Blog ဆိုတာ ဘာများလဲ

Blog ဆိုတဲ့ စကားလုံးက Web နဲ့ Log ဆိုတဲ့ စကားလုံးနှစ်လုံး ပေါင်းစပ်ထားတာပါ။ အသံထွက်အတိုင်း ခေါ်တာကြောင့် Blog လို့ ဖြစ်သွားတာပါ။ ဘလော့ဂ်တစ်ခုက ဝက်ဆိုက်ဒ် အပ်ဒိတ်များ၊ ကိုယ်ပိုင် ဆက်သွယ်ရေးကို ရည်ရွယ်ထားတဲ့ ရေးသားဟန်ပုံစံလိုမျိုး၊ ယဉ်ကျေးမူ ဆန်ဆန် ဒိုင်ယာရီ တစ်အုပ်လိုမျိုး စုစည်း ရေးသားထားတဲ့ အစီအစဉ်တကျ ပုံစံသွင်းထားတဲ့ အတွဲတစ်ခု ဖြစ်ပါတယ်။

ဒီနည်းလမ်းအတိုင်း ဘလော့ဂ် တစ်ခုကို တွေးကြည့်လိုက်ပါ။ အဲဒါက ဝက်ဆိုက်ဒ် အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဘလော့ဂ်အားလုံးက ဝက်ဆိုက်ဒ်များ ဖြစ်ကြပါတယ်။ ( ဆန့်ကျင်ဖက်က မမှန်ကန်ပါဘူး ) ဘလော့ဂ်များကို လုပ်ဆောင်တာက စာကိုယ်များ သို့မဟုတ် ဖန်တီးသူများ မဟုတ်ပါဘူး။ အဲဒါက ထုတ်ဖော်ပြသဖြင်း ဖြစ်ပါတယ်။

ဘလော့ဂ်တစ်ခုက အကြောင်းအရာ အများကြီး ဖြစ်နိုင်ပါတယ်။ ဒိုင်ယာရီ၊ သတင်း အရင်းအမြစ်၊ ဓါတ်ပုံ ပြခန်း၊ ဖွဲ့စည်းထားတဲ့ ဈေးကွက် လက်နက်တစ်ခုတောင် ဖြစ်နိုင်ပါတယ်။ ဘလော့ဂ် စာကိုယ်က စာသားများ၊ ဓါတ်ပုံများ၊ ဂီတသံစဉ်များ နဲ့ ဇာတ်ကားများတောင် ဖြစ်နိုင်ပါတယ်။ ဘလော့ဂ်ဂါများက သင် စိတ်ကူးယဉ်နိုင်တဲ့ ဘယ်အကြောင်းအရာမဆို ပြောဆိုနိုင်ပါတယ်။

ဘလော့ဂ်များ ဝက်ဆိုက်ဒ်တစ်ခုလိုမျိုး ထုတ်ဖော်ပြသခြင်းရဲ့ လူကြိုက်အများဆုံး နည်းလမ်းတစ်ခု ဖြစ်လာရခြင်းရဲ့ အကြောင်းတစ်ခုက မြင့်မားတဲ့ ရှာဖွေရေး အင်ဂျင် အဆင့်များကို ဖော်ထုတ်ရာတွင် အထူးကောင်းမွန်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဘလော့ဂ်တစ်ခုနဲ့ သင် ဆွေးနွေးထားတဲ့ ခေါင်းစဉ်များအတွက် ရှာဖွေမူ ရလဒ်များ စာရင်းတွင် သင် အနေနဲ့ မြင့်မားလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့် တင်ပြချက်များက လတ်ဆတ်ပြီး အချိန်နဲ့ တပြေးညီ ဖြစ်နေတာကြောင့် ပါပဲ။

ရှာဖွေရေး အင်ဂျင်များက မကြာသေးခင်ကမှ ပြန်ပြီး မွမ်းမံထားတဲ့ ဝက်ဘ် စာမျက်နှာများ ဒါမှမဟုတ် ရှာဖွေထားတဲ့ အဓိက စကားလုံးများပေါ်က ဖန်တီးထားတဲ့ ပါဝင်မူများကို ထပ်လောင်း တိုးပေးပါတယ်။ ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ရှာဖွေရေး အင်ဂျင် စာရင်များက လည်ပတ်သူများ၊ စာဖတ်သူများ၊ အကြံပေးချက်များ နဲ့ အရေးကြီးတဲ့ ဆက်သွယ်ရေးကို ပိုပြီး အဓိပ္ပါယ် ရှိ်စေပါတယ်။ တစ်ဦးချင်းစီများနဲ့ ကုမ္မဏီများက ဝက်ဘ် အသုံးပြုသူများဆီကို ရောက်ရှိစေဖို့ ဆက်သွယ်ရေးရဲ့ အားသာချက်ကို လျင်လျင်မြန်မြန် ယူထားကြလို့ပါ။

2 comments

  • HayMonChan

    September 25, 2010 at 5:44 pm

    သိရတဲ ့အတွက်ကျေးဇူးပါ

  • SP

    September 26, 2010 at 6:47 am

    သူများ Blog ဆိုလို ့ ကိုယ်လဲ လိုက်ပြီး ဘလော့ဂ်.. ဘလော့ဂ် .. လိုက်ခေါ်နေတာ.
    အခုမှ သဘောပေါက်တော့တယ်
    Thank you!

Leave a Reply