Peru မှာရှာတွေ့ခဲ့တဲ့ ထူးဆန်းတဲ့သစ်သားစားငါး

ဆူးSeptember 25, 20101min1085

ပီရူးနိုင်ငံမှ Amazonian တောနက်ထဲမှာ ဇွန်းပုံသဏ္ဍာန် သွားတွေနဲ့ သစ်သားတွေကို စားသောက်တတ်တဲ့ ထူးဆန်းတဲ့ ငါးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။

US National Science Foundation မှ သိပ္ပံပညာရှင်များက လွန်ခဲ့တဲ့လက Northeastern Peru မှ Alto Purus ဧရိယာမှာ စူးစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြပါတယ်။ သစ်ပင်က သစ်သားတွေကို ကိုက်ဖဲ့စားသောက်တဲ့ ဒီငါးဟာ ၇ဝ စင်တီမီတာ ( ၂ ပေ သုံးလက်မရှည်ပြီး) ဇွန်းပုံသဏ္ဍာန် သွားတွေပါပြီး မြစ်ထဲ မှာမျောပါလာတဲ့ သစ်တုံးတွေကို ကိုကိုက်ဖဲ့ စားသောက်ပါတယ်။ ဒေသခံလူတွေကတော့ ဒီငါးကို ဖမ်းယူပြီးစားသောက်နေခဲ့ကြတာတော့ကြာပြီဖြစ်ပြီး သူတို့ကို ရေထဲမှာ မှိန်းနဲ့ထိုးပြီး ဖမ်းယူကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ပညာရှင်တွေ လေ့လာဖို့ ဖမ်းယူခဲ့တဲ့ ပထမဆုံး ငါးအရှင်လည်း ဖြစ်ပါတယ်။ Harvard University မှ သတ္တဗေဒပညာရှင် Paulo Petry က ဒီငါးဟာ ဇီဝနည်း အရကြည့်ရင် ရှင်သန်ကြီးထွားဖို့ ခက်ခဲတဲ့ နေရာတွေမှာ ပေါက်ဖွားလာရတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီငါးအရှင်က နေ တစ်ရှူးနမူနာကိုယူပြီး လေ့လာမှုတွေဆက်လုပ်နေပါသေးတယ်လို့ ဆိုပါတယ်။” တကယ်တော့ ဒီငါးမျိုးဟာ ဖမ်းဖို့အလွန်ခက်တဲ့အကောင်တွေပါ သူတို့ကို ခင်ဗျားဖမ်းမယ်ဆိုရင်တော့ လှောင်အိမ်လို ဇကာလို မျိုးနဲ့ဖမ်းရင်ဖမ်းဒါမှမဟုတ် မှိန်းနဲ့ အသေသတ်ပြီးမှ ဖမ်းလို့ရပါမယ် သူတို့က သစ်သားတွေကိုစားတဲ့အတွက် ငါးမျှား တံနဲ့ ထောင်ဖမ်းဖို့တော့ ခင်ဗျား မစဉ်းစားပါနဲ့ ”

http://www.livinginperu.com/news/13110

5 comments

  • cobra

    September 25, 2010 at 7:17 am

    ရေသတ္တဝါတွေကအမြဲတန်းအဆန်းတွေချည်းတွေ ့နေရတယ်…။

  • Gong Zhu

    September 25, 2010 at 5:27 pm

    သစ်သားတွေစားတာ . . . တစ်မျိုးပဲနော် . . .

  • kai

    September 25, 2010 at 9:45 pm

    သစ်သားစားတဲ့ငါးပုံကို ကြည့်ရတာ သစ်သားနဲ့ထုထားတဲ့ပန်းပုနဲ့တောင်တူနေတယ်။
    သက်သတ်လွတ်ငါးပေါ့နော..

  • ဆူး

    September 26, 2010 at 3:58 am

    ငါးကိုကြည့်ရတာ စုပ်ခွက် ငါးနဲ့ တူတယ် ထင်တာဘဲ။ သေချာကြည့်တော့ မတူပါဘူး။

  • michaelaungpu

    September 26, 2010 at 2:20 pm

    ဒီငါးအရှင်က နေ တစ်ရှူးနမူနာကိုယူပြီး လေ့လာမှုတွေဆက်လုပ်နေပါသေးတယ်
    လေ့လာပါ လေ့လာပါ
    ဒို ့များက တောထည်းတောင်ထည်းမှာနေတယ်ဆိုတော့ နည်ပညာလေးများသိခဲ့မယ်ဆိုရင်သစ်သားလေးဘာလေးဝါးရတာပ
    အဲသည်အခါကြရင် ဓာတ်ဆီ၊ဒီဇယ် ဈေတက်လည်း မမှု ့တော့ဘူး ဒူးနန် ့ပြီး သစ်သားဘဲဝါးတော့မယ်

Leave a Reply