North &East Point တွင် ကလေးသင်္ကြန် အက ပြိုင်ပွဲ ကျင်းပမည်

littlekaungMarch 31, 20101min731

North Point Shopping Centre နှင့် East Point Shopping Centre တို့တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ကလေးများ သီးသန့် သင်္ကြန် အက ပြိုင်ပွဲ ကျင်းပရန် စီစဉ် လျက်ရှိသည်။ အစီအစဉ် အရ အသက် လေးနှစ်မှ ခြောက် နှစ် အတွင်းရှိ ယောက်ျားလေး၊ မိန်းကလေးများ သည် တစ်ဦး မ ှငါးဦး အထိ အုပ်စုဖွဲ့၍ ကြိုက်နှစ်သက်ရာ ရိုးရာ သင်္ကြန် တေးတစ်ပုဒ် စီဖြင့် ဧပြီ ၅ ရက်နှင့် ၆ ရက် တို့တွင် East Point Shopping Centre ၌လည်းကောင်း၊ အသက်ခုနစ် နှစ်မှ ၁၂ နှစ်အတွင်းရှိ ယောက်ျား ကလေးနှင့် မိန်းကလေး များ သည် တစ်ဦးမှ သုံးဦးအ ထိ အဖွဲ့ဖွဲ့၍ ဧပြီ ရ ရက်နှင့် ၈ ရက်တို့တွင် North Point Shopping Centre ၌လည်း ကောင်း ကြိုက်နှစ်သက်ရာ ရိုးရာသင်္ကြန် သီချင်း တစ်ပုဒ်ဖြင့် ယှဉ်ပြိုင် ကပြ ကြရမည်ဖြစ်သည်။

ref;မြန်မာပို့စ်

One comment

  • doekalay

    September 16, 2010 at 4:44 am

    ကလေးတွေအတွက် လုပ်ပေးတာကောင်းသလို East & North Pointအတွက် လည်းရောင်းအားတက်လာလိမ့်မယ်လို့ထင်ပါတယ်။

Leave a Reply