ကမ္ဘာ့ရုပ်အဆိုးဆုံး သတ္တဝါများ

smytu1996September 25, 20102min430

Welcome .gif

ကြမ်းပိုးတစ်ကောင်၏ အနီးကပ်မျက်နှာ
bug.jpg

သင့်ရဲ့ မျက်နှာကို တစ်စုံတစ်ယောက်က အနီးကပ်ပြီး မိုက်ကရိုစကုပ်နဲ့ ကြည့်မယ်ဆိုရင် သင်နှစ်သက်လိမ့်မယ် မဟုတ်ပါဘူး ။

Dobsonfly ဆိုတာကတော့ Khing bug လို့လည်း ခေါ်ပါတယ် ။ Corydalinae subfamily
အင်းဆက်အမျိုးစားဖြစ်ပြီး သူတို့ကို Oklahoma Microscopy အဖွဲ့အစည်းကနေ
ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး အင်းဆက်ပြပွဲကြီးမှာ တင်သွင်းခံရပါတယ် ။ ဒီပုံဟာ
ပြိုင်ပွဲအတွင်းမှာ ပြထားတဲ့ပုံဖြစ်ပြီး Scanning Electron Microscope
ကိုအသုံးပြုပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ အဲဒီမိုက်ကရိုစကုပ်က

ဒီကြမ်းပိုးကို ဆယ်ဆကနေ အဆ၅၀ဝ လောက်ထိအောင် သူတို့ရဲ့ ကိုယ်ပိုင်
အရွယ်အစားကနေ ချဲ့ပေးနို်င်ပါတယ် ။ ဒါပေမယ့်လည်း ဒါဟာ တကယ့် ကြမ်းပိုး
တစ်ကောင်ပဲ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ မပြောဖြစ်တဲ့
အမှန်တရားတွေ ရှိနေပါသေးတယ် ။

FineCuisine.jpg

အကယ်၍ monkfish တစ်ကောင်ဟာ အလွန်တရာကြီးမားတဲ့ သွားတွေနဲ့ ပြည့်နေတဲ့ ပါးစပ် ၊ သီးခြားဖြစ်နေတဲ့ ခန္ဓာကိုယ် ပြားပြား ၊ လျော့ရဲပြီး ပါးလွှာတဲ့ရေပြားနဲ့ဆို ဘယ်လိုပုံစံများ
ဖြစ်နေမှာပါလိမ့် ။ ဥရောပ ဂျပန် နဲ့ ယူနိုက်တက် ပြည်နယ်တွေမှာ

လူသန်းပေါင်းများစွာဟာ ဒီလို ကြီးမား ၊ ရုပ်ဆိုး ၊ ငါးပြားပြားကြီးတွေကို
မွေးမြူလေ့ ရှိကြပါတယ် ။ ဒါပေမယ့် သင် မအိပ်ခင်မှာတော့ ငါးမျက်နှာကို
မကြည့်မိပါစေနဲ့ ။

fromthedead.jpg

သေခြင်းမှ လွတ်မြောက်လာသော

Almiqui တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပင် မျိုးသုန်းပျောက်ကွယ်ခဲ့တာ ၂၀၀၃ ခုနှစ်တိုင်အောင်ပါပဲ ။

စူးစမ်းရှာဖွေသူတွေက ကျွန်းစွယ် အရှေ့ပိုင်းတွေမှာ
ဒီကောင်တွေကို ပြန်လည်တွေ့ရှိခဲ့ပါတယ ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ ခရီးစဉ်ကို
ဘဝသစ်ဆီပြန်လာခြင်းလို့ အမည်ပေးထားပါတယ် ။ ဘာကြောင့်လဲဆို
ကမ္ဘာ့ရုပ်အဆိုးဆုံးစားရင်း ဝင်အဖြစ် မှတ်တိုင်ထူခွင့်ရတော့မှာ ဖြစ်ပါတယ် ။

Turtle.jpg

ဒီပြိုင်ပွဲကြီးမှာ Matamata လိပ်တစ်ကောင်ရဲ့ မျက်နှာပြင်ကလည်း ဦးဆောင်နေပါတယ် ။

Matamata ဆိုတာကတော့ စပိန်ကနေ ဘာသာပြန်ရမယ်ဆိုရင် I Kill, I Kill လို့ ဆိုလိုပါတယ် ။
သင်တကယ်ပဲ ကျွန်တော်တို့ မျက်လုံးတွေကို သတ်ပစ်မှာလား ။ ထူးဆန်းထွေလာ
သတ္တဝါတွေကြားမှာ သူရဲ့ကျော်ကြားမှုကတော့ ဦးခေါင်းနဲ့ လည်ပင်းဟာ
အလွန်ကြီးပြီး ပြားနေခြင်း ၊ များပြားသော အဖုအထစ်များက ဖုံးအုပ်နေခြင်း ။
ဥပမာ ကြွက်နို့ ၊ အမာရွတ်များ ။ သူကလည်း အလွန်ကျယ်ဝန်းတဲ့ ပါးစပ်ရှိပါတယ် ။
သေးငယ်တဲ့ မျက်လုံး ကတော့ ရှည်လျားတဲ့ နှာယောင် နီးမှာ တည်ရှိပါတယ် ။

ဝမ်းနည်းစရာကတော့ Matamata လိပ်မှာ ခြေလက်တွေကတော့ ဖွံ့ဖြိုးမှုအားနည်းပါတယ်။

ဒါကြောင့် မျက်နှာနဲ့ ခန္ဓာကိုယ် ပါးပါးကိုပဲ မြင်ရလေ့ရှိပါတယ် ။

Warthog.jpg

အမေသာလျှင် ချစ်နိုင်မယ့် မျက်နှာတစ်ခုပါ…