တိဘက်တွေရဲ. အသုဘ ချနည်း

CharTooLanSeptember 25, 20101min1788

တိဘက်တွေရဲ. အသုဘ ချနည်းဖြစ်ပါတယ်။ မြေမြှုပ် မီးသင်းဂြိုလ်မဲ့အတူတူ လင်းတ တွေကို အစာကျွေးလိုက်ခြင်းဟာ ပိုပြီးတော့
ကောင်းတယ်လို့ ခံယူထားသူတွေဖြစ်ပါတယ်။ လင်းတတွေကတော့ အမြဲတမ်းဘဲ တိဘက်နိုင်ငံ ရဲ့
တောင်ထိပ် တွေမှာပျံဝဲ လျှက်ရှိနေကြပါတယ်။ လူသေလောင်းကို တောင်ပေါ်ယူသွားပြီး
အခေါင်းဖွင့်ကာ ဓါးဖြင့် မွန်းပြီး လင်းတ များကို ကျွေးမွေးခြင်ဖြစ်ပါတယ်။
များသောအားဖြင့် တိဘက်များဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး နောင်ဘဝကို ယုံကြည်သူများ
ဖြစ်ကြ ပါတယ်။ ဒီအတွက်ကြောင့် ဝိဉာဉ်မရှိတော့တဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ဘာမှ
တန်ဖိုးမရှိတော့ပါဘူး။ ဒါကြောင့် အကောင်းဆုံး သဘာဝသားကောင်များကို
ကျွေမွေးခြင်းဖြစ်ပါတယ်။ နောက်ပြီး ထိုသို့ပြုလုပ်ရခြင်း

အကြောင်းအရင်းတစ်ခုကတော့ သူတို့ မြေမြှုတ်ဖို့ အတွက် ကျင်းတူးရင် မြေအောက်ခံက ကျောက်သားတွေ ဖြစ်တဲ့အလွန်ခက်ခဲ့သလို
မီးသဂြိုလ် ဖို့အတွက်ကျတော့လည်း သစ်သား က အလွန်ရှားပြီး
တန်ဖိုးကြီးတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ နောက်ဆုံး လူဟာ သေဆုံးသွားသည့်တိုင်အောင်
သူခန္ဓာနဲ့ သတ္တဝါတွေကို ကောင်းမှု့ကုသိုလ်ပြု ပြီး ကျွေးမွေးသွားတာဟာ မွန်မြတ်တယ်လို့
ခံယူချက်ရှိလို့လည်းဖြစ်ပါတယ်။

Source:…http://www.myanmarmysteriestour.co.cc/2010_01_01_archive.html.

8 comments

  • ဆူး

    September 25, 2010 at 10:17 am

    ဒါလည်း ကောင်းတာဘဲ အလေ အလွင့်မရှိဘူး။ သူတို့ အတွေးနဲ့ သူတို့တော့ ဟုတ်နေတာဘဲ။ ကိုယ်ခန္ဓာစွဲတဲ့ အတ္တတော့ လျော့သွားတာပေါ့

  • michaelaungpu

    September 25, 2010 at 1:47 pm

    လူ၊ နတ်၊ ဗြဟ္မာ သူငါမဟုတ် နာမ်နှင့်ရုပ် ဆိုလား
    ကံ၊စိတ်၊အဟာရ၊ဥတု အကြောင်းလေးပါး အထောက်အပံ့မရှိတော့တဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ဘာမှတန်ဖိုးမရှိတော့ပါဘူး။
    ဒါကြောင့် အကောင်းဆုံးက သဘာဝသားကောင်များကို ကျွေမွေးခြင်းဖြစ်ပါတယ်။
    ဟုတ်သလိုလိုပဲ
    ဒါပေမယ့် ကူးစက်ရောဂါဖြစ်လို ့ သေရင်တော့ ဒီလိုလုပ်သင့်ဝူးထင်တယ်

  • kk

    September 25, 2010 at 2:31 pm

    ဒီလိုအကြောင်းအရာကို ဆရာကြီးမင်းသိင်္ခံရဲ့ ဝတ္ထုတပုဒ်ထဲမှာ ဖတ်ဖူးတယ်
    တကယ်စဉ်းစားရင် ဒီအသုဘတခုလုံးကို ငှက်တွေစားလို့ မကုန်ခင်မှာ
    ကြည့်ရတာကြောက်စရာကြီးနေမှာ
    အသားစတွေက ဟိုတစ်စဒီတစ်စနဲ့
    သွေးတွေကလဲ ခဲပြီးရေခဲပြင်ပေါ်မှာ
    လင်းဒတွေကလဲ ပျံဝဲနေသေး
    အသုဘရှုချင်တဲ့သူတွေအတွက်တော့ဒီလိုအသုဘက
    သုသာန်မှာ ရှုုတဲ့ အသုဘကမ္မဌာန်းထက် ပိုမြန်မြန် တရားရနိုင်မလားမသိနော်..

  • kyansitthar101

    September 25, 2010 at 3:33 pm

    အင်း သူ့ အယူ အဆ နဲ့ သူပေါ့။ ကြောက်တော့ ကြောက်စရာကြီးနော် ။ အဲဒီတောင်ထိပ်တက်သွားရင် အနံကတော်တော်ဆိုးမှာ သေချာတယ်။

  • Gong Zhu

    September 25, 2010 at 4:43 pm

    ဝိဉာဉ် က နာများနာနေမလား မသိဘူးနော် . . .

  • kopauk mandalay

    September 25, 2010 at 4:53 pm

    မီး သင်္ဂြိုဟ်တဲ့ အနံ့ထက်တော့မဆိုးလောက်ဘူးထင်တယ်နော်။
    မြေကြီးဖြစ်သွားမယ့်အတူတူငှက်စားလိုက်တော့ အလကားတော့ ဖြစ်မသွားဘူးလို့ထင်ပါတယ်။
    ပြောသာပြောတာ ကိုယ်သေလို့များဒီလိုအကျွေးခံရမယ်ဆိုရင်
    သားသားကြောက်ကြောက် ………………………….

  • ဆူး

    September 26, 2010 at 4:07 am

    လူတွေ မီးသဂြိုလ်ရင် တော်တော် ညှော်တယ်လို့ ကြားဘူးတယ်။ သေရင်တော့ လှူလို့ရတာ လှူခဲ့ဖို့ စိတ်ကူးရှိတယ် ဆေးကျောင်းမှာတော့ ဆရာဝန်လောင်းတွေ စိတ်ကြိုက် လှီးဖြတ် စမ်းသပ်ဖို့လောက်တော့ သဒ္ဒါ မထက်သေးဘူး။

  • cobra

    September 29, 2010 at 8:34 am

    အားပါးးးးးးးးးးးးး
    ဆိုးရွားလိုက်တာကြောက်လိုက်တာ။

Leave a Reply