အိုင်းစတိုင်းရဲ့ ကိုယ်ပွား

အဲဘာ့တ် အိုင်းစတိုင်းက စပီကာရဲ့ ဆာ့ကစ်ပတ်လည်ကို လုပ်နေချိန်တွင် သူက သူ့ ဓါတ်ခွဲခန်းအလုပ်ကို ပြန်ရောက်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို သူကိုယ်တိုင် သိလိုက်တယ်။ တစ်ညတွင် သူတို့ နှစ်ယောက် ညစာ စားပွဲတစ်ခုသို့ မောင်းနေချိန်တွင် အဲဘာ့တ် အိုင်းစတိုင်းက သူ မိန့်ခွန်းပြောဆိုနေရတာကို ငြီးငွေ့နေပြီး ဖြစ်ကြောင်း သူ့ ကိုယ်ပွား ( အဲဘာ့တ် အိုင်းစတိုင်း နှင့် ပုံစံ ၊ အမူအရာ တူသူ ) ကို ဖွင့်ပြောပါတယ်။

သူ့ကိုယ်ပွားက ပြောပါတယ်။

“ကျွန်တော်မှာ အကြံရှိတယ်၊ သူဋ္ဌေး။ ကျွန်တော် ဆရာပြောခဲ့တဲ့ ဒီမိန့်ခွန်းကို အကြိမ်အများကြီး နားထောင် ခဲ့ပြီးပါပြီ။ ဆရာအတွက် ပြောပေးနိုင်မယ်လို့ ကျွန်တော် လောင်းရဲတယ်”

အိုင်းစတိုင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

“ဘာကြောင့် မပြောရမှာလဲ။ လုပ်စမ်းပါ” လို့ ပြောပါတယ်။

သူတို့ နှစ်ယောက် ညစာ စားပွဲကို ရောက်သောအခါ အိုင်းစတိုင်းက ကိုယ်ပွားရဲ့ ဦးထုပ်နဲ့ ဂျာကင်ကို လဲလှယ် ဝတ်ဆင်လိုက်ပြီး အခန်းရဲ့ နောက်ဘက်လောက်တွင် ထိုင်လိုက်တယ်။ သူ့ကိုယ်ပွားက အိုင်းစတိုင်းရဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပြီး ဆရာကျကျနဲ့ မေးခွန်းအနည်းငယ်ကိုတောင် ဖြေပေးခဲ့ပါတယ်။

အဲဒီအချိန်တွင် အလွန်အမင်း ပညာမာနတက်နေတဲ့ ပါမောက္ခတစ်ယောက်က စကားလမ်းကြေင်း လွှဲလိုက်ပြီး ဒြပ်မဲ့ ဖြစ်ပေါ်ပုံအကြောင်း လူအနည်းငယ်သာ နားလည်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ကိုယ်ပွားက ပါမောက္ခကို စူးစူးရဲရဲ ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

“ဆရာ၊ အဲဒီမေးခွန်းရဲ့ အဖြေက အလွန်လွယ်ကူလွန်းတာကြောင့် နောက်မှာ ထိုင်နေတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပွားကို ဖြေခိုင်းလိုက်ပါမယ်။ ငါ့ အစား ဖြေပေးလိုက်ပါ။”