အားကျလို့ပါ။

ရွှေ မင်း သားSeptember 25, 20101min691

ကျနော်ဒီ နေရာ လေးကို နှစ်သက်နေပါပြီ။ ကျနော်က အရင်ကတည်းက စာဖတ်နည်းသူ တစ်ယောက်ပါ။ ဒီနေရာ လေးရောက်မှဘဲ post တွေ comments တွေ အသဲ အသန် လိုက်ဖတ်ဖြစ်ပါတယ်။ စာ လဲ မရေးတတ်ရေးတတ်နဲ့ ရေးပါသေးတယ်။ ဒီနေရာ လေးက ကျနော်ကို ပျော်ရွှင်စေပါတယ်။ ကျနော်ကတော့  စာဖတ် အားသန်တဲ့သူမဟုတ်ပါဘူး။ စာဖတ်လိုက် comments လေးပေးလိုက်နဲ့ ကျနော် ကျေနပ်နေပါတယ်။ ဒီနေရာလေးက ကျနော်အတွတ် ပေါ့ပေါ့ပါးပါး ရှိတယ်။ ကျနော် ဒီနေရာလေးကို စရောက်လာတာက ကျနော်မှ ရည်ရွယ်ချက်ရှိတယ်။ ကျနော်က စကားနည်းသူတစ်ယောက် မြန်မာစကားကို  မြန်မာတွေနားမလည်အောင် မြန်မာလိုပြောတတ်တဲ့သူပါ။ ဒါကြောင့် ကျနော် ကိုယ့်ကိုကိုပြင်ဖို့ ကျနော် စဉ်းစားတယ်။ စာဖတ်မယ်ပေါ့။ ဒါလဲ သိပ်အဆင်မပြေဘူးဗျ ။ ကျနော်က စာဖတ်က ပျင်းတယ်လေ။ ဖတ်လိုက် အိပ်လိုက်ဘဲ။ ဒါနဲ့ အခု ဒီဆိုဒ်ရောက်တော့ စာဖတ်လိုက် comment ပေးလိုက် ဆိုတော့ သိပ်မပျင်းဘူးပေါ့။ နောက်ပြီး ပွိုင့် တိုးပေးတယ် ပျော်တာပေါ့။ ကိုယ် လုပ်တာ လေးအသိအမှတ်ပြုပေးတာဆိုတော့ ကျနော်ပျော်တာပေါ့ ပိုပြီး ဒီဆိုဒ်ကို ဝင်ဖြစ်နေတာပေါ့။ စကားပြော ကောင်းချင်သည်။ ဆက်ဆံရေးပြေပြစ်ချင်သည်။ ဒါကြောင့် ကျနော် ဒီ ဆိုဒ်မှာ ပျော်ပျော်ပါးပါး စာတွေဖတ်လိုက် comments တွေပေးလိုက် လုပ်နေတာပါ။ တခါတခါ စာ ကို့ရို့ကားယားစာတွေ ရှောက်ရေးလိုက်သေးတယ် ။ အခုလိုပေါ့။ စာ ရေးရတာလဲ ကျနော် သဘောက ျလာတယ်။ ဘာကိုသဘောကျလဲ ဆိုတော့ စာရေး နေချိန်မှာ အာရုံမပျံဘူးဗျ။ ဘာမှမလုပ်ဘဲ ထိုင်နေရင် အတွေးတွေက ဟိုရောက်လိုက်ဒီရောက်လိုုက်နဲ့ စာရေးနေတော့ အတွေးမပျံဘူးပေါ့။ စာရေးဆရာ တော်တော် များများသည် စကားပြော ကောင်းကြသည်။ ဆက်ဆံရေး ကောင်းကြသည်။ ထို့ကြောင့် ကျနော်လဲ သူတို့ကိုအားကျလို့ စာတွေ လိုက်ပြီးတော့ ရှောက်ရေးကြည့်နေတာပါ။ စာရေးတာ မှားတာရှိရင် ခွင့်လွှတ်ကြပါ။ လမ်းကြောင်းအမှန်ကို ညွှန်ပြပေးပါလို့ ပြောချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

One comment

  • Gong Zhu

    September 25, 2010 at 6:02 pm

    တရုတ်ကား ရွှေမင်းသမီးလေး ကား ထဲမှာ ဟွမ်ကျူးကောကော သိတယ်မလား . . . သူလည်း တရုတ်စကား ကို တရုတ် နားမလည်အောင် ပြောတတ်ပါသေးတယ် . . . 😛 နာမည်ကို က ကျန်စစ်သားလေ . . . ခေတ်စကားတွေ မသိတာ မဆန်းပါဘူးနော် . . . 😛
    ရိုးရိုးလေးနောက်လိုက်တာ . . . စိတ်ဆိုးရဘူးနော် . . .

Leave a Reply