ပြုံးပြုံး ပြုံးပြုံးပြုံးနှင့် မင်း ဘယ်တော့တုန်း

manawphyulaySeptember 25, 20101min2343

ပြုံးပြုံး ပြုံးပြုံးပြုံးနှင့် မင်း ဘယ်တော့တုန်း
‘သုံး’ပျောက်လို့ ‘ငါး’ကွယ်
ခြောက်ရွာနှင့်လွှဲ
လူ့ပြည်မှာ စံမမြဲ
‘လေး’ အောက်ကဆွဲ

သတိ
ပြုံးပြုံး ပြုံးပြုံးပြုံးနှင့် မင်း ဘယ်တော့တုန်း = လောကီအာရုံကာမဂုဏ်နှင့် ပျော်မွေ့ပြီးနေကျလျှင် မိမိ ဘယ်နေ့ ကွယ်လွန်မည်ဆိုသည်မှာ မသိနိုင်ပေ။
‘သုံး’ပျောက်လို့ ‘ငါး’ကွယ် = ရတနာ သုံးပါးကိုးကွယ်ရမည်ကို သတိလက်လွတ်ပြီး အနန္တငါးပါး၏ ဂုဏ်ကျေးဇူးကို မေ့နေသည်က များပေသည်။
ခြောက်ရွာနှင့်လွှဲ    = ထို့ကြောင့် နတ်ပြည်ခြောက်ထပ်နှင့် လွဲသူက များပေသည်။
လူ့ပြည်မှာ စံမမြဲ    = လူ့ဘဝဆိုသည်မှာ မမြဲပေ။ ရေပွက်ပမာ တစ်သက်လျာတည့်
‘လေး’ အောက်ကဆွဲ    = သတိလက်လွတ်ပြီး အကုသိုလ်ကျူးလွန်မိသဖြင့် အပါယ်လေးပါးသို့ နစ်မြှုပ်သွားရပေသည်။

သတိ
ဆင်ခြင်ကြကုန်လော့
သင်သည် သေရမည်ကား မလွဲ၊ အချိန်ပိုင်းသာ လိုတော့သည်။ အိုဘေး၊ နာဘေး၊ သေဘေးကား အနောက်မှ အဆက်မပြတ် လိုက်နေပြီး ပြေးလို့ မလွတ်ပါ မအိုမီ မနာမီ မသေမီမှာ အတ္တစွဲကို ချွတ်ပါ မာနအပွင့်တွေ အမြန်ချွေနိုင်ပါစေ………
လောဘ ဒေါသ ဆိုတာ ရေသောက်မြစ်တွေ သစ်ပစ်ပါလော့
အနတ္တ ကိုယ်မဟုတ်ဟူသော ဆင်ခြင်တုံတရားကို အမြဲအမြန် ယခုပင် ဆင်ခြင်ပါလော့။

ချိုးဖြူသာသနာပြု အဖေကြီး ဦးအေးဖေ (ဦးအဂ္ဂသာရ) (M.A, B.L.)
သက္ကဝတီချိုးဖြူတောင်၊ တိုက်ကြီးမြို့နယ်

3 comments

  • kopauk mandalay

    September 25, 2010 at 3:23 pm

    တော်သေးတာပေါ့ဆက်ဖတ်မိလို့။
    သုံးပျောက် ခြောက်ကွယ်ဆိုတော့
    နှစ်လုံးဂဏန်းပေးတယ်မှတ်နေတာ။
    တော်သေးလို့ရယ်။

  • Gong Zhu

    September 25, 2010 at 4:33 pm

    သုံး ၊ ခြောက် ၊ ငါး ၊ လေး တဲ့နော် . . .

  • Alinsett @ Maung Thura

    May 7, 2015 at 2:14 pm

    သင်သည် မုချ သေရမည်… အချိန်ပိုင်းသာလိုတော့သည်။

    :mrgreen:

Leave a Reply