ့်ပညာတတ်မျိုးရိုးကြီးထဲမှာ
ကျွန်တော်က ဆယ်တန်းမအောင်ခဲ့ပါဘူး x ဒေါင်းတွေကြားထဲက ကျီးဌက်လိုပါပဲဗျာ

ဒီဆယ်တန်း မအောင်မြင်ခြင်းဟာ ကျွန်တော့ဘဝအတွက် ဒီလောက်အရေးပါမယ်လို့
ကျွန်တော် ထင်မှတ်မထားခဲ့ပါဘူး x အဖြစ်အပျက်ကတော့
ကျွန်တော်တို့ဆယ်တန်းအောင်စာရင်
း ထွက်တဲ့နေ့ x ကျွန်တော် မအောင်ခဲ့ပါဘူး မအောင်ခဲ့လို့လည်း အိမ်ပြန်အရောက်မှာတော့ တစ်အိမ်လုံး
ဆူပူခြင်းကိုခံခဲ့ရပါတယ် x ဖေဖေဆိုရင် စိတ်တိုလွန်းလို့ နှာရင်းတောင်
ပိတ်အုပ်ပြစ်လိုက်တယ် x ကျွန်တော့် အရမ်း ဝမ်းနည်းခဲ့ရတယ် ဘယ်သူလဲဗျာ
ဒီစာမေးပွဲကို မအောင်ချင်ရမှာလည်း x ဒါပေမဲ့ ကျွန်တော်က မှတ်ဉာဏ် လုံးဝမကောင်းဘူး စာများများကျက်လိုက်တာနဲ့ ခေါင်းက အရမ်းပဲ ကိုက်လာတယ်

ကျွန်တော် စိတ်ညစ်လွန်းလို့ အိမ်ကနေ ပြေးထွက်လာခဲ့တယ် သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ
စိတ်ညစ်ခဲ့ရသမျှ တစ်သက်နဲ့ တစ်ကိုယ် လုံးဝမသောက်ခဲ့ဖူးတဲ့ အရက်ဆိုသော
အရာကို တစ်ညလုံးထိုင်သောက်ခဲ့တယ် x လူမှန်းသူမှန်း မသိအောင်ကို
သောက်ခဲ့လို့ အိမ်မပြန်နိုင်ခဲ့ဘူး x
အိပ်ရာကနေ ကျွန်တော်ထတော့ ဆယ်နာရီတောင် ကျော်နေပြီ x ချက်ချင်းထပြီး အိမ်ကို ပြန်ခဲ့တယ် အားလုံးတော့ ကျွန်တော့် ကို ဒေါကန်နေကြမှာ အမှန်ပဲ x
ဒါပေမဲ့ ကျွန်တော်ထင်သလို ဒေါသမျက်နှာတွေ ကျွန်တော့်ကို ဆီးမကြိုပဲ အိမ်ရဲ့
သော့ခလောက်ကြီးပဲ ကျွန်တော့်ကို ဆီးကြိုခဲ့တယ် x စိတ်ထဲမှာ ထစ်ခနဲပဲ x
ဒါနဲ့ ဘေးအိမ်က အဒေါ်ကြီးတစ်ယောက် ထွက်လာပြီး ကျွန်တော့်ကို လာပြောတယ်

တစ်ယောက်မှ အိမ်မှာ မရှိဘူး လမင်းလေးရဲ့ အားလုံးဆေးရုံကို သွားကြတယ်

ဗျာ
ဘယ်သူဘာဖြစ်တာလဲ အဒေါ်

နင်တို့ အဖေလေ ကား Accident ဖြစ်လို့

ဗျာ………… ဟာ ဘယ်တုန်းကလည်း

မနေ့ညကလို့ ပြောတာပဲ ချက်ချင်းလိုက်သွားလိုက်လေ ဆေးရုံကို

ဟုတ် ဟုတ်ကဲ့ စိုင်းညီ ချက်ချင်းလိုက်သွားလိုက်သည်
ဆေးရုံသို့အရောက်
ဆရာမကိုဖေဖေအခန်း နံပါတ် မေးပြီး စိုင်းညီ ဝင်သွားခိုက်

ခွပ် ………

ကျွန်တော့်မျက်နှာ လည်ထွက်သွားပြီး လဲကျသွားတယ် မျက်နှာက်ို ပြန်မော့အကြည့် တင်းမာနေတဲ့ ကိုကြီးရဲ့နီမြန်းနေသော မျက်နှာ
လက်သီးလည်းကျစ်နေအောင် ဆုပ်ထားလို့ ကျွန်တော် နားမလည်နိုင်ခဲ့ပါဘူး ဘာလို့
ကျွန်တော့်ကို ကိုကြီးထိုးတယ်ဆိုတာ x ကျွန်တော် မတ်တတ် ပြန်ရပ်လိုက်တယ်

မင်းကြောင့် မင်းကြောင် ဖေဖေ ကံဆိုးခဲ့ရတယ် မင်းဂြိုလ်မွှေခဲ့လို့

တော်တော်ပါတော့ သားကြီးရယ် ဆေးရုံမှာ မကောင်းပါဘူးကွယ် ဖြစ်ပြီးသွားပြီပဲ မေမေတို့
ဘာတတ်နိုင်မှာလည်းကွယ်

ဘာဖြစ်တာလဲ ကျွန်တော့်ကို ပြောပါဦး မေမေရယ်

နင်တို့ နင်တို့အဖေ ငါတို့ကို ထားခဲ့ပြီ အဟင့် ဟင့်

ဗျာ

အဲ့တာ မင်းကြောင့်လေ မနေ့ညက မင်းပြန်မလာလို့ ဖေဖေ တစ်ညလုံးကားနဲ့လိုက်ရှာနေတာ
ဘယ်နေရာမှ မတွေ့လို့ အိမ်ပြန်အလာ လမ်းမှာ ကားချင်းတိုက်မိသွားတယ်လေ အခုတော့
ဖေဖေ မင်းကြောင့်လောကကြီးထဲထွက်သွား
ရပြီလေ

ဟာ သွားပြီ ကျွန်တော့် ကြောင့်
ဟာဗျာ ကျွန်တော်မထွက်သွားရင် ဖေဖေ ဖေဖေ ဒီလို ဖြစ်မှာ မဟုတ်ပါဘူး သားကို ခွင့်လွှတ်ပါဖေဖေရယ် ဒီလိုမှန်းသိရင် သားမထွက်သွားပါဘူးဗျာ
တောင်းပန်ပါတယ် ဖေဖေရယ် သားမိုက်ခဲ့လို့ ဖေဖေဒီလို ဖြစ်ခဲ့ရတာပါဗျာ
……………………………………………………………………………………………………………………………………………………………………….

လွန်ခဲ့ပါပြီ ဘာလိုလိုနဲ့ ခြောက်လတောင် ကြာသွားပါပြီ x အချိန်တွေ ကြာသွားပေမဲ့
ကျွန်တော် အဖြစ်အပျက်တွေကို ခုထိ ဖြေမဆည်နိုင်ခဲ့သေးပါဘူး x

အိမ်ရဲ့ စီးပွားရေးအခြေနေကိုတော့ မေမေထိန်းထားနိုင်ခဲ့ပါတယ် x ကျွန်တော်ဆယ်တန်းစာမေးပွဲကိုတော့ ဆက်မဖြေဖြစ်ခဲ့ပါဘူုး x ညံ့ဖျင်းလွန်းတဲ့ကျွန်တော့်ကို ပြန်ဖြေဖို့ ဘယ်သူမလည်းှ ကျွန်တော်ကို
မတိုက်တွန်းခဲ့ပါဘူး x ညံ့ဖျင်းတဲ့ လူတစ်ယောက်အတွက်တော့ အိမ်မှာ ဘာမှ
အသုံးမဝင်ခဲ့ဘူးပေါ့ဗျာ x အိမ်မှာလည်း အိမ်သားတွေရဲ့ အငြိုငြင်ခံ အမုန်းခံ
ဘဝနဲ့ နေခဲ့ရပါတယ်

ဆယ်တန်းတောင် မအောင်ပဲနဲ့ ဘယ်လိုလုပ်ပြီး အိမ်ရဲ့ စီးပွားရေး အလုပ်တွေကို ကူညီနိုင်မှာလည်း x အသုံးမကျတဲ့ လူတစ်ယောက်အတွက် ငါ့မှာ
ထောက်ပံ့စရာ
မရှိဘူး အားနေတာပဲ ကိုယ့်သုံးဖို့ကို ကိုယ်ဖာသာကိုရှာ x မေမေ ပြောခဲ့တဲ့
စကားလေးပါ ကျွန်တော် ကျေနပ်ပါတယ် မေမေရယ်
မသုံးမကျတဲ့ ကျွန်တော့်လိုလူနဲ့ ထိုက်တန်တဲ့ စကားပါဗျာ

ကျွန်တော် အပြင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ကြုံရာကျပန်း အလုပ်လုပ်ခဲ့ရတယ် အပေါင်းသင်းတွေ စုံတော့ ကျွန်တော်လည်း အစားအသောက်တွေ
မကင်းနိုင်တော့ဘူးပေါ့ဗျာ x မုန်တိုင်း သင့်လို့ လေပြည်လာမယ်ကြံကာ
ရှိသေးတယ် မုန်တိုင်းက ထပ်တိုက်ပြန်ပြီဗျာ x အဖြစ်ကလည်းဆိုးလိုက်တာ
စွပ်စွဲခံလိုက်ရတာကလည်း သူခိုးတဲ့ဗျာ

ဟေ့ကောင် လမင်း မေ့မေ့ လက်စွပ်ဘယ်မှာလဲံဲ

ဗျာ

မသိဟန်ဆောင် မနေပါနဲ့ ဒီအိမ်မှာ မသင်္ကာစရာ ဆိုလို့ နင်တစ်ယောက်ပဲရှိတာ

ဟာ ဒီလိုတော့ မစွပ်စွဲနဲ့လေဗျာ

စွပ်စွဲတာ မဟုတ်ဘူး သေချာကို သေချာနေတာ နင်တစ်ယောက်ပဲရှိတယ် အပေါင်းသင်းတွေကလည်း စုံ
အသောက်အစားကလည်း မကင်း နင့်လိုတေလေဂျပိုးကမှ မခိုးရင် ခိုးစရာ ဘယ်သူမှမရှိဘူး

ဟာကျွန်တော် မခိုးဘူးနော် အပြင်မှာ ဘယ်လိုပဲနေနေ
ဘယ်သူနဲ့ပဲ ပေါင်းပေါင်း ခိုးစားရလောက်အောင် ကျွန်တော် အကျင့်စာရိတ္တ
မပျက်သေးဘူးဗျ

ဘယ်သူခိုးမှ ခိုးပါတယ်လို့ ဘယ်တော့မှ ဝန်မခံတတ်ဘူး

ဟာဗျာ သေသေချာချာ မသိပဲနဲ့ လူကို မစွပ်စွဲပါနဲ့ဗျာ

စွပ်စွဲတယ်ဆိုတာလည်း
မင်းမှလွှဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး မေမေ အထားမှားတာလဲမဟုတ်ဘူး x
မိတ်ဆွေတစ်ယောက်ရဲ့ ဧည့်ခံပွဲကို သွားဖို့ ထုတ်ထားပြီး မှန်တင်ခုံမှာ
တင်ထားတာ လက်စွပ်ကတော့ ခြေထောက်ပေါက်ပြီး သူ့ဟာသူမသွားနိုင်ပါဘူး

မသွားနိုင်တိုင်း ကျွန်တော်က ခိုးရတော့မှာလား

နင်ဝန်ခံလိုက်ပါတော့ဟာ
မေမေခွင့်လွှတ်မှာပါ

ဟာ ဘာလို့ ဝန်ခံရမှာလည်း ကျွန်တော်မှ မခိုးတာ

ထွက်သွား ထွက်သွားတော့ လမင်း မေမေ မင်းကို မမြင်ချင်တော့ဘူး x မင်းဟာ ဘာမှ
အသုံးမကျတဲ့အပြင် ငါ့အိမ်ကို ဂြိုလ်ဆိုးတွေပဲ လာလာမွှေနေတဲ့ကောင် x
မင်းဒီအိမ်မှာ မရှိတော့ရင် ကောင်းမယ် မင်းမှာ ကိုယ်ပိုင်အရည်ချင်းနဲ့
ရပ်တည်နိုင်တာပဲ x နင်ရှိနေသေးသ၍တော့ ဘယ်တော့မှ ငါ့အိမ်မှာ
ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး x သွားပါတော့ ငါ့ကို ဒုက္ခတွေ
ထပ်မပေးပါနဲ့တော့

ဒုက္ခပေးတယ် ဟုတ်လား မေမေ ဟာဗျာ ဒီကိစ္စလေးနဲ့ကို
အိမ်ပေါ်ကထွက်သွားတဲ့ မေမေရယ် မေမေဘာမှ မစဉ်းစားတော့ဘူးလားဗျာ

ရပါတယ်လေ သားထွက်သွားမှ မေမေ စိတ်ချမ်းသာမယ်ဆိုရင်လည်း သားထွက်သွားပေးပါ့မယ် မေမေရယ်
ဒါပေမဲ့ သားမသွားခင် မေမေ့ကိုတော့ သား ကန်တော့ခဲ့ပါးရစေ မေမေရယ် မျက်ရည်တစ်စက် ကျွန်တော့်
ပါးပြင်ပေါ်မှာ ပေါက်ခနဲ ကျလာတယ်
ဒါပေမဲပ ကျွန်တော် မသုတ်ပါဘူး

ကျွန်တော် ထိုင်ချပြီး မေမေ့ကို ဉ်ီးသုံးကြိမ်ချလိုက်ပါတယ်

ကာယကံ ဝစီကံ မနှောကံနဲ့ ပြစ်မှားခဲ့သည်ရှိလျှင် သားကိုခွင့်လွှတ်ပါမေမ
မေမေသားကို မောင်နှမတွေကြားမှာ မချစ်ခဲ့ဘူးဆိုတာလဲ သားနားလည်ပါတယ် x သားက မေမေတို့ကို
စိတ်ဒုက္ခတွေ ပေးခဲ့တာကိုး မေမေရယ်
ဒါပေမဲ့ သားမိုက်ကို မေမေအပြစ်မယူပဲ ခွင့်လွှတ်စေချင်ပါတယ်ဗျာ x မေမေ စိတ်ချမ်းသာဖို့အတွက် သားထွက်သွားပေးမှာပါ
သားရှိနေလို့
မငြိမ်းချမ်းတဲ့ ဒီအိမ်ကို သားဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ပါဘူုးလို့ သားကတိပေးပါတယ် မျက်ရည်ကလည်းဗျာ
ယောက်ကျားလေးတန်မဲ့
တစ်ပေါက်ပေါက် စီးကျနေတယ်

စိုင်းညီ မတ်သတ် ထရပ်လိုက်တယ် ပြီးတော့ အိမ်သားအားလုံးကို ဝေ့ကြည့်လိုက်ပြီး

သားဘာပစ္စည်းမှ မယူပဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဆင်းသွားမှာပါ သားပြောချင်တာတစ်ခုတော့ရှိတယ်မေမေ
သား ငါးပါးသီလကို ငါးပါးစလုံးမလုံပေမဲ့ သူတစ်ပါးပစ္စည်းခိုးခြင်း x လိမ်ညာပြောဆိုခြင်း x သူတစ်ပါး မယားအပေါ် ပြစ်မှားခြင်းဆိုတဲ့
ကံသုံးပါးကိုတော့
ကျွန်တော် ဘယ်တော့မှ မပြစ်မှားခဲ့ပါဘူးဆိုတာပဲ မေမ x သားသွားပါတော့မယ်

ကျွန်တော် ရင်နာနာနဲ့အိမ်ကနေ ထွက်လာခဲ့ပါတယ်
ထင်ရက်လိုက်ကြတာပါဗျာ ကျွန်တော်ဟာ သွေးသားတစ်ယောက်ပါ မေမေရယ် x
ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့ မေမေတောင် သားအပေါ်မယုံကြည်နိုင်တဲ့အပြင်
အိမ်ပေါ်ကတောင် နှင်ချခံလိုက်ရတယ်ဆိုတဲ့ အဖြစ်ဟာ သားရင်မှာ
ဘယ်လောက်စားရမှာလဲဗျာ
သားအရမ်းခံစားရတယ် မေမေရယ် ဖြစ်နိုင်လျှင် အခိုးအငွေ့ဖြစ်ပြီး လောကကြီးထဲကိုချက်ချင်း ပျောက်ကွယ်သွားချင်တယ်ဗျာ

……………………………………………………………………………………………………………………………………………………………………………..
နေစရာ မရှိတော့ ပေမို့ ကျွန်တော့်
သူငယ်ချင်း အိမ်မှာ လိုက်နေခဲ့ရတယ်
ဆင်းရဲပေမဲ့ စိတ်သဘောထားပြည့်ဝတဲ့ မိသားစုနဲ့နေရတဲ့အတွက် ပျော်စရာတော့
အကောင်းသား သူငယ်ချင်းကလည်း တစ်ဦးတည်းသော သားမို့ ဘာရှော့မှ မရှိဘူးလေ
ကျွန်တော့်ကိုလည်း သူ့မိဘတွေက သားအရင်း တစ်ယောက်လို ချစ်ခဲ့ပါတယ်

ဘာလိုလိုနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ဟာ ကုန်ဆုံးသွားတာမြန်လိုက်တာနော် ကျွန်တော် သူငယ်ချင်း အိမ်မှာ ရောက်နေတာ တစ်နှစ်ရှိပါပြီ တစ်နေ့ ကျွန်တော်
နဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်သား အိမ်ပြန်မိုးချုပ်ခဲ့တယ် မိုးကလည်း
သည်းသည်းမည်းမည်း ရွာလိုက်တာ ဘာမှကို သည်းသည်းကွဲကွဲတောင်
မမြင်ချင်တော့ဘူး လမ်းကွေ့တစ်နေရာ အရောက်မှာတော့ ယောက်ကျားလေး သုံးယောက်နဲ့
မိန်းကလေးတစ်ယောက် ရုံးရင်းဆန်ခတ်ဖြစ်နေတာ တွေ့လိုက်ရတယ် စိုင်းညီတို့
နှစ်ယောက် အဲ့ဒီနေရာနားမှာ ပြေးသွားတော့

ဟာ ………. မမ

ကျွန်တော့် ရဲ့အစ်မ ကြယ်သခင် ကျွန်တော် ဒေါသ အရမ်းထွက်သွားတယ်ဗျာ

ဟေ့ကောင်တွေ ငါ့အစ်မကို လွှတ်လိုက်စမ်း

နှမထိ ဓါးကြည့်
ဆိုသလို
ကျွန်တော် စိတ်မထိန်းနိုင်တော့ ဘူး ပြေးဝင်သွားလိုက်ပြီး
အစ်မကို လက်ဆွဲထားတဲ့ ကောင်ကို ထိုးပစ်လိုက်တယ်

ခွပ်……

ဟေ့ကောင်တွေ ချစမ်း

သူတို့ဘက်မှ
တစ်ယောက်အော်သံ
ကျွန်တော့် သူငယ်ချင်းလည်း မနေသာတော့ပဲ ဝင်ပါလိုက်ရပြီ နှစ်ယောက်နဲ့
သုံးယောက်
အင်အားမျှပေမဲ့ သွေးအရမ်းဆူနေတာမို့ သူတစ်ပြန် ကိုယ်တစ်ပြန် ပြန်ဆော်နိုင်ခဲ့တယ်

ခွပ် …………ခွပ်

အား လုပ်ကြပါဦးရှင် ဒီမှာ ရန်ဖြစ်နေကြလို့ပါ ကယ်ကြပါဦးရှင

် မမရဲ့ အော်သံက မိုးသည်းနေတဲ့ အသံကို
မထိုးဖောက်နိုင်ခဲ့ဘူး ကျွန်တော် အကောင်တစ်ကောင်ကို ဆွဲထိုးနေခိုက်

ဒုတ်…….. အားးးးးးးးးးးးးး

ကျွန်တော့် ခေါင်းမှာ နာကျဉ်သွားပြီး နီရဲနေသောသွေးတွေ ဖြာခနဲစီးကြလာတယ်
ဟိုကောင်တွေ မရှိတော့ဘူး လစ်ပြေးကုန်ပြီ

မောင်လေး နင်ဘာဖြစ်သွားသေးလည်း မမ စိုးရိမ်လိုက်တာဟယ်

မမ ကျွန်တော့်နားကို
ပြေးလာပြီး လာမေးလိုက်တယ်

ဘာမှ မဖြစ်ပါဘူး မမရာ

ဘာမဖြစ်တာလည်း သွေးတွေ ကျလာပြီ နင့်ခေါင်းမှာ လာဟာ ကားထဲသွားမယ် ငါ့နင့်ကို ကြည့်ပေးမယ်ဟာ

ရပါတယ် မမရာ နင်က ဘယ်လိုလုပ်ပြီး ဒီမှာ ရောက်နေတာလဲ

ငါ့ကား ပျက်သွားလို့ဟ သူတို့က ပြင်ပေးမယ်လို့ ပြောပြီး ပြင်ပေးမလိုလိုနဲ့ မကောင်းကြံတာ

ဒါပဲလေ မိန်းကလေး တစ်ယောက်တည်းဆိုတော့

နင်က ဒီလောက်မိုးချုပ်နေတာ ဘယ်သွားဦးမှာလည်း

အိမ်ပြန်မှာ ဂျုတီက နောက်ကျနေလို့လေ

ဒါဆိုပြန်တော့လေ မိုးချုပ်နေပြီ

ငါက ဘယ်လိုပြန်မှာလည်း ကားပျက်နေတယ်လေဟာ

ဪ ဟုတ်သားပဲ x ဟိတ်ကောင် သူငယ်ချင်း မမကားကို ကြည့်ပေးလိုက်ဦးကွာ

မင်းတို့ စကားပြောနေတုန်း ငါပြင်ပြီးသွားပါင်္ပြီ ဘာမှ သိပ်မဖြစ်ပါဘူး
ကားက

ပြန်လို့ ရပါပြီ

ကျေးဇူးနော် ဒါဆိုရင် ပြန်လိုက်တော့မယ်

မောင်လေး နင် ဆေးခန်းသွားပြလိုက်ဦးနော် နင့်မှာ ငွေရှိလား

အေးပါဟာ ရှိပါတယ်

ငါသွားပြလိုက်ပါ့မယ် ဪ ဒါနဲ့ မေမေနေကောင်းလား

ကောင်းတယ် အားလုံးနေကောင်းပါတယ် တစ်ခါတလေ မေမေက နင့်အကြောင်းကိုတောင် ပြောနေသေးတယ်

ဪ ဟုတ်လာ

း ကျွန်တော် ဒီလောက်ပဲ
မေးနိုင်ခဲ့တယ်

ပြန်တော့လေ မိုးချုပ်နေပြီ

ဒါနဲ့ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့နော်

အေးပါ ကိုယ့်အစ်မ သိက္ခာကျမဲ့ အရေးကို ငါက ပြောပါ့မလားဟ

ကောင်းပါပြီ ကျေးဇူးပဲ မောင်လေး

ငါပြန်တော့မယ်

ဟုတ်

လမင်းဟေ့ကောင်

ကျွန်တော် လဲကျသွားပါပြီ
သူငယ်ချင်းကျွန်တော့်ကို လာပွေ့လိုက်တာပဲ
သိတော့တယ် ကျန်တာ ကျွန်တော်ဘာမှ မသိတော့ဘူး
ကျွန်တော် သတိရလာတော့ ဆေးရုံကို ရောက်နေတာတဲ့ သူငယ်ချင်းကတော့ ဘေးနားမှာ
စိတ်ပူစွာနဲ့ ထိုင်နေဟန်ကို ကျွန်တော် တွေ့လိုက်တယ်
အားးးးးးးးးးးးး ခေါင်းက အရမ်းကိုက်လာပြီ အလင်းရောင် တစ်ဖြည်းဖြည်းပျောက်သွားပြီး
အမှောင်ထုကြီး စိုင်းညီကို ဖုံးလွှမ်းလိုက်ပြီ

…………………………
…………………………
……………………………………………………………………………………………………………………………

ဒေါ်ခင်နှင်းဆီ ရှိပါသလား

အန်တီပဲ ဒေါ်ခင်နှင်းဆီ ဆိုတာ ဘာကိစ္စရှိလဲကွဲ့

ကျွန်တော်က
လမင်းလေး သူငယ်ချင်းပါ သူနဲ့ အတူတူနေပါတယ်

ကိစ္စကတော့ လမင်းလေး အခု ဆေးရုံမှာပါ သူအသည်းအသန်ဖြစ်နေတယ်

ဘယ်လို

သူ့ရဲ့နောက်ဆုံးချိန်ကို
ရောက်နေပါပြီ အန်တီ

ဟင် ဘယ်လိုဖြစ်တာလဲ

သူ့ဦးနှောက်ထဲမှာ အကြိတ်ရှိနေတာ ကြာပါပြီ
ဘယ်သူမှ မသိပါဘူး x သူကိုယ်တိုင်တောင် မသိခဲ့ရှာဘူး အန်တီရာ အခု သူ
ဒီဝေဒနာဆိုးကြီးကို အရမ်းခံစားနေရပါတယ်ဗျာ ဆရာဝန်ကြီးကပြောတယ်
အချိန်လွန်သွားပြီတဲ့ ကုလို့မရတော့ဘူးတဲ့ အရမ်းသနားစရာကောင်းတာပဲဗျာ x
သူငယ်ငယ်ကတည်းက ခေါင်းကိုက်တတ်တဲ့ အကျင့်ရှိတာ အန်တီတို့ သိမှာပါ x ဒါပေမဲ့
ဘယ်သူမှ သိပ်ဂဂုမစိုက်ကြဘူး သူကိုယ်တိုင်လည်း သူ့ကြောင့်
အန်တီတို့ အလုပ်ပိုနေမှာစိုးလို့ ဝေဒနာကို ကြိတ်မှိတ်ခံခဲ့တယ် x သူဆယ်တန်းမအောင်တာလဲ ဒီခေါင်းကိုက်တတ်တဲ့ အကျင့်ရှိလို့ပဲ ဒါပေမဲ့
သူမဖြေရှင်းခဲ့ဘူး
ဦးသေသွားတာ သူ့ပယောဂ မကင်းပေမဲ့ သူ့ကြောင့်ချဉ်းတော့ မဟုတ်ပါဘူး x လူဆိုတာ သေနေ့စေ့ရင် သေကြရမှာပဲလေ

သူဖြစ်နေတာ အန်တီတို့ တစ်ကယ်မသိဘူး

ဘယ်သိမှာလဲဗျာ သူကမှ
ထုတ်မပြောတာ သူက ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး သူကပဲ ပေးဆပ်ချင်တာပါ
စိတ်ရင်းအလွန်ကောင်းတဲ့ လူပါဗျာ
လက်စွပ်ကိစ္စမှာလည်း သူခိုးခဲ့တာ မဟုတ်ဘူး

အန်တီ သိပါပြီကွယ်
အန်တီ့ လက်ဆွဲအိပ်ထဲမှာ အန်တီ ပြန်တွေ့တာပါ အန်တီ မစူးစမ်း မဆင်ခြင်ပဲ သူ့ကို မောင်းထုတ်လိုက်တာ အန်တီ အရမ်းမှားပါတယ်ကွယ်

ဒါတင်ဘယ်ကမှာလဲ သူ့အစ်ကို ရှေ့နေကြီးကို မကျေနပ်တဲ့လူတွေ ဝိုင်းရိုက်တုန်းကလည်း သူဝင်ကယ်ခဲ့တာ သူ့အစ်ကို သွေးထွက်လွန်းလို့ သွေးလိုအပ်တုန်း
သွေးလှူခဲ့တာလဲ သူပဲx ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပါနဲ့လို့ သူအသန်သန် တားနေတဲ့ကြားက ကျွန်တော် မခံစားနိုင်တော့လွန်းလို့ လာပြောတာပါ x
အန်တီတို့ သူ့ကို မုန်းသလို သူပြန်မမုန်းခဲ့ပါဘူး x အိမ်ပြန်မိုးချုပ်တဲ့ မမကြယ်သခင်
ကို် လူရမ်းကားတွေ နှောက်ယှက်လို့ ဝင်ကယ်ခဲ့တာ သူခေါင်းမှာ
ကျောက်ခဲနဲ့ အထုခံလိုက်ရတယ်ဗျာ ဒီလောက်ထိ ဖြစ်နေတာတောင် ကိုယ့်အနာကို မမှုပဲ သူ့အစ်မအတွက်သာ ဆေးရုံရောက်တဲ့အထိ စိတ်ပူနေခဲ့တာဗျ
ဒီလောက် မိသားစုအပေါ်အနွံတာခံခဲ့တဲ့ သူ့ကို လူမိုက်လို့ သတ်မှတ်ခဲ့တယ် အခု ကျွန်တော့် သူငယ်ချင်းလေး သေကောင်ပေါင်းလဲ ဖြစ်နေပြီဗျာ

အခုကော သား သားလေး ဘယ်မှာလဲဟင်

ဆေးရုံမှာပါ သူ့ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ

အန်တီ သားဆီကို သွားချင်းတယ် အန်တီ့ကို လိုက်ပို့ပေးပါနော်

ဟုတ်ကဲ့ ဒေါ်ခင်နှင်းဆီအသံတွေတောင် တုန်နေပြီ မျက်ရည်တွေကလည်း ပိုးပိုးပေါက်ပေါက်ကျလို့
တစ်မိသားစုလုံးကိုခေါ်ပြီး စိတ်ပူပန်စွာနဲ့ လိုက်လာခဲ့ကြပါတယ်

ကျွန်တော် အလင်းရောင်လေးကို ပြန်ရှာတွေ့ပြီ မျက်လုံးလေးဖွင့်ကြည့်တော့ မေမေ x
မေမေ့မျက်ဝန်းမှာ မျက်ရည်တွေ စိုလို့ ပြီးတော့ ကိုကြီး နဲ့ မမ
ညီမလေးနဲ့ ညီလေး သူတို့မျက်ဝန်းတွေ ရီဝေနေကြတယ် တစ်ခုခုကို ခံစားနေကြရသလိုပဲ ဘေးနားမှာ သူငယ်ချင်းကလည်း မျက်နှာကြီး ပျက်နေလို့ ဒီကို
ဘယ်လိုလုပ် လူစုံရောက်နေတာလဲ

အားးးးးးးးး ခေါင်းက အရမ်းကိုက်လာပါလား

ကျွန်တော်
မေမေ့ကို ပြုံးပြလိုက်တော့ မေမေက ငိုချလိုက်ပါတော့တယ်

မေမေ နေကောင်းတယ်နော်

ကောင်းပါတယ် သားရယ် သားလေးကော နေသာရဲ့လား

သားခေါင်းတွေ အရမ်းကိုက်နေတာပဲ မေမေ သားမခံစားနိုင်တော့ဘူး မေမေရယ် x မေမေ သားကတိ
တည်တယ်နော် သားအိမ်ကို လုံးဝ ပြန်မလားဘူး

သားမျက်နှာကို လာမပြဘူးနော် မေမေ

သားရယ် မေမေ အရမ်းမှားခဲ့ပါတယ် သားသူတော်ကောင်းကြီးကို မေမေ လူမိုက် သူခိုးလို့ စွတ်စွဲခဲ့မိတယ် သားရယ်
သားဝေဒနာတွေ ခံစားနေရတာကို မသိတဲ့အပြင် မေမေရက်စက်ခဲ့တယ် သားရယ်
မေမေ့ကို ခွင့်လွှတ်ပါ ခွင့်လွှတ်ပါသားရယ်

မေမေရယ် သားသမီးက မိဘအပေါ်မှာ အပြစ်ယူလို့
မရပါဘူး ယူလည်းမယူပါဘူး ခွင့်လွှတ်ရအောင် မေမေအမှားလုပ်ခဲ့တာမှ မဟုတ်တာဗျာ
ကျွန်တော့်အသံတွေ အရမ်းဖျော့နေတယ်ဗျာ အားအင်ကုန်ခမ်းသွားသလို
ဒီလောက်လေးပြောဖို့ကို အရမ်းအားယူနေရတယ်ဗျာ

ညီလေးရေ ညီလေးဟာ အစ်ကို့ကို လူမိုက်တွေကြားထဲကယ်ခဲ့တဲ့အပြင်
အစ်ကို့ကိုသွေးလှူခဲ့တဲ့ အလှူရှင်ပါကွာ
အစ်ကို့အသက်ကို ကယ်ခဲ့တာပါ အစ်ကို အရမ်းမှားခဲ့ပါတယ် အစ်ကို့ကိုခွင့်လွှတ်ပါကွာ

ညီအစ်ကိုတွေပဲ အစ်ကိုရယ် ခွင့်လွှတ်ပါတယ်ဗျာ

မမ မမကိုကော ခွင့်လွှတ်လားဟင် ကျွန်တော် မမကို ဖွဖွလေးပြုံးပြလိုက်တယ်

ခွင့်လွှတ်တာပေါ့ မမရာ
ညီလေးနဲ့ ညီမလေး စာကြိုးစားနော် ပညာတတ်ကြီးဖြစ်အောင်လုပ် မေမေ့ကို
ကောင်းကောင်းမွန်မွန်ပြုစု စောင့်လျှောက်နော်
ကြားလား

ဟုတ်ကဲ့ပါ ကိုကိုရယ် အဟင့် ဟင့် ညီမလေးနဲ့ ညီလေးကတော့ ဝမ်းနည်းလွန်းလို့ထင်ပါရဲ့ဗျာ ငိုချလိုက်ပြီ

မေမေရယ် သားဝမ်းနည်းခဲ့ရတဲ့ ကာလပတ်လုံး င်္ဒိနေ့ ဒီအချိန်မှာပဲ ပျောက်ဆုံးကုန်ပြီ
မေမေရယ်

သားအရမ်းပျော်ရွှင်ပါတယ်ဗျာ
သား ….. သား အရမ်းမောနေပြီမေမေ
အားးးးးးးး ခေါင်းလည်းအရမ်းကိုက်တယ်မေမေ သားအိပ်တော့မယ်နော်

သားအိပ်ပြီးရင် ပြန်နိုးချင်တယ် မေမေရယ်
ပြန်မနိုးမှာကို သားအရမ်းကြောက်တယ်
ဒါပေမဲ့ သားမခံနိုင်တော့ဘူး သားအိပ်တော့မယ်နော် မေမေ ကျွန်တော်
မဟန်နိုင်တော့ဘူးဗျာ မျက်လုံးက ဘယ်လိုမှ ဖွင့်ဖို့အင်အားမရှိတော့ဘူး

အဟင့် ဟင့်
ဟင့် ဟင့်
ဟာကွာ ညီလေးရာ
သူငယ်ချင်းရာ
ဒီလိုမပြောပါနဲ့

အမှောင်ထုကြီးက ကျွန်တော့်ကို ကြီးစိုးလာပြန်ပြီ ကျွန်တော် ပြန်မနိုးတော့မှာကို သိနေတယ်
သားမေမေ့ကို ကျေးဇူးဆပ်ခွင့် မရနိုင်တော့ဘူးထင်တယ် မေမေရယ်
စိတ်ထဲကနေပဲ ဦးချကန်တော့လိုက်ပါတော့တယ် မေမေ
နောင်ဘဝဆိုတာ
အမှန်တစ်ကယ်ရှိခဲ့သောဝ် မေမေ့ရဲ့ ချစ်သားပြန်ဖြစ်ရပါလို၏။

စိုင်းညီ ရေးဖွဲ့ထားသော ဝတ္တုတိုလေး တစ်ပုဒ်ပါ။ ဝေဖန်ပေးကြပါအုန်း။