ကျွန်မဖတ်ဖို့ (၁၈)

Yin Nyine NwaySeptember 24, 20101min934

(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။

(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။

(၆) ကိုယ့်ကိုယ် “သေးသေးလေး”(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ “လောက အကြီးကြီး”ကို ထည့်သွင်းထားပါ။

(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်ကဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။

(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။

(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။

(၁၂) သင့်မှာ ပရိသတ်တွေ အဲဒီလောက်မများဘူး။ သိပ် အပင်ပန်းမခံနဲ့။

(၁၃) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။

(၁၄) တခြားလူပြောတဲ့စကားကို ဦးနှောက်ထဲမှတ်ပါ။ ကိုယ့်ကိုယ်ကိုတော့ စိတ်ထဲမှာမှတ်ပါ။

(၁၅) လောကကြီးမှာ အတန်းအစားရှိတယ်။ မတရားမှုတွေလည်း များတယ်။ မညည်းညူပါနဲ့။

(၁၆) သင်ကိုယ်သင်တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။

(၁၇) ငွေကြေးနဲ့ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။

(၁၈) “ချစ်တယ်” ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။ “ဆောရီး”ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(၁၉) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။

(၂ဝ) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။

(၂၁) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

(၂၂) ကံကြမ္မာက ကိုယ့်အပေါ် အကြွေးတင်နေတာမဟုတ်ဘူး။ တကယ်တော့ ကိုယ့်ကြိုးစားမှု မလုံလောက်သေးတာ။

(၂၃) ကြိုးစားပါ။ နည်းနည်းထပ်ကြိုးစားပါ… ထပ်ထပ်ပြီးကြိုးစားပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လိမ့်မယ်။

(၂၄) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။

(၂၅) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ “ငါ ကြိုးစားကြည့်ပြီးပြီးလား” လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။

ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့….
တကယ်ဆို ကျွန်မ မရင့်ကျက်သေးဘူး။ ဒီပို့စ်ကို ရေးနေတုန်း ဂျီတော့ကိုဖွင့်ထားမိတယ်။ အဲဒီမှာ ကောင်မလေးတစ်ယောက် လာနှုတ်ဆက်တယ်။ ကျွန်မပြန်နှုတ်ဆက်ပါတယ်။ ဒါကို သူက မမြင်ဘဲ.. ဘာဖြစ်တယ် ညာဖြစ်တယ်..ကိုယ့်ကိုယ်သိပ်အထင်မကြီးနဲ့.. မချက်ရလို့ လဲသေတဲ့အထဲ ငါမပါဘူးတို့ ပြောသွားတယ်။ ကျွန်မ တကယ်စိတ်မကောင်းဘူး.. လဲသေရင်လည်း မတန်ပါဘူးလို့ ပြန်ပြောမိတယ်။ တကယ်ဆို စာရေးနေရင်း ကျွန်မ ဂျီတော့ဖွင့်မထားသင့်ဘူး။ ဂျီတော့ထဲ ကျွန်မဝင်ခဲပါတယ်။ ဝင်တိုင်း လာပြောတဲ့လူကို တတ်နိုင်သလောက် ပြန်ပြောပါတယ်။ ပြန်ဖြေတာ နောက်ကျတာနဲ့ စောတာပဲကွာတယ်။ ဒီလိုနဲ့ပဲ…. “ကျွန်မဖတ်ဖို့”တွေ ရှာဖွေပြီး ဘာသာပြန်ရေးမိပြန်တယ်။

4 comments

  • Gong Zhu

    September 24, 2010 at 6:50 pm

    (၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။ . . . ဒီလိုမျိုး သူငယ်ချင်းတွေသိပ်ရှားသွားပြီနော် . . . သာပေါင်း ညာစားတွေပေါတယ် . . .

  • zawana

    September 24, 2010 at 9:01 pm

    နိုင်းနိုင်း စနေ ရဲ့ ဘလော့က စာတွေပါခင်ဗျာ။ မူရင်း ရေးသားသူရဲ့ ကြိုးစား အားထုတ်မှုကိ်ု အသိအမှတ် ပြုသင့်တယ်လို့ ထင်ပါတယ်။

  • thethtet87

    September 25, 2010 at 8:29 am

    ဖတ်လို့ကောင်းပါတယ်။တကယ်ကြိုးစားနိုင်မယ်ဆိုရင်ပေါ့။လမ်းကြောင်းတွေကို
    သိပြီးတော့ဆုံးခန်းတိုင်အောင်ကြိုးစားနိုင်တဲ့လူရယ်လို့တော့လောကကြီးမှာရှား
    လိမ့်မယ်ထင်ပါတယ်။

Leave a Reply